International Match Report World Cup

ကမ္ဘာ့ဖလားမှာ အားလုံးထက် ခေါင်းတစ်လုံးသာအောင် ခုနစ်ဂိုးသွင်းပြလိုက်တဲ့ စပိန်

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ ရိုဒရီ၊ လာပေါ့တ်၊ ဂျော်ဒီ အယ်လ်ဘာနဲ့ အက်ဇ်ပီလီကွေတာတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ပက်ဒရီနဲ့ ဂါဗီတို့ကို အထိုင်ချခဲ့သလို ဒါနီ အိုလ်မို၊ ဖယ်ရန် တောရက်စ်နဲ့ မားကို အဆန်စီယိုတို့ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ကော့စတာရီကာအသင်းကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ကယ်လ်ဗို၊ ဒူယာတေး၊ မာတီနက်ဇ်နဲ့ အိုဗီယေးဒိုတို့ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ တီဟီဒါ၊ ဘော့ဂျက်စ်၊ ဖူးလား၊ ဘင်းနက်တို့နဲ့ စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ကမ်းဘဲလ်နဲ့ ကွန်ထရာရက်စ်တို့ကို တင်ကစားခဲ့တာပါ။

ပွဲစတာနဲ့ စပိန်တို့ ဘောလုံးကိုင်ကစားနိုင်ခဲ့ကြပြီး ကွင်းလယ်မှာ ကော့စတာရီကာကို အသာစီးယူထားခဲ့သလို အသင်းရဲ့ တစ်ဦးတည်းသော ထိပ်တန်းကစားသမားဖြစ်တဲ့ ဂိုးသမား နာဗက်စ်ကို အမျိုးမျိုး သွေးတိုးစမ်းနေခဲ့ကြပြီး လွဲချော်မှုတချို့ကြောင့်သာ စောစောစီးစီး ဂိုးမရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာကတည်းက စပိန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂါဗီက ဧရိယာထဲကို ကျော်ချပေးတဲ့ ဘောလုံးကို ဒါနီ အိုလ်မိုက နေရာလွတ်ထဲ ပြေးဝင်ပြီး ကော့စတာရီကာနောက်ခံလူနှစ်ယောက်နဲ့ ယှဉ်လုပြီးမှ သွင်းယူနိုင်ခဲ့လို့ နာမည်ကြီး အနီရောင်တွေ ဦးဆောင်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ စပိန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘူးစ်ကွက်စ်က ဘယ်ခြမ်းကို လှမ်းတင်ပေးတဲ့ ဘောလုံးကို ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာက ဧရိယာထဲကို ဖြတ်တင်ပေးခဲ့တာကို မားကို့စ် အဆန်စီယိုက Volley ကန်သွင်းခဲ့ရာမှာ ဂိုးသမား နာဗက်စ် ကာကွယ်ပုံ နှေးနေခဲ့လို့ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ စပိန်တို့ တတိယ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ ဂျော်ဒီ အယ်လ်ဘာကို ဘောလုံးမထိဘဲ ခြေချိတ်ခဲ့မိတဲ့ ကော့စတာရီကာနောက်ခံလူ ဒူယာတေးကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဖယ်ရန် တောရက်စ်က တစ်ချက် ခုန်ပြီး ဂိုးသမား နာဗက်စ် ဒိုက်အပစ်မှာ ဆန့်ကျင်ဘက်ကို ကန်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ စပိန်တို့က ကော့စတာရီကာတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း စပိန်တို့ပဲ ဘောလုံးပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်းအထိ ရယူပြီး ပွဲကို ထိန်းချုပ်ကစားသွားခဲ့သလို မြောက်အမေရိက ကိုယ်စားပြု ကော့စတာရီကာတို့ကတော့ ဂိုးပေါက်တည့်ဖို့ နေနေသာသာ ဂိုးကန်သွင်းခွင့်တောင် တစ်ကြိမ်မှ မရရှိခဲ့တဲ့အထိ အဖြစ်ဆိုးသွားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ စပိန်တို့ပဲ ဒုတိယပိုင်း ဂိုးအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြန်ပြီး ဒီစတုတ္ထမြောက် ဂိုးကိုတော့ ညာခြမ်းကနေ ဂါဗီ ကန်တင်ပေးတာကို ဧရိယာထဲမှာ ရယူခဲ့တဲ့ ဖယ်ရန် တောရက်စ်ရဲ့ အထိန်းအသိမ်းက မကောင်းခဲ့ပေမယ့် ကော့စတာရီကာခံစစ်မှူး အိုဗီယေးဒိုရဲ့ သူ့လူ ကိုယ့်ဘက်သားလုပ်ပြီး ဂိုးသမားကိုတောင် ကွယ်ပေးခဲ့တာကြောင့် အခွင့်အရေး ထပ်ရခဲ့တဲ့ ဖယ်ရန် တောရက်စ်က ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ ပက်ဒရီနဲ့ ဖယ်ရန် တောရက်စ်တို့အစား ကားလို့စ် ဆိုလာနဲ့ မိုရာတာတို့ ဝင်လာခဲ့ကြပြီး ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ ဘူးစ်ကွက်စ်၊ ဂျော်ဒီ အယ်လ်ဘာနဲ့ အဆန်စီယိုတို့အစား ကိုကီ၊ အဲလက်စ် ဘာလ်ဒီနဲ့ နီကို ဝီလီယမ်စ်တို့ကို စပိန်တို့ဘက်က လူစားပြောင်းလဲသွားခဲ့သလို ကော့စတာရီကာတို့ကတော့ ခံစစ်အတွက်ပဲ လူစားလဲမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ စပိန်တို့ပဲ ပဉ္စမမြောက်ဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အဲလက်စ် ဘာလ်ဒီ တစ်ကိုယ်တော် ဆွဲပြေးပြီး ဖြတ်တင်တာက ခံစစ်နဲ့ မလွတ်ဘဲ ပြန်ထွက်လာတာကို မိုရာတာက လိုက်လံရယူပြီး ဧရိယာထိပ်ကို ပြန်ချပေးရာမှာ ဂါဗီက ပြေးပြေးကန်ကန်နဲ့ Half Volley ကန်သွင်းသွားခဲ့လို့ ဂိုးသမား နာဗက်စ် အငိုက်မိပြီး ငါးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ စပိန်တို့ ဂိုးဒါဇင်ဝက် ပြည့်သွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဂါဗီ ဖြန့်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းက နီကို ဝီလီယမ်စ်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးခဲ့ရာမှာ ဂိုးသမား နာဗက်စ် ဒိုက်ထိုးပြီး ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က ပြေးဝင်လာတဲ့ သူ့ရဲ့ PSG အသင်းဖော် ကားလို့စ် ဆိုလာက အနီးကပ် ပိတ်သွင်းယူသွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ စပိန်တို့ သတ္တမမြောက်ဂိုးနဲ့ ဂိုးသွင်းစွမ်းရည်ကို နောက်တစ်ကြိမ် ပြသနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ နီကို ဝီလီယမ်စ် ပေးတာကို ရသွားတဲ့ မိုရာတာက ဒါနီ အိုလ်မိုနဲ့ ဝမ်းတူးရိုက်ထွက်ပြီး ကော့စတာရီကာခံစစ်ကို မျက်လှည့်ပြနိုင်ခဲ့အပြီးမှာ ဘယ်ဘက် တိုင်ခြေကို အနိမ့်ဘော ကန်သွင်းပြီး လူစားဝင်လာခဲ့ပြီးကတည်းက လွဲချော်နေသမျှကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပိန်တို့အနေနဲ့ ကော့စတာရီကာကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူနိုင်ခဲ့ကြပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားရဲ့ ဂိုးအပြတ်ဆုံး နိုင်ပွဲကို ဖန်တီးရယူသွားနိုင်ခဲ့ကြသလို အုပ်စု(E)မှာ ဂျာမနီကို အနိုင်ယူခဲ့တဲ့ ဂျပန်တို့အထက်က ဂိုးကွာခြားချက်နဲ့ ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္မွာ ႐ိုဒရီ၊ လာေပါ့တ္၊ ေဂ်ာ္ဒီ အယ္လ္ဘာနဲ႔ အက္ဇ္ပီလီေကြတာတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ပက္ဒရီနဲ႔ ဂါဗီတို႔ကို အထိုင္ခ်ခဲ့သလို ဒါနီ အိုလ္မို၊ ဖယ္ရန္ ေတာရက္စ္နဲ႔ မားကို အဆန္စီယိုတို႔ကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ေကာ့စတာရီကာအသင္းကေတာ့ ဂိုးသမား ကီေလာ္ နာဗက္စ္၊ ခံစစ္မွာ ကယ္လ္ဗို၊ ဒူယာေတး၊ မာတီနက္ဇ္နဲ႔ အိုဗီေယးဒိုတို႔ကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ တီဟီဒါ၊ ေဘာ့ဂ်က္စ္၊ ဖူးလား၊ ဘင္းနက္တို႔နဲ႔ စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ကမ္းဘဲလ္နဲ႔ ကြန္ထရာရက္စ္တို႔ကို တင္ကစားခဲ့တာပါ။

ပြဲစတာနဲ႔ စပိန္တို႔ ေဘာလုံးကိုင္ကစားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္မွာ ေကာ့စတာရီကာကို အသာစီးယူထားခဲ့သလို အသင္းရဲ႕ တစ္ဦးတည္းေသာ ထိပ္တန္းကစားသမားျဖစ္တဲ့ ဂိုးသမား နာဗက္စ္ကို အမ်ိဳးမ်ိဳး ေသြးတိုးစမ္းေနခဲ့ၾကၿပီး လြဲေခ်ာ္မႈတခ်ိဳ႕ေၾကာင့္သာ ေစာေစာစီးစီး ဂိုးမရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာကတည္းက စပိန္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂါဗီက ဧရိယာထဲကို ေက်ာ္ခ်ေပးတဲ့ ေဘာလုံးကို ဒါနီ အိုလ္မိုက ေနရာလြတ္ထဲ ေျပးဝင္ၿပီး ေကာ့စတာရီကာေနာက္ခံလူႏွစ္ေယာက္နဲ႔ ယွဥ္လုၿပီးမွ သြင္းယူႏိုင္ခဲ့လို႔ နာမည္ႀကီး အနီေရာင္ေတြ ဦးေဆာင္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ စပိန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘူးစ္ကြက္စ္က ဘယ္ျခမ္းကို လွမ္းတင္ေပးတဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ ေဂ်ာ္ဒီ အယ္လ္ဘာက ဧရိယာထဲကို ျဖတ္တင္ေပးခဲ့တာကို မားကို႔စ္ အဆန္စီယိုက Volley ကန္သြင္းခဲ့ရာမွာ ဂိုးသမား နာဗက္စ္ ကာကြယ္ပုံ ေႏွးေနခဲ့လို႔ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ စပိန္တို႔ တတိယ အႏိုင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲ ဆြဲဝင္လာခဲ့တဲ့ ေဂ်ာ္ဒီ အယ္လ္ဘာကို ေဘာလုံးမထိဘဲ ေျခခ်ိတ္ခဲ့မိတဲ့ ေကာ့စတာရီကာေနာက္ခံလူ ဒူယာေတးေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဖယ္ရန္ ေတာရက္စ္က တစ္ခ်က္ ခုန္ၿပီး ဂိုးသမား နာဗက္စ္ ဒိုက္အပစ္မွာ ဆန႔္က်င္ဘက္ကို ကန္သြင္းယူႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ စပိန္တို႔က ေကာ့စတာရီကာတို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း စပိန္တို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈ ၈၂ ရာခိုင္ႏႈန္းအထိ ရယူၿပီး ပြဲကို ထိန္းခ်ဳပ္ကစားသြားခဲ့သလို ေျမာက္အေမရိက ကိုယ္စားျပဳ ေကာ့စတာရီကာတို႔ကေတာ့ ဂိုးေပါက္တည့္ဖို႔ ေနေနသာသာ ဂိုးကန္သြင္းခြင့္ေတာင္ တစ္ႀကိမ္မွ မရရွိခဲ့တဲ့အထိ အျဖစ္ဆိုးသြားခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ စပိန္တို႔ပဲ ဒုတိယပိုင္း ဂိုးအခမ္းအနားကို စတင္ဖြင့္လွစ္ခဲ့ျပန္ၿပီး