Premier League

အင်္ဂလန်က မခေါ်ခဲ့တဲ့နောက် ပေတေလေလွင့်နေတဲ့ ဆန်ချိုကို စိုးရိမ်နေတဲ့ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် ဂျေဒန် ဆန်ချိုဟာ ဗုဒ္ဓဟူးနေ့ညနေက ဒတ်ချ် အပျော်တမ်းကလပ်အသင်းဖြစ်တဲ့ အိုဂျေစီ ရော့စ်မာလန်အသင်းနဲ့အတူ သီးသန့်လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၇၃ သန်းတန် ကစားသမားခေါ်ယူမှုဟာ နည်းပြ တန်ဟက်လက်အောက် ရာသီပထမပိုင်းကို မတည်ငြိမ်တဲ့ ခြေစွမ်းပြသခဲ့ပြီးနောက် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဆန်ချိုဟာ ကမ္ဘာ့ဖလားအားလပ်ရက်မတိုင်ခင်မှာလည်း နာမကျန်းဖြစ်နေမှုကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ် ၄ ပွဲကိုလည်း လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့အပတ်မှာ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ဖို့ ငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် အင်စတာဂရမ်က ပို့စ်အားလုံးကို ဖျက်ပစ်ပြီး ပရိုဖိုင်အမည်း ပြောင်းလဲခဲ့တာကြောင့် ပရိသတ်တွေ စိတ်ရှုပ်ထွေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့်အပတ် စပိန်နိုင်ငံ၊ ကဒစ်ဇ်မှာ စတင်မယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ဆောင်းရာသီ စခန်းသွင်းလေ့ကျင့်ရေးမတိုင်ခင် နယ်သာလန်နိုင်ငံမှာ ရော့စ်မာလန်အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆန်ချိုဟာ တန်ဟက်ရဲ့ ပုဂ္ဂိုလ်ရေးအရ ထောက်ခံချက်ပေးထားတဲ့ ဒတ်ချ်နည်းပြတွေနဲ့အတူ အလုပ်လုပ်နေတယ်လို့ နားလည်ရပါတယ်။ ရော့စ်မာလန်အသင်းက လူမှုကွန်ရက်ပေါ်မှာ “ကျွန်တော်တို့နဲ့အတူ စိတ်ပျော်ရွှင်စရာလေ့ကျင့်ရေးဆင်းနိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးဆင်းဖို့ အမြဲတမ်း ကြိုဆိုနေပြီး ကောင်းမွန်တဲ့အချိန် ပိုင်ဆိုင်ခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပြီးကတည်းက ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့တဲ့ ဆန်ချိုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေ ရှိနေပြီး ခရစ္စမတ်ကာလအပြီးမှာ ပြီးခဲ့တဲ့ရာသီပထမပိုင်းက ခြေစွမ်းထက် ပိုမိုဆိုးရွားလာမှာနဲ့ပတ်သက်ပြီး ကြောက်ရွံ့မှုတွေ ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳဟာ ဗုဒၶဟူးေန႔ညေနက ဒတ္ခ်္ အေပ်ာ္တမ္းကလပ္အသင္းျဖစ္တဲ့ အိုေဂ်စီ ေရာ့စ္မာလန္အသင္းနဲ႔အတူ သီးသန႔္ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေပါင္ ၇၃ သန္းတန္ ကစားသမားေခၚယူမႈဟာ နည္းျပ တန္ဟက္လက္ေအာက္ ရာသီပထမပိုင္းကို မတည္ၿငိမ္တဲ့ ေျခစြမ္းျပသခဲ့ၿပီးေနာက္ အဂၤလန္ရဲ႕ ကမာၻ႔ဖလားလူစာရင္းမွာ ခ်န္လွပ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ကမာၻ႔ဖလားအားလပ္ရက္မတိုင္ခင္မွာလည္း နာမက်န္းျဖစ္ေနမႈေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္ဆုံးပြဲစဥ္ ၄ ပြဲကိုလည္း လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့အပတ္မွာ အဂၤလန္အသင္းရဲ႕ ကမာၻ႔ဖလားလူစာရင္းမွာ ေ႐ြးခ်ယ္ဖို႔ ျငင္းပယ္ျခင္းခံခဲ့ရၿပီးေနာက္ အင္စတာဂရမ္က ပို႔စ္အားလုံးကို ဖ်က္ပစ္ၿပီး ပ႐ိုဖိုင္အမည္း ေျပာင္းလဲခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ရႈပ္ေထြးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာမယ့္အပတ္ စပိန္ႏိုင္ငံ၊ ကဒစ္ဇ္မွာ စတင္မယ့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေဆာင္းရာသီ စခန္းသြင္းေလ့က်င့္ေရးမတိုင္ခင္ နယ္သာလန္ႏိုင္ငံမွာ ေရာ့စ္မာလန္အသင္းနဲ႔အတူ ေလ့က်င့္ေရး ဆင္းေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ တန္ဟက္ရဲ႕ ပုဂၢိဳလ္ေရးအရ ေထာက္ခံခ်က္ေပးထားတဲ့ ဒတ္ခ်္နည္းျပေတြနဲ႔အတူ အလုပ္လုပ္ေနတယ္လို႔ နားလည္ရပါတယ္။ ေရာ့စ္မာလန္အသင္းက လူမႈကြန္ရက္ေပၚမွာ “ကြၽန္ေတာ္တို႔နဲ႔အတူ စိတ္ေပ်ာ္႐ႊင္စရာေလ့က်င့္ေရးဆင္းႏိုင္ခဲ့တယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔အတူ ေလ့က်င့္ေရးဆင္းဖို႔ အၿမဲတမ္း ႀကိဳဆိုေနၿပီး ေကာင္းမြန္တဲ့အခ်ိန္ ပိုင္ဆိုင္ခဲ့ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္လူစာရင္းမွာ ေ႐ြးခ်ယ္ျခင္း မခံခဲ့ရၿပီးကတည္းက ပုံမွန္မဟုတ္တဲ့ အျပဳအမူေတြ လုပ္ေဆာင္ခဲ့တဲ့ ဆန္ခ်ိဳနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္မႈေတြ ရွိေနၿပီး ခရစၥမတ္ကာလအၿပီးမွာ ၿပီးခဲ့တဲ့ရာသီပထမပိုင္းက ေျခစြမ္းထက္ ပိုမိုဆိုး႐ြားလာမွာနဲ႔ပတ္သက္ၿပီး ေၾကာက္႐ြံ႕မႈေတြ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.