International Match Report World Cup

ကနေဒါကို တစ်ဂိုးတည်းနဲ့သာ အနိုင်ယူခဲ့ရတဲ့ အားမရစရာ ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ဗာတွန်ဂန်၊ အယ်လ်ဒါဗီရယ်လ်၊ ဒန်ဒွန့်ကာတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ ဝစ်ဆယ်လ်၊ တီးလီးမန်းစ်၊ ကာရက်စ်ကိုနဲ့ ကက်စတာညာတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာ ဟာဇတ်၊ ဒီဘရိုင်းနား၊ ဘက်ရွှာယီတို့နဲ့ ခင်းကျင်းလာခဲ့တာ ဖြစ်ပါတယ်။

ကနေဒါတို့ကတော့ ဂိုးသမား ဘော်ယန်၊ ခံစစ်မှာ ဂျွန်စတန်၊ ဗစ်တိုးရီးယား၊ မီးလားတို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ ဟတ်ချင်ဆန်၊ အူစတာကီယို၊ လာရီယာ၊ ဒေးဗီးစ်တို့နဲ့ အထိုင်ချခဲ့ကြပြီး တိုက်စစ်မှာတော့ ဟွိုင်းလက်၊ ဘူချာနန်နဲ့ ဒေးဗစ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ဘယ်လ်ဂျီယမ်တို့အနေနဲ့ ဘောလုံးကိုင်ကစားဖို့ ကြိုးစားလာခဲ့ကြသလို ဘိုင်ယန်မြူးနစ်ရဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ လီလ်တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်တို့ နှစ်ဦးသာ လောက်လောက်လားလားရှိတဲ့ ကနေဒါတို့ကတော့ ကောင်တာတွေကနေပဲ ပြန်လည်ခြိမ်းခြောက်ဖို့ ကြိုးစားနေခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၈ မိနစ်မှာ ဘူချာနန်ရဲ့ ဂိုးဝင်သွားစေနိုင်လောက်တဲ့ ကန်ချက်ကို ဘောလုံးလမ်းကြောင်းထဲမှာ လက်နဲ့ ပုတ်မိတဲ့ ကာရက်စ်ကိုကြောင့် ဘယ်လ်ဂျီယမ်တို့ ပင်နယ်တီပေးခဲ့ရပြီး ကနေဒါတို့ဘက်က ဒေးဗီးစ်ရဲ့ ကန်ချက်က ရိုးလွန်းခဲ့တာကြောင့် ဂိုးသမား ကူတွာ ကာကွယ်သွားနိုင်ခဲ့လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရတာပါ။

ဘောလုံးကိုင်ကစားပြီး ပိုင်မှ အလုပ်လုပ်တဲ့ ဘယ်လ်ဂျီယမ်တို့ထက် ကောင်တာကနေ ရတာနဲ့ ဂိုးရှေ့ပို့တဲ့ ကနေဒါတို့က ဒီနေ့မှာ ဂိုးကန်သွင်းခွင့် ပိုမိုရရှိခဲ့ပြီး အလျင်အမြန် ကစားနေတဲ့ ကနေဒါတို့ကို ဘယ်လ်ဂျီယမ်တို့အနေနဲ့ Tempo ချပစ်ပြီး ထိန်းကစားဖို့ တော်တော်လေး ခက်ခဲနေခဲ့သလို ဂိုးသမား ကူတွာ အလုပ်များနေခဲ့ရတာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ဘယ်လ်ဂျီယမ်တို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ အယ်လ်ဒါဗီရယ်လ်က ကနေဒါနောက်တန်းအပေါ်ကို ကန်တင်ပေးလိုက်ရာမှာ ဘယ်သူမှ မဖျက်နိုင်ခဲ့တာကို အခွင့်ကောင်းယူသွားခဲ့တဲ့ တိုက်စစ်မှူး ဘက်ရွှာယီက ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့လို့ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ကွင်းလယ်မှာ လိုက်အားဖျက်အား မရှိတဲ့ တီးလီးမန်းစ်အစား အိုနာနာနဲ့ အဝါထိထားတဲ့ ကာရက်စ်ကိုနေရာမှာ မူနီယေးတို့ကို ဘယ်လ်ဂျီယမ်တို့ဘက်က ထည့်သွင်းလာခဲ့ကြသလို ကနေဒါတို့ကတော့ ဆက်လက်တိုက်စစ်ဆင် ကစားနေခဲ့ပါတယ်။

