International Match Report World Cup

JAV ကိုက်ထားသလား မှတ်ရတဲ့ ဂျာမနီကို ဒုတိယပိုင်းမှာ အပိုင်ရိုက်ချလိုက်တဲ့ ဂျပန်

ဂျာမနီအသင်းအနေနဲ့ ဂိုးသမား နွိုင်ယာ၊ ခံစစ်မှာ ရှလော့တာဘက်ခ်၊ ရူဒီဂါ၊ ဆူးလားနဲ့ ရောင်းမ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂွန်ဒိုးဝမ်နဲ့ မူလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မူစီယာလာ၊ ဂနာဘရီနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဂျပန်အသင်းကတော့ ဂိုးသမား ဂွန်ဒါ၊ ခံစစ်မှာ အီတာကူရာ၊ ယိုရှီဒါ၊ ဆာကာအီနဲ့ နာဂါတိုမိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အန်ဒို၊ တာနာကား၊ အီတို၊ ကာမာဒါနဲ့ ကူဘိုတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ မာအဲဒါတစ်ယောက်တည်းကို တင်ကစားလာခဲ့ပြီး စောစာစီးစီးမှာကတည်းက မာအဲဒါက ဘောလုံးကို ဂိုးပိုက်ထဲ အရောက်ပို့နိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရတာပါ။

ပွဲချိန် ၃၃ မိနစ်မှာ ဂျာမနီတို့ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်တဲ့ နောက်ခံလူ ရောင်းမ်ကို ဂျပန် ဂိုးသမား ဂွန်ဒါက ခြေချိတ်မိလို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို ကွင်းလယ်လူ ဂွန်ဒိုးဝမ်က ဂိုးသမား ဒိုက်ပစ်တဲ့ ညာဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာ ဂျာမနီတို့အတွက် နောက်ထပ်တစ်ဂိုးကို ကင်းမစ်ချ်ရဲ့ ကန်ချက် ပြန်ထွက်လာတာကို ဘယ်ခြမ်းကနေ ဂနာဘရီက ချိုးပေးရာမှာ ဂိုးတိုင်နားမှာ အဆင်သင့် နေရာယူထားခဲ့တဲ့ တိုက်စစ်မှူး ဟာဗတ်ဇ်က ပိတ်သွင်းယူနိုင်ခဲ့ပေမယ့် အနည်းငယ် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ဂျပန်တို့ သက်သာခွင့်ရခဲ့တာပါ။