ဒီစတုတၳေျမာက္ ဂိုးကိုေတာ့ ညာျခမ္းကေန ဂါဗီ ကန္တင္ေပးတာကို ဧရိယာထဲမွာ ရယူခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္ရဲ႕ အထိန္းအသိမ္းက မေကာင္းခဲ့ေပမယ့္ ေကာ့စတာရီကာခံစစ္မႉး အိုဗီေယးဒိုရဲ႕ သူ႔လူ ကိုယ့္ဘက္သားလုပ္ၿပီး ဂိုးသမားကိုေတာင္ ကြယ္ေပးခဲ့တာေၾကာင့္ အခြင့္အေရး ထပ္ရခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္က ကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ ပက္ဒရီနဲ႔ ဖယ္ရန္ ေတာရက္စ္တို႔အစား ကားလို႔စ္ ဆိုလာနဲ႔ မိုရာတာတို႔ ဝင္လာခဲ့ၾကၿပီး ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္မွာေတာ့ ဘူးစ္ကြက္စ္၊ ေဂ်ာ္ဒီ အယ္လ္ဘာနဲ႔ အဆန္စီယိုတို႔အစား ကိုကီ၊ အဲလက္စ္ ဘာလ္ဒီနဲ႔ နီကို ဝီလီယမ္စ္တို႔ကို စပိန္တို႔ဘက္က လူစားေျပာင္းလဲသြားခဲ့သလို ေကာ့စတာရီကာတို႔ကေတာ့ ခံစစ္အတြက္ပဲ လူစားလဲမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ စပိန္တို႔ပဲ ပၪၥမေျမာက္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အဲလက္စ္ ဘာလ္ဒီ တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး ျဖတ္တင္တာက ခံစစ္နဲ႔ မလြတ္ဘဲ ျပန္ထြက္လာတာကို မိုရာတာက လိုက္လံရယူၿပီး ဧရိယာထိပ္ကို ျပန္ခ်ေပးရာမွာ ဂါဗီက ေျပးေျပးကန္ကန္နဲ႔ Half Volley ကန္သြင္းသြားခဲ့လို႔ ဂိုးသမား နာဗက္စ္ အငိုက္မိၿပီး ငါးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ စပိန္တို႔ ဂိုးဒါဇင္ဝက္ ျပည့္သြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ဂါဗီ ျဖန႔္ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းက နီကို ဝီလီယမ္စ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့ရာမွာ ဂိုးသမား နာဗက္စ္ ဒိုက္ထိုးၿပီး ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ေျပးဝင္လာတဲ့ သူ႔ရဲ႕ PSG အသင္းေဖာ္ ကားလို႔စ္ ဆိုလာက အနီးကပ္ ပိတ္သြင္းယူသြားႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ စပိန္တို႔ သတၱမေျမာက္ဂိုးနဲ႔ ဂိုးသြင္းစြမ္းရည္ကို ေနာက္တစ္ႀကိမ္ ျပသႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန နီကို ဝီလီယမ္စ္ ေပးတာကို ရသြားတဲ့ မိုရာတာက ဒါနီ အိုလ္မိုနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ေကာ့စတာရီကာခံစစ္ကို မ်က္လွည့္ျပႏိုင္ခဲ့အၿပီးမွာ ဘယ္ဘက္ တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းၿပီး လူစားဝင္လာခဲ့ၿပီးကတည္းက လြဲေခ်ာ္ေနသမွ်ကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စပိန္တို႔အေနနဲ႔ ေကာ့စတာရီကာကို ခုနစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူႏိုင္ခဲ့ၾကၿပီး ၂၀၂၂ ကာတာ ကမာၻ႔ဖလားရဲ႕ ဂိုးအျပတ္ဆုံး ႏိုင္ပြဲကို ဖန္တီးရယူသြားႏိုင္ခဲ့ၾကသလို အုပ္စု(E)မွာ ဂ်ာမနီကို အႏိုင္ယူခဲ့တဲ့ ဂ်ပန္တို႔အထက္က ဂိုးကြာျခားခ်က္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.