ဒါပေမယ့် ဂိုးရှေ့ရောက်တာနဲ့ ထိရောက်တဲ့ Final Product တွေ မလုပ်နိုင်ဘဲ ဖန်တီးမှုရော အဆုံးသတ်ပိုင်းပါ အဆင်မပြေခဲ့တဲ့ ကနေဒါတိုက်စစ်ကြောင့် ဂိုးပြန်ရဖို့ ခက်နေခဲ့သလို ဘယ်လ်ဂျီယမ်ဘက်က ဒီဘရိုင်းနား၊ ဟာဇတ်တို့နဲ့ ဘက်ရွှာယီတို့ကလည်း အစေးမကပ်ခဲ့တာကြောင့် ပွဲရလဒ်ကို စိတ်ချရဖို့ ဟာဇတ်နဲ့ ဘက်ရွှာယီအစား ထရော့ဆတ်နဲ့ အိုပင်ဒါတို့ကို ထည့်ခဲ့ပေမယ့် ဘာမှတော့ ထပ်ထူးမလာခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘယ်လ်ဂျီယမ်တို့က ကနေဒါတို့အပေါ် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပထမပိုင်းက ရလဒ်အတိုင်း အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး လက်ရှိ ခြေစွမ်းအရတော့ ဘယ်လ်ဂျီယမ်တို့အနေနဲ့ ချန်ပီယံလောင်းတွေကြား တစ်ဆင့်နိမ့်နေခဲ့ချိန်မှာ ကနေဒါတို့ကတော့ မထင်ရင် မထင်သလို ဒုက္ခပေးနိုင်တဲ့ လျင်မြန်မှုမျိုးတွေနဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြလာနိုင်ဖို့ မျှော်လင့်ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘယ္လ္ဂ်ီယမ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ ဗာတြန္ဂန္၊ အယ္လ္ဒါဗီရယ္လ္၊ ဒန္ဒြန႔္ကာတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာ ဝစ္ဆယ္လ္၊ တီးလီးမန္းစ္၊ ကာရက္စ္ကိုနဲ႔ ကက္စတာညာတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာ ဟာဇတ္၊ ဒီဘ႐ိုင္းနား၊ ဘက္႐ႊာယီတို႔နဲ႔ ခင္းက်င္းလာခဲ့တာ ျဖစ္ပါတယ္။

ကေနဒါတို႔ကေတာ့ ဂိုးသမား ေဘာ္ယန္၊ ခံစစ္မွာ ဂြၽန္စတန္၊ ဗစ္တိုးရီးယား၊ မီးလားတို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟတ္ခ်င္ဆန္၊ အူစတာကီယို၊ လာရီယာ၊ ေဒးဗီးစ္တို႔နဲ႔ အထိုင္ခ်ခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဟြိဳင္းလက္၊ ဘူခ်ာနန္နဲ႔ ေဒးဗစ္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ဘယ္လ္ဂ်ီယမ္တို႔အေနနဲ႔ ေဘာလုံးကိုင္ကစားဖို႔ ႀကိဳးစားလာခဲ့ၾကသလို ဘိုင္ယန္ျမဴးနစ္ရဲ႕ အယ္လ္ဖြန္ဆို ေဒးဗီးစ္နဲ႔ လီလ္တိုက္စစ္မႉး ဂ်ိဳနသန္ ေဒးဗစ္တို႔ ႏွစ္ဦးသာ ေလာက္ေလာက္လားလားရွိတဲ့ ကေနဒါတို႔ကေတာ့ ေကာင္တာေတြကေနပဲ ျပန္လည္ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားေနခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာ ဘူခ်ာနန္ရဲ႕ ဂိုးဝင္သြားေစႏိုင္ေလာက္တဲ့ ကန္ခ်က္ကို ေဘာလုံးလမ္းေၾကာင္းထဲမွာ လက္နဲ႔ ပုတ္မိတဲ့ ကာရက္စ္ကိုေၾကာင့္ ဘယ္လ္ဂ်ီယမ္တို႔ ပင္နယ္တီေပးခဲ့ရၿပီး ကေနဒါတို႔ဘက္က ေဒးဗီးစ္ရဲ႕ ကန္ခ်က္က ႐ိုးလြန္းခဲ့တာေၾကာင့္ ဂိုးသမား ကူတြာ ကာကြယ္သြားႏိုင္ခဲ့လို႔ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရတာပါ။