ပထမပိုင်းမှာ ဂျာမနီတို့က ဂျပန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းပြန်အစမှာတော့ ဂျပန်တို့က ကူဘိုအစား တိုမီယာစုကို ထည့်သွင်းပြီး ခံစစ်ကို ပိုမိုစိတ်ချရအောင် ပြင်ဆင်လာခဲ့သလို ဂျာမနီတို့ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီး ဂိုးထပ်ရနိုင်ဖို့ပဲ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာ ဂျပန်တို့က တိုက်စစ်ကို ပြောင်းလဲဖို့အတွက် မာအဲဒါနဲ့ နာဂါတိုမိုတို့ကို ထုတ်ပြီး အာဆာနိုနဲ့ မီတိုမာတို့ကို ထည့်သွင်းခဲ့သလို ကစားသမားသစ်တွေနဲ့ လူဟောင်းတွေကြား ထင်သလောက် စည်းလုံးမှုနဲ့ အတွဲအဖက်ညီမှုကို မပြနိုင်ခဲ့တဲ့ ဂျာမနီတို့ကတော့ တိုက်စစ်မှာ အလုပ်မဖြစ်တဲ့ မူလာနဲ့ ကွင်းလယ်က အဖွင့်ဂိုးရှင် ဂွန်ဒိုးဝမ်တို့အစား ဟော့ဖ်မန်းနဲ့ ဂေါ်ရက်ဇ်ကာတို့ကို လဲကစားသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဂျာမန်တို့ရဲ့ ဘောလုံးကိုင်ကစားတဲ့ ကွင်းလယ်ကို ပြန်လည်ဖောက်ထွက်နိုင်ဖို့ တာနာကားနဲ့ ဆာကာအီတို့အစား ဥရောပ အတွေ့အကြုံရင့် ကစားသမားတွေဖြစ်ကြတဲ့ ဒိုအန်နဲ့ မီနာမီနိုတို့ကို ထည့်သွင်းခဲ့တာက ဂျပန်နည်းပြ မိုရီယာစုရဲ့ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ခဲ့ပြီး ပွဲအဖြေကို ပြောင်းပြန်လှန်နိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ဂျပန်တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မီတိုမာ ခင်းပေးတာကို မီနာမီနိုက အနိမ့်ဘော ဖြတ်ကန်သွင်းရာမှာ ဂိုးသမား နွိုင်ယာ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် အစောပိုင်း မိနစ်တချို့ကလို ဂျပန်တို့ မလွဲတော့ဘဲ နောက်က လိုက်တာခဲ့တဲ့ ဒိုအန်က ဂိုးရှေ့တည့်တည့်ကနေ အပိုင်ကန်သွင်းယူသွားနိုင်ခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာ ဂျပန်တို့ပဲ နောက်ထပ် တစ်ဂိုးသွင်းယူပြီး အနိုင်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ နောက်ခံအလယ်လူ အီတာကူရာက ညာခြမ်းကို ကန်တင်လိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး အာဆာနိုက လိုက်လံရယူပြီး ဂျာမနီနောက်ခံလူ ရှလော့တာဘက်ခ်ရဲ့ ဖိအားပေးမှုကို တောင့်ခံပြီးမှ ထောင့်ပိတ်ရင်း ထိုင်ချတဲ့ ဂိုးသမား နွိုင်ယာရဲ့ အပေါ်ကို ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အနိုင်ကနေ အရှုံးဘက်ကို ရောက်သွားခဲ့လို့ ဂျာမန်နည်းပြ ဟန်ဆီ ဖလစ်ခ်အနေနဲ့ လက်ကျန်ပွဲချိန်တွေမှာ အနိုင်ဂိုး ပြန်ရှာနိုင်ဖို့ ဟာဗတ်ဇ်၊ မူစီယာလာနဲ့ ဂနာဘရီတို့အစား ဖူးလ်ကရပ်ခ်၊ ဂေါ့ဇားနဲ့ မူကိုကိုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ပွဲချိန်ပြည့်လို့ နာကျင်အချိန်ပို ၇ မိနစ်အထိ ဂျပန်တို့က အနိုင်ဂိုးကို ထိန်းကစားသွားနိုင်ခဲ့ကြတာပါ။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ဂျပန်တို့အတွက် မှတ်မှတ်ထင်ထင် အောင်ပွဲကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဂျာမနီတို့အပေါ် ပွဲသိမ်းရယူသွားနိုင်ခဲ့ကြပြီး အာရှရဲ့ ဘောလုံးအဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့သလို ဆော်ဒီနဲ့ အာဂျင်တီးနားတို့ ပွဲကလိုပဲ ပရိသတ်တွေအတွက်တော့ အသင်းငယ်တစ်သင်းရဲ့ မယုံနိုင်စရာ အောင်မြင်မှုကို အံ့အားသင့်စရာ တွေ့ကြုံခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီအသင္းအေနနဲ႔ ဂိုးသမား ႏြိဳင္ယာ၊ ခံစစ္မွာ ရွေလာ့တာဘက္ခ္၊ ႐ူဒီဂါ၊ ဆူးလားနဲ႔ ေရာင္းမ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကင္းမစ္ခ်္၊ ဂြန္ဒိုးဝမ္နဲ႔ မူလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မူစီယာလာ၊ ဂနာဘရီနဲ႔ ဟာဗတ္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဂ်ပန္အသင္းကေတာ့ ဂိုးသမား ဂြန္ဒါ၊ ခံစစ္မွာ အီတာကူရာ၊ ယိုရွီဒါ၊ ဆာကာအီနဲ႔ နာဂါတိုမိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အန္ဒို၊ တာနာကား၊ အီတို၊ ကာမာဒါနဲ႔ ကူဘိုတို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ မာအဲဒါတစ္ေယာက္တည္းကို တင္ကစားလာခဲ့ၿပီး ေစာစာစီးစီးမွာကတည္းက မာအဲဒါက ေဘာလုံးကို ဂိုးပိုက္ထဲ အေရာက္ပို႔ႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ဂ်ာမနီတို႔ ဦးေဆာင္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တိုက္စစ္ဆင္တဲ့ ေနာက္ခံလူ ေရာင္းမ္ကို ဂ်ပန္ ဂိုးသမား ဂြန္ဒါက ေျခခ်ိတ္မိလို႔ ေပးခဲ့ရတဲ့ ပင္နယ္တီကို ကြင္းလယ္လူ ဂြန္ဒိုးဝမ္က ဂိုးသမား ဒိုက္ပစ္တဲ့ ညာဘက္နဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာ ဂ်ာမနီတို႔အတြက္ ေနာက္ထပ္တစ္ဂိုးကို ကင္းမစ္ခ်္ရဲ႕ ကန္ခ်က္ ျပန္ထြက္လာတာကို ဘယ္ျခမ္းကေန ဂနာဘရီက ခ်ိဳးေပးရာမွာ ဂိုးတိုင္နားမွာ အဆင္သင့္ ေနရာယူထားခဲ့တဲ့ တိုက္စစ္မႉး ဟာဗတ္ဇ္က ပိတ္သြင္းယူႏိုင္ခဲ့ေပမယ့္ အနည္းငယ္ လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ဂ်ပန္တို႔ သက္သာခြင့္ရခဲ့တာပါ။

