Premier League

သရဲနီတွေနဲ့ သံယောဇဉ်ကြိုးကို ပြန်ဆက်သွယ်ဖို့ ဆန္ဒရှိနေတဲ့ ဒေးဗစ် ဘက်ခမ်း

ဒေးဗစ် ဘက်ခမ်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းသူဖြစ်နိုင်ခြေရှိသူတွေနဲ့ ပူးပေါင်းသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂလေဇာမိသားစုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချသွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပြီး ယခုနှစ်အစောပိုင်း ချဲလ်ဆီးအသင်း ရောင်းချမှုမှာ ပွဲစားလုပ်ပေးခဲ့တဲ့ American Investment bank Raine Group ကို အသင်းရဲ့ အထူးဘဏ္ဍာရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်ရှိမှာ အင်တာ မိုင်ယာမီအသင်းကို ပူးတွဲပိုင်ဆိုင်ထားတဲ့ ဒေးဗစ် ဘက်ခမ်းဟာ မေဂျာလိဂ်ဘောလုံးအသင်းကို လည်ပတ်ရာမှာ ပိုမိုလက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Financial Times ရဲ့ ဖော်ပြချက်အရ ဒေးဗစ် ဘက်ခမ်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူသူဖြစ်နိုင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်သွားဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့ပြီး သရဲနီဂန္တဝင်ဟောင်းဟာ အဲဒီလုပ်ငန်းစုထဲမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘက်ခမ်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက FT ကို အင်္ဂလန်ဂန္တင်ဟာ မကြာသေးမီက မန်ယူနိုက်တက်ကို ဝယ်ယူသူတွေ ဖြစ်နိုင်ခြေရှိသူတွေရဲ့ ချဉ်းကပ်ခြင်းကို ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း ဂလေဇာမိသားစုဟာ အခုအချိန်အထိ အသင်းကို ရောင်းချချင်တယ်ဆိုတဲ့အရိပ်အယောင်မျိုး ဘယ်တုန်းကမှပြသခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဘက်ခမ်းဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၃၉၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အိုးထရက်ဖို့ဒ်က ကစားသမားဘဝ သက်တမ်းတွင်း ဆုဖလား ၁၂ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် အသင်းရဲ့ အမာခံပရိသတ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အသင်းရောင်းချမယ့် လုပ်ငန်းစဉ်နဲ့ နီးစပ်တဲ့ ဘဏ်လုပ်ငန်းရှင်တစ်ဦးက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အမြင့်ဆုံး ပေါင် ၇ ဘီလီယံနဲ့ ရောင်းချနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပြီး ဂလေဇာရဲ့ ယူနိုက်တက်ကို ရောင်းချဖို့ ဆုံးဖြတ်ချက်ဟာ ယခုနှစ်အစောပိုင်းတုန်းက ချဲလ်ဆီးအသင်း ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေအတိုင်းပဲ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေကို ဖြစ်ပေါ်လာစေဖို့ များနေတာ ဖြစ်ပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ ဗြိတိန် ဘီလျံနာ ဆာဂျင်မ် ရက်ကလစ်ဖ်က ပြီးခဲ့တဲ့နွေရာသီမှာ လှုပ်ရှားမှု ပြုလုပ်ဖို့ စဉ်းစားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ငယ်စဉ်ကတည်းက မန်ယူနိုက်တက်ပရိသတ်ဖြစ်ခဲ့တဲ့ ရက်ကလစ်ဖ်ဟာ လိဂန်းကလပ် နိစ်ကို ၂၀၁၉ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့သူ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒးဗစ္ ဘက္ခမ္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဝယ္ယူဖို႔အတြက္ ကမ္းလွမ္းသူျဖစ္ႏိုင္ေျခရွိသူေတြနဲ႔ ပူးေပါင္းသြားခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဂေလဇာမိသားစုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာင္းခ်သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ၿပီး ယခုႏွစ္အေစာပိုင္း ခ်ဲလ္ဆီးအသင္း ေရာင္းခ်မႈမွာ ပြဲစားလုပ္ေပးခဲ့တဲ့ American Investment bank Raine Group ကို အသင္းရဲ႕ အထူးဘ႑ာေရးအႀကံေပးအျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ လက္ရွိမွာ အင္တာ မိုင္ယာမီအသင္းကို ပူးတြဲပိုင္ဆိုင္ထားတဲ့ ေဒးဗစ္ ဘက္ခမ္းဟာ ေမဂ်ာလိဂ္ေဘာလုံးအသင္းကို လည္ပတ္ရာမွာ ပိုမိုလက္ေတြ႕က်တဲ့ ခ်ဥ္းကပ္မႈကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

Financial Times ရဲ႕ ေဖာ္ျပခ်က္အရ ေဒးဗစ္ ဘက္ခမ္းဟာ လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူသူျဖစ္ႏိုင္သူေတြနဲ႔ ေဆြးေႏြးညႇိႏႈိင္သြားဖို႔ ဆႏၵရွိေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး သရဲနီဂႏၲဝင္ေဟာင္းဟာ အဲဒီလုပ္ငန္းစုထဲမွာ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္သြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ဘက္ခမ္းနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ဦးက FT ကို အဂၤလန္ဂႏၲင္ဟာ မၾကာေသးမီက မန္ယူႏိုက္တက္ကို ဝယ္ယူသူေတြ ျဖစ္ႏိုင္ေျခရွိသူေတြရဲ႕ ခ်ဥ္းကပ္ျခင္းကို ခံခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္လည္း ဂေလဇာမိသားစုဟာ အခုအခ်ိန္အထိ အသင္းကို ေရာင္းခ်ခ်င္တယ္ဆိုတဲ့အရိပ္အေယာင္မ်ိဳး ဘယ္တုန္းကမွျပသခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

ဘက္ခမ္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ၃၉၄ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး အိုးထရက္ဖို႔ဒ္က ကစားသမားဘဝ သက္တမ္းတြင္း ဆုဖလား ၁၂ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ အသင္းရဲ႕ အမာခံပရိသတ္အျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အသင္းေရာင္းခ်မယ့္ လုပ္ငန္းစဥ္နဲ႔ နီးစပ္တဲ့ ဘဏ္လုပ္ငန္းရွင္တစ္ဦးက မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အျမင့္ဆုံး ေပါင္ ၇ ဘီလီယံနဲ႔ ေရာင္းခ်ႏိုင္မယ္လို႔ ယုံၾကည္ေနတာ ျဖစ္ၿပီး ဂေလဇာရဲ႕ ယူႏိုက္တက္ကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခ်က္ဟာ ယခုႏွစ္အေစာပိုင္းတုန္းက ခ်ဲလ္ဆီးအသင္း ရင္ဆိုင္ခဲ့ရတဲ့ အေျခအေနအတိုင္းပဲ အၿပိဳင္အဆိုင္ ကမ္းလွမ္းမႈေတြကို ျဖစ္ေပၚလာေစဖို႔ မ်ားေနတာ ျဖစ္ပါတယ္။

The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ၿဗိတိန္ ဘီလ်ံနာ ဆာဂ်င္မ္ ရက္ကလစ္ဖ္က ၿပီးခဲ့တဲ့ေႏြရာသီမွာ လႈပ္ရွားမႈ ျပဳလုပ္ဖို႔ စဥ္းစားခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူဖို႔အတြက္ စိတ္ဝင္စားမႈကို ျပန္လည္အသက္သြင္းခဲ့ၿပီးျဖစ္တယ္လို႔ သိရၿပီး ငယ္စဥ္ကတည္းက မန္ယူႏိုက္တက္ပရိသတ္ျဖစ္ခဲ့တဲ့ ရက္ကလစ္ဖ္ဟာ လိဂန္းကလပ္ နိစ္ကို ၂၀၁၉ ခုႏွစ္ကတည္းက ပိုင္ဆိုင္ထားခဲ့သူ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.