ေဘာလုံးကိုင္ကစားၿပီး ပိုင္မွ အလုပ္လုပ္တဲ့ ဘယ္လ္ဂ်ီယမ္တို႔ထက္ ေကာင္တာကေန ရတာနဲ႔ ဂိုးေရွ႕ပို႔တဲ့ ကေနဒါတို႔က ဒီေန႔မွာ ဂိုးကန္သြင္းခြင့္ ပိုမိုရရွိခဲ့ၿပီး အလ်င္အျမန္ ကစားေနတဲ့ ကေနဒါတို႔ကို ဘယ္လ္ဂ်ီယမ္တို႔အေနနဲ႔ Tempo ခ်ပစ္ၿပီး ထိန္းကစားဖို႔ ေတာ္ေတာ္ေလး ခက္ခဲေနခဲ့သလို ဂိုးသမား ကူတြာ အလုပ္မ်ားေနခဲ့ရတာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန အယ္လ္ဒါဗီရယ္လ္က ကေနဒါေနာက္တန္းအေပၚကို ကန္တင္ေပးလိုက္ရာမွာ ဘယ္သူမွ မဖ်က္ႏိုင္ခဲ့တာကို အခြင့္ေကာင္းယူသြားခဲ့တဲ့ တိုက္စစ္မႉး ဘက္႐ႊာယီက ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့လို႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ကြင္းလယ္မွာ လိုက္အားဖ်က္အား မရွိတဲ့ တီးလီးမန္းစ္အစား အိုနာနာနဲ႔ အဝါထိထားတဲ့ ကာရက္စ္ကိုေနရာမွာ မူနီေယးတို႔ကို ဘယ္လ္ဂ်ီယမ္တို႔ဘက္က ထည့္သြင္းလာခဲ့ၾကသလို ကေနဒါတို႔ကေတာ့ ဆက္လက္တိုက္စစ္ဆင္ ကစားေနခဲ့ပါတယ္။

ဒါေပမယ့္ ဂိုးေရွ႕ေရာက္တာနဲ႔ ထိေရာက္တဲ့ Final Product ေတြ မလုပ္ႏိုင္ဘဲ ဖန္တီးမႈေရာ အဆုံးသတ္ပိုင္းပါ အဆင္မေျပခဲ့တဲ့ ကေနဒါတိုက္စစ္ေၾကာင့္ ဂိုးျပန္ရဖို႔ ခက္ေနခဲ့သလို ဘယ္လ္ဂ်ီယမ္ဘက္က ဒီဘ႐ိုင္းနား၊ ဟာဇတ္တို႔နဲ႔ ဘက္႐ႊာယီတို႔ကလည္း အေစးမကပ္ခဲ့တာေၾကာင့္ ပြဲရလဒ္ကို စိတ္ခ်ရဖို႔ ဟာဇတ္နဲ႔ ဘက္႐ႊာယီအစား ထေရာ့ဆတ္နဲ႔ အိုပင္ဒါတို႔ကို ထည့္ခဲ့ေပမယ့္ ဘာမွေတာ့ ထပ္ထူးမလာခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔က ကေနဒါတို႔အေပၚ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပထမပိုင္းက ရလဒ္အတိုင္း ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး လက္ရွိ ေျခစြမ္းအရေတာ့ ဘယ္လ္ဂ်ီယမ္တို႔အေနနဲ႔ ခ်န္ပီယံေလာင္းေတြၾကား တစ္ဆင့္နိမ့္ေနခဲ့ခ်ိန္မွာ ကေနဒါတို႔ကေတာ့ မထင္ရင္ မထင္သလို ဒုကၡေပးႏိုင္တဲ့ လ်င္ျမန္မႈမ်ိဳးေတြနဲ႔ ကမာၻ႔ဖလားမွာ ေျခစြမ္းျပလာႏိုင္ဖို႔ ေမွ်ာ္လင့္ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.