ပထမပိုင္းမွာ ဂ်ာမနီတို႔က ဂ်ပန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းျပန္အစမွာေတာ့ ဂ်ပန္တို႔က ကူဘိုအစား တိုမီယာစုကို ထည့္သြင္းၿပီး ခံစစ္ကို ပိုမိုစိတ္ခ်ရေအာင္ ျပင္ဆင္လာခဲ့သလို ဂ်ာမနီတို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈအသာစီးယူၿပီး ဂိုးထပ္ရႏိုင္ဖို႔ပဲ ႀကိဳးစားေနခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာ ဂ်ပန္တို႔က တိုက္စစ္ကို ေျပာင္းလဲဖို႔အတြက္ မာအဲဒါနဲ႔ နာဂါတိုမိုတို႔ကို ထုတ္ၿပီး အာဆာႏိုနဲ႔ မီတိုမာတို႔ကို ထည့္သြင္းခဲ့သလို ကစားသမားသစ္ေတြနဲ႔ လူေဟာင္းေတြၾကား ထင္သေလာက္ စည္းလုံးမႈနဲ႔ အတြဲအဖက္ညီမႈကို မျပႏိုင္ခဲ့တဲ့ ဂ်ာမနီတို႔ကေတာ့ တိုက္စစ္မွာ အလုပ္မျဖစ္တဲ့ မူလာနဲ႔ ကြင္းလယ္က အဖြင့္ဂိုးရွင္ ဂြန္ဒိုးဝမ္တို႔အစား ေဟာ့ဖ္မန္းနဲ႔ ေဂၚရက္ဇ္ကာတို႔ကို လဲကစားသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဂ်ာမန္တို႔ရဲ႕ ေဘာလုံးကိုင္ကစားတဲ့ ကြင္းလယ္ကို ျပန္လည္ေဖာက္ထြက္ႏိုင္ဖို႔ တာနာကားနဲ႔ ဆာကာအီတို႔အစား ဥေရာပ အေတြ႕အႀကဳံရင့္ ကစားသမားေတြျဖစ္ၾကတဲ့ ဒိုအန္နဲ႔ မီနာမီႏိုတို႔ကို ထည့္သြင္းခဲ့တာက ဂ်ပန္နည္းျပ မိုရီယာစုရဲ႕ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္ခဲ့ၿပီး ပြဲအေျဖကို ေျပာင္းျပန္လွန္ႏိုင္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဂ်ပန္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန မီတိုမာ ခင္းေပးတာကို မီနာမီႏိုက အနိမ့္ေဘာ ျဖတ္ကန္သြင္းရာမွာ ဂိုးသမား ႏြိဳင္ယာ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ အေစာပိုင္း မိနစ္တခ်ိဳ႕ကလို ဂ်ပန္တို႔ မလြဲေတာ့ဘဲ ေနာက္က လိုက္တာခဲ့တဲ့ ဒိုအန္က ဂိုးေရွ႕တည့္တည့္ကေန အပိုင္ကန္သြင္းယူသြားႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာ ဂ်ပန္တို႔ပဲ ေနာက္ထပ္ တစ္ဂိုးသြင္းယူၿပီး အႏိုင္ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ကေန ေနာက္ခံအလယ္လူ အီတာကူရာက ညာျခမ္းကို ကန္တင္လိုက္တဲ့ ေဘာလုံးကို တိုက္စစ္မႉး အာဆာႏိုက လိုက္လံရယူၿပီး ဂ်ာမနီေနာက္ခံလူ ရွေလာ့တာဘက္ခ္ရဲ႕ ဖိအားေပးမႈကို ေတာင့္ခံၿပီးမွ ေထာင့္ပိတ္ရင္း ထိုင္ခ်တဲ့ ဂိုးသမား ႏြိဳင္ယာရဲ႕ အေပၚကို ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အႏိုင္ကေန အရႈံးဘက္ကို ေရာက္သြားခဲ့လို႔ ဂ်ာမန္နည္းျပ ဟန္ဆီ ဖလစ္ခ္အေနနဲ႔ လက္က်န္ပြဲခ်ိန္ေတြမွာ အႏိုင္ဂိုး ျပန္ရွာႏိုင္ဖို႔ ဟာဗတ္ဇ္၊ မူစီယာလာနဲ႔ ဂနာဘရီတို႔အစား ဖူးလ္ကရပ္ခ္၊ ေဂါ့ဇားနဲ႔ မူကိုကိုတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ပြဲခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၇ မိနစ္အထိ ဂ်ပန္တို႔က အႏိုင္ဂိုးကို ထိန္းကစားသြားႏိုင္ခဲ့ၾကတာပါ။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ဂ်ပန္တို႔အတြက္ မွတ္မွတ္ထင္ထင္ ေအာင္ပြဲကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဂ်ာမနီတို႔အေပၚ ပြဲသိမ္းရယူသြားႏိုင္ခဲ့ၾကၿပီး အာရွရဲ႕ ေဘာလုံးအဆင့္အတန္းတစ္ခုကို ျပသႏိုင္ခဲ့သလို ေဆာ္ဒီနဲ႔ အာဂ်င္တီးနားတို႔ ပြဲကလိုပဲ ပရိသတ္ေတြအတြက္ေတာ့ အသင္းငယ္တစ္သင္းရဲ႕ မယုံႏိုင္စရာ ေအာင္ျမင္မႈကို အံ့အားသင့္စရာ ေတြ႕ႀကဳံခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.