Premier League Transfer News

ဂန်းနားတို့ လက်မလွှတ်နိုင်တဲ့သူကိုမှ ပစ်မှတ်ထားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ အီရန်ကို ၆-၂ နဲ့ အင်္ဂလန်အသင်းက အပြတ်အသတ် ချေမှုန်းခဲ့တဲ့ပွဲစဉ်မှာ ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ ယခုရာသီ အာဆင်နယ်ရဲ့ အောင်မြင်မှုမှာလည်း အဓိကသော့ချက်ဖြစ်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလား နားရက်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာက အသင်းအဖြစ် ရပ်တည်နိုင်အောင် သွင်းဂိုး ၄ ဂိုး၊ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ တောင်ပံကြယ်ပွင့်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆာကာရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ဆာကာကို စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲ မဝင်ရောက်ခင် အသင်းမှာ ကာလရှည် ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာဟာ ဆာကာရဲ့ ပရိသတ်အကြီးစားဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ကို ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တဲ့ ရာဟင်း စတားလင်းရဲ့နေရာမှာ အစားထိုးခေါ်ယူဖို့အတွက် အိပ်မက်မက်ရတဲ့ ရွေးချယ်စရာအဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။

တကယ်လို့အာဆင်နယ်အသင်းသာ ဆာကာရဲ့ စာချုပ်သစ်ကိစ္စကို အောင်မြင်အောင် မဆွေးနွေးနိုင်ဘူးဆိုရင် မန်ချက်စတာစီးတီးအသင်းဟာ အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်သွားချင်နေတယ်လို့ ယင်းသတင်းက ထပ်လောင်း ဖော်ပြခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်ကို ချစ်မြတ်နိုးပေမယ့်လည်း အမ်းမရိတ်စ်မှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၇ သောင်းကို ၃ ဆအထိ တိုးမြှင့် ရရှိချင်နေတာဖြစ်ပြီး အာတီတာက စက်တင်ဘာလတုန်းက အကယ်ဒမီထွက်ကြယ်ပွင့်ကစားသမားရဲ့ စာချုပ်သစ် ချုပ်ဆိုမယ့်အလားအလာနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ကလပ်အသင်းအနေနဲ့ ဘူကာယို၊ သူ့မိသားစု၊ သူ့အေးဂျင့်၊ အားလုံးက ကျွန်တော်တို့ အောင်မြင်မှု ရရှိချင်တဲ့အရာနဲ့ အရမ်းကို လိုက်လျောညီထွေမှုရှိတယ်လို့ ကျွန်တော် အရမ်း ယုံကြည်ချက်ရှိပါတယ်။ အခုတော့ စာရွက်ပေါ်မှာ လုပ်ရမယ့်ဟာပဲ ရှိပါတော့တယ်။ ကျွန်တော်တို့ အဲဒါကို ပြီးဆုံးအောင်လုပ်ချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရာသီလယ်မှာ ရှိနေတဲ့အချိန်မှာ ကစားသမားကိုရော ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မဖြစ်စေချင်လို့ပါ။ ဒါပေမယ့်လည်း ဒီလိုအရာတွေက အချိန်ယူရပြီး မှန်ကန်တဲ့လုပ်ငန်းစဉ်အတိုင်း ဖြတ်သန်းသွားရမှပါ။ လုပ်ငန်းစဉ်က တကယ်ကို ကောင်းမွန်နေခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာရဲ႕ အမာခံပရိသတ္ျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အီရန္ကို ၆-၂ နဲ႔ အဂၤလန္အသင္းက အျပတ္အသတ္ ေခ်မႈန္းခဲ့တဲ့ပြဲစဥ္မွာ ကမာၻ႔ဖလားပြဲဦးထြက္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ ယခုရာသီ အာဆင္နယ္ရဲ႕ ေအာင္ျမင္မႈမွာလည္း အဓိကေသာ့ခ်က္ျဖစ္ခဲ့သူျဖစ္ၿပီး ကမာၻ႔ဖလား နားရက္ကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာက အသင္းအျဖစ္ ရပ္တည္ႏိုင္ေအာင္ သြင္းဂိုး ၄ ဂိုး၊ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ၿပီး ကူညီေပးခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ေတာင္ပံၾကယ္ပြင့္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ဆာကာရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း တစ္ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ ဆာကာကို စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ထဲ မဝင္ေရာက္ခင္ အသင္းမွာ ကာလရွည္ ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔အတြက္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ဂြါဒီယိုလာဟာ ဆာကာရဲ႕ ပရိသတ္အႀကီးစားျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ရာဟင္း စတားလင္းရဲ႕ေနရာမွာ အစားထိုးေခၚယူဖို႔အတြက္ အိပ္မက္မက္ရတဲ့ ေ႐ြးခ်ယ္စရာအျဖစ္ ရႈျမင္ထားတယ္လို႔ သိရပါတယ္။

တကယ္လို႔အာဆင္နယ္အသင္းသာ ဆာကာရဲ႕ စာခ်ဳပ္သစ္ကိစၥကို ေအာင္ျမင္ေအာင္ မေဆြးေႏြးႏိုင္ဘူးဆိုရင္ မန္ခ်က္စတာစီးတီးအသင္းဟာ အဂၤလန္ေတာင္ပံကစားသမားကို ေခၚယူႏိုင္ဖို႔အတြက္ လႈပ္ရွားမႈေတြ ျပဳလုပ္သြားခ်င္ေနတယ္လို႔ ယင္းသတင္းက ထပ္ေလာင္း ေဖာ္ျပခဲ့ပါတယ္။

ဆာကာဟာ အာဆင္နယ္ကို ခ်စ္ျမတ္ႏိုးေပမယ့္လည္း အမ္းမရိတ္စ္မွာ ရရွိေနတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၇ ေသာင္းကို ၃ ဆအထိ တိုးျမႇင့္ ရရွိခ်င္ေနတာျဖစ္ၿပီး အာတီတာက စက္တင္ဘာလတုန္းက အကယ္ဒမီထြက္ၾကယ္ပြင့္ကစားသမားရဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ့္အလားအလာနဲ႔ပတ္သက္ၿပီး အခုလို ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ကလပ္အသင္းအေနနဲ႔ ဘူကာယို၊ သူ႔မိသားစု၊ သူ႔ေအးဂ်င့္၊ အားလုံးက ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈ ရရွိခ်င္တဲ့အရာနဲ႔ အရမ္းကို လိုက္ေလ်ာညီေထြမႈရွိတယ္လို႔ ကြၽန္ေတာ္ အရမ္း ယုံၾကည္ခ်က္ရွိပါတယ္။ အခုေတာ့ စာ႐ြက္ေပၚမွာ လုပ္ရမယ့္ဟာပဲ ရွိပါေတာ့တယ္။ ကြၽန္ေတာ္တို႔ အဲဒါကို ၿပီးဆုံးေအာင္လုပ္ခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ရာသီလယ္မွာ ရွိေနတဲ့အခ်ိန္မွာ ကစားသမားကိုေရာ ဘယ္သူ႔ကိုမွ စိတ္အေႏွာင့္အယွက္မျဖစ္ေစခ်င္လို႔ပါ။ ဒါေပမယ့္လည္း ဒီလိုအရာေတြက အခ်ိန္ယူရၿပီး မွန္ကန္တဲ့လုပ္ငန္းစဥ္အတိုင္း ျဖတ္သန္းသြားရမွပါ။ လုပ္ငန္းစဥ္က တကယ္ကို ေကာင္းမြန္ေနခဲ့တယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.