Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၂.၉.၂၀၂၀

– ကူလီေဘလီနဲ႔ အေျပာင္းအေရႊ႕သတင္းေတြကေတာ့ ေတာ္ေတာ္ေလး ေအးခဲစျပဳေနၿပီး နာပုိလီပုိင္ရွင္ ဒီေလာ္ရန္တီးစ္ရဲ႕ ကိုဗစ္ ကူးစက္မွဳေၾကာင့္ ေဆြးေႏြးမွဳေတြက ပုိအဆင္မေျပခ်ိန္မွာ အက္သလက္တီကိုရဲ႕ ဟိုေဆး ဟီမီနက္ဇ္ကိုပဲ ဒုတိယအႀကိမ္ မန္စီးတီးတုိ႔ ကမ္းလွမ္းသြားဖို႔ ရွိေန။

– ေပၚတုိနဲ႔ ခ်ိတ္ဆက္မွဳေတြ ျပဳလုပ္ေနတဲ့ အာဂ်င္တီးနားေနာက္ခံလူ နီကိုလတ္စ္ ေအာ့တာမန္ဒီအတြက္ ႏွစ္ႏွစ္က်န္ စာခ်ဳပ္ကို ဖ်က္သိမ္းေပးဖို႔ ကစားသမားနဲ႔ ေပၚတူဂီကလပ္ဘက္က အလိုရွိေနၿပီး စီးတီးဘက္ကလည္း အသင္းမွာ မလိုအပ္ေတာ့တဲ့ ကစားသမား အတြက္ အသုံးစရိတ္ သက္သာေစဖို႔ စဥ္းစားေပးဖြယ္ရွိ။

– ဒန္နီအင္းစ္ရဲ႕ ဂိုးေတြေၾကာင့္သာ ေဆာက္သမ္တန္အသင္းအေနနဲ႔ လက္ရွိရပ္တည္မွဳကို ျပသႏုိင္ခဲ့တာျဖစ္ၿပီး ဒါေၾကာင့္လည္း သူ႕အေနနဲ႔ PFA မဲေပးမွဳမွာ ဒီ ၂၂ ဂိုးရွင္ တုိက္စစ္မွဴးကို အူဘာမီယန္းအစား ေရြးခ်ယ္ခဲ့တာျဖစ္တယ္လုိ႔ ဒီဘ႐ိုင္းနား ထုတ္ေဖာ္။

– နာပိုလီအသင္းရဲ႕ နည္းျပ ဂ်င္နာ႐ို ဂတ္တူဆိုက ဗဟိုေနာက္ခံလူ ခါလီဒူး ကူလီေဘလီအေနနဲ႔ ကလပ္အသင္းႏွစ္သင္းၾကားမွာ ေျပာင္းေရႊ႕ေၾကးကို သေဘာမတူညီႏုိင္ခဲ့ရင္ ေနပယ္လ္မွာပဲ ဆက္ရွိသြားမွာျဖစ္တယ္လုိ႔ ေျပာၾကား။

– လီဗာပူးလ္အသင္းဟာ ခ်န္ပီယံျဖစ္ၿပီးတဲ့ေနာက္ ကစားသမားေတြကို အားမျဖည့္တဲ့ မန္ခ်က္စတာစီးတီးနဲ႔ တူညီတဲ့ အမွားကို က်ဴးလြန္ ေနတာေၾကာင့္ ဒီရာသီမွာ စီတီဇင္ေတြကပဲ ရာသီကုန္ခ်ိန္မွာ ႏွာတစ္ဖ်ားအသာနဲ႔ ေအာင္ပြဲခံႏုိင္ဖို႔ ရွိေနတယ္လုိ႔ အဂၤလန္ဂႏၴဝင္ တုိက္စစ္မွဴးေဟာင္း ဂယ္ရီ လုိင္နီကာ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကူလီဘေလီနဲ့ အပြောင်းအရွှေ့သတင်းတွေကတော့ တော်တော်လေး အေးခဲစပြုနေပြီး နာပိုလီပိုင်ရှင် ဒီလော်ရန်တီးစ်ရဲ့ ကိုဗစ် ကူးစက်မှုကြောင့် ဆွေးနွေးမှုတွေက ပိုအဆင်မပြေချိန်မှာ အက်သလက်တီကိုရဲ့ ဟိုဆေး ဟီမီနက်ဇ်ကိုပဲ ဒုတိယအကြိမ် မန်စီးတီးတို့ ကမ်းလှမ်းသွားဖို့ ရှိနေ။

– ပေါ်တိုနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ အာဂျင်တီးနားနောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီအတွက် နှစ်နှစ်ကျန် စာချုပ်ကို ဖျက်သိမ်းပေးဖို့ ကစားသမားနဲ့ ပေါ်တူဂီကလပ်ဘက်က အလိုရှိနေပြီး စီးတီးဘက်ကလည်း အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမား အတွက် အသုံးစရိတ် သက်သာစေဖို့ စဉ်းစားပေးဖွယ်ရှိ။

– ဒန်နီအင်းစ်ရဲ့ ဂိုးတွေကြောင့်သာ ဆောက်သမ်တန်အသင်းအနေနဲ့ လက်ရှိရပ်တည်မှုကို ပြသနိုင်ခဲ့တာဖြစ်ပြီး ဒါကြောင့်လည်း သူ့အနေနဲ့ PFA မဲပေးမှုမှာ ဒီ ၂၂ ဂိုးရှင် တိုက်စစ်မှူးကို အူဘာမီယန်းအစား ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒီဘရိုင်းနား ထုတ်ဖော်။

– နာပိုလီအသင်းရဲ့ နည်းပြ ဂျင်နာရို ဂတ်တူဆိုက ဗဟိုနောက်ခံလူ ခါလီဒူး ကူလီဘေလီအနေနဲ့ ကလပ်အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးကို သဘောမတူညီနိုင်ခဲ့ရင် နေပယ်လ်မှာပဲ ဆက်ရှိသွားမှာဖြစ်တယ်လို့ ပြောကြား။

– လီဗာပူးလ်အသင်းဟာ ချန်ပီယံဖြစ်ပြီးတဲ့နောက် ကစားသမားတွေကို အားမဖြည့်တဲ့ မန်ချက်စတာစီးတီးနဲ့ တူညီတဲ့ အမှားကို ကျူးလွန် နေတာကြောင့် ဒီရာသီမှာ စီတီဇင်တွေကပဲ ရာသီကုန်ချိန်မှာ နှာတစ်ဖျားအသာနဲ့ အောင်ပွဲခံနိုင်ဖို့ ရှိနေတယ်လို့ အင်္ဂလန်ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.