Bundesliga

ယူရိုသန်း ၄၀၀ ကျော် တန်ဖိုးသတ်မှတ်ခံခဲ့ရတဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း

ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟောင်း ဂျမဲလ် မူစီအားလားဟာ လက်ရှိမှာ ယူရိုသန်း ၄၀၀ ကျော် တန်ဖိုးရှိနေတယ်လို့ ဘွန်ဒက်စ်လီဂါအထူးကျွမ်းကျင်သူ အာချီ ရိုင်း-တတ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

မူစီအားလားဟာ ချဲလ်ဆီးအကယ်ဒမီမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ၈ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး နောက်ဆုံးမှာ ဂျာမန်ထိပ်သီးအသင်းကြီး ဘွန်ဒက်စ်လီဂါရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ၂၀၂၀ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးခွင့် ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ပွဲပေါင်း ၁၀၀ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၇ ဂိုး သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

မူစီအားလားဟာ လက်ရှိမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီ လက်ရွေးစင်အသင်းနဲ့အတူ ကာတာမှာ ရောက်ရှိနေတာဖြစ်ပြီး အင်္ဂလန်ကနေ နိုင်ငံပြောင်းလဲ သစ္စာခံခဲ့တာ ဖြစ်ပါတယ်။ မူစီအားလားဟာ အင်္ဂလန် ယူ-၁၅၊ ၁၆၊ ၁၇၊ ၂၁ အသင်းတွေအတွက် ကစားပေးခဲ့ပြီး မွေးဖွားရာနိုင်ငံဖြစ်တဲ့ ဂျာမနီအသင်းအတွက် လက်ရှိအချိန်မှာ ၁၇ ပွဲ ပါဝင်ကစားပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။

“ဂျာမန်သတင်းစာတွေမှာ သူက ဘိုင်ယန်မှာ ရောင်းချလို့မရနိုင်တဲ့ ကစားသမားဖြစ်နေပြီး ဂျမဲလ် မူစီအားလားအတွက် ယူရိုသန်း ၄၀၀ တောင် မလုံလောက်နိုင်ဘူးလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး အဲဒီအတိုင်း ပြောဆိုခြင်းခံခဲ့ရပြီး သူက ဒီအသင်းရဲ့ အနာဂတ်ပါ။ သူ့ရဲ့ ပွဲစဉ်မှာ သူ့ကို အရမ်းကောင်းအောင် လုပ်ပေးနေတဲ့ အရာတွေလည်း အများကြီးရှိနေပါတယ်။ ပြိုင်ဘက်တွေက သူ့ကို နှစ်ပေါင်းများစွာ လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြင်တွေ့ရတဲ့အတိုင်း ဖြတ်ပိုင်းဖို့ ကြိုးစားလာရင် သူ ရှောင်မသွားပါဘူး။ သူက တကယ်ကို တော်တော်လေး ထူးခြားတဲ့သူပါ”

မူစီအားလားဟာ မန်ချက်စတာစီးတီးနဲ့ အာဂျင်တီးနားနောက်ခံကစားသမား ဇာဘလက်တာရဲ့ ချီးကျူး ပြောဆိုခြင်းကိုလည်း ခံခဲ့ရသူဖြစ်ပြီး “ဂျမဲလ် မူစီအားလားက အရမ်းကောင်းတဲ့ ကစားသမားလို့ ကျွန်တော်ထင်တယ်။ သူက ခင်ဗျား စောင့်ကြည့်ရတာ တကယ်ကို နှစ်သက်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါလိမ့်မယ်။ သူက လုံးဝကို ကောင်းမွန်ပါတယ်။ သူ့မှာ ကြီးမားတဲ့အလားအလာရှိပြီး ဖလစ်က သူ့ကို လက်ရွေးစင်အသင်းမှာ အခွင့်အရေးပေးပြီး ပွဲထွက်လူစာရင်းမှာ တစ်နေရာပေးတာမြင်ရတာ ကျွန်တော် ပျော်ရွှင်မိပါတယ်။ သူက ဘောလုံးနဲ့ အရမ်းကောင်းတဲ့ ကစားသမားတွေထဲက တစ်ဦးပါ”

“သူက ကစားသမားတွေကို လိမ်ခေါက်ပြီး ဖြတ်ကျော်နိုင်တယ်။ ပြိုင်ဘက် ခံစစ်ဧရိယာထဲမှာ မှော်ဆန်တဲ့အခိုက်အတန့်တွေ ပြုလုပ်နိုင်ပြီး တစ်ခါတရံ အဲဒီလို လုပ်ဖို့အတွက် ခင်ဗျားလည်း ခင်ဗျားအနားမှာ ကူညီပေးနိုင်မယ့်ကစားသမားတွေ ရှိဖို့လိုပါတယ်။ ဂနာဘရီက အဲဒီလူတွေထဲက တစ်ဦးပါ။ သူတို့တွေက ဘိုင်ယန်မြူးနစ်မှာ အခုဆိုရင် အတူတူ ကစားခဲ့တာ နှစ်အနည်းငယ်ရှိနေပြီဖြစ်ပြီး ပွဲစဉ်အတွင်းမှာ မှော်ဆန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဂ်မဲလ္ မူစီအားလားဟာ လက္ရွိမွာ ယူ႐ိုသန္း ၄၀၀ ေက်ာ္ တန္ဖိုးရွိေနတယ္လို႔ ဘြန္ဒက္စ္လီဂါအထူးကြၽမ္းက်င္သူ အာခ်ီ ႐ိုင္း-တတ္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

မူစီအားလားဟာ ခ်ဲလ္ဆီးအကယ္ဒမီမွာ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ ၈ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ေနာက္ဆုံးမွာ ဂ်ာမန္ထိပ္သီးအသင္းႀကီး ဘြန္ဒက္စ္လီဂါရဲ႕ ေခၚယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားဟာ ၂၀၂၀ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခြင့္ ရရွိခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ပြဲေပါင္း ၁၀၀ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂၇ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

မူစီအားလားဟာ လက္ရွိမွာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဂ်ာမနီ လက္ေ႐ြးစင္အသင္းနဲ႔အတူ ကာတာမွာ ေရာက္ရွိေနတာျဖစ္ၿပီး အဂၤလန္ကေန ႏိုင္ငံေျပာင္းလဲ သစၥာခံခဲ့တာ ျဖစ္ပါတယ္။ မူစီအားလားဟာ အဂၤလန္ ယူ-၁၅၊ ၁၆၊ ၁၇၊ ၂၁ အသင္းေတြအတြက္ ကစားေပးခဲ့ၿပီး ေမြးဖြားရာႏိုင္ငံျဖစ္တဲ့ ဂ်ာမနီအသင္းအတြက္ လက္ရွိအခ်ိန္မွာ ၁၇ ပြဲ ပါဝင္ကစားေပးထားတဲ့ ကစားသမား ျဖစ္ပါတယ္။

“ဂ်ာမန္သတင္းစာေတြမွာ သူက ဘိုင္ယန္မွာ ေရာင္းခ်လို႔မရႏိုင္တဲ့ ကစားသမားျဖစ္ေနၿပီး ဂ်မဲလ္ မူစီအားလားအတြက္ ယူ႐ိုသန္း ၄၀၀ ေတာင္ မလုံေလာက္ႏိုင္ဘူးလို႔ ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ သူနဲ႔ပတ္သက္ၿပီး အဲဒီအတိုင္း ေျပာဆိုျခင္းခံခဲ့ရၿပီး သူက ဒီအသင္းရဲ႕ အနာဂတ္ပါ။ သူ႔ရဲ႕ ပြဲစဥ္မွာ သူ႔ကို အရမ္းေကာင္းေအာင္ လုပ္ေပးေနတဲ့ အရာေတြလည္း အမ်ားႀကီးရွိေနပါတယ္။ ၿပိဳင္ဘက္ေတြက သူ႔ကို ႏွစ္ေပါင္းမ်ားစြာ လီယြန္နယ္ မက္ဆီနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရတဲ့အတိုင္း ျဖတ္ပိုင္းဖို႔ ႀကိဳးစားလာရင္ သူ ေရွာင္မသြားပါဘူး။ သူက တကယ္ကို ေတာ္ေတာ္ေလး ထူးျခားတဲ့သူပါ”

မူစီအားလားဟာ မန္ခ်က္စတာစီးတီးနဲ႔ အာဂ်င္တီးနားေနာက္ခံကစားသမား ဇာဘလက္တာရဲ႕ ခ်ီးက်ဴး ေျပာဆိုျခင္းကိုလည္း ခံခဲ့ရသူျဖစ္ၿပီး “ဂ်မဲလ္ မူစီအားလားက အရမ္းေကာင္းတဲ့ ကစားသမားလို႔ ကြၽန္ေတာ္ထင္တယ္။ သူက ခင္ဗ်ား ေစာင့္ၾကည့္ရတာ တကယ္ကို ႏွစ္သက္တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါလိမ့္မယ္။ သူက လုံးဝကို ေကာင္းမြန္ပါတယ္။ သူ႔မွာ ႀကီးမားတဲ့အလားအလာရွိၿပီး ဖလစ္က သူ႔ကို လက္ေ႐ြးစင္အသင္းမွာ အခြင့္အေရးေပးၿပီး ပြဲထြက္လူစာရင္းမွာ တစ္ေနရာေပးတာျမင္ရတာ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္။ သူက ေဘာလုံးနဲ႔ အရမ္းေကာင္းတဲ့ ကစားသမားေတြထဲက တစ္ဦးပါ”

“သူက ကစားသမားေတြကို လိမ္ေခါက္ၿပီး ျဖတ္ေက်ာ္ႏိုင္တယ္။ ၿပိဳင္ဘက္ ခံစစ္ဧရိယာထဲမွာ ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြ ျပဳလုပ္ႏိုင္ၿပီး တစ္ခါတရံ အဲဒီလို လုပ္ဖို႔အတြက္ ခင္ဗ်ားလည္း ခင္ဗ်ားအနားမွာ ကူညီေပးႏိုင္မယ့္ကစားသမားေတြ ရွိဖို႔လိုပါတယ္။ ဂနာဘရီက အဲဒီလူေတြထဲက တစ္ဦးပါ။ သူတို႔ေတြက ဘိုင္ယန္ျမဴးနစ္မွာ အခုဆိုရင္ အတူတူ ကစားခဲ့တာ ႏွစ္အနည္းငယ္ရွိေနၿပီျဖစ္ၿပီး ပြဲစဥ္အတြင္းမွာ ေမွာ္ဆန္တဲ့ အခိုက္အတန႔္ေတြကို ဖန္တီးႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.