Bundesliga

ဒူးခွဲစိတ်ပြီး ဆေးရုံတက်နေတာတောင် လေးစားဖွယ်အပြုအမူကို လုပ်ဆောင်ခဲ့သေးတဲ့ မာနေး

ဆာဒီယို မာနေးဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးနောက် ဆေးရုံမှာ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေချိန်မှာ အသက် ၂၀ အရွယ် ဝုလ်ဖ်စ်ဘာဂါကစားသမား မက်စီ ရှားဖက်တာနဲ့ တစ်ရာသီကြာ စကားစမြည်ပြောဆိုပြီး အချိန်ကုန်ဆုံးခဲ့ပါတယ်။

မာနေးဟာ ဝါဒါဘရီမင်ကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့်လည်း ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၂၆ ဦးလူစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆီနီဂေါရဲ့ ပထမဆုံးအုပ်စုပွဲမတိုင်ခင် ရက်အနည်းငယ်အလိုမှာ မာနေးအနေနဲ့ ၎င်းရဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်မှာမဟုတ်တော့ဘူးလို့ အတည်ပြုပြောကြားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ မာနေးဟာ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင် ခံယူနိုင်ခဲ့ပြီဖြစ်ပြီး ဆီနီဂေါကြယ်ပွင့်နဲ့ ဆေးရုံတစ်ခုတည်းမှာ အတူတူတက်နေတဲ့ ဝုလ်ဖ်စ်ဘာဂါလူငယ်ကစားသမား ရှာဖက်တာနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ကြာသပတေးနေ့မှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ညနေမှာ ဆာဒီယို မာနေးကလည်း ကျွန်တော်တက်နေတဲ့ ဆေးရုံမှာ အတူတူတက်နေတယ်ဆိုတာကို အင်စတာဂရမ်ပေါ်မှာ မြင်ခဲ့တယ်။ ကျွန်တော်တို့ စကားတွေ ပြောခဲ့တာ တစ်နာရီလောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်”

“မာနေးက အရမ်းကို သဘောကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ သူ ပြောခဲ့တာက ကျွန်တော့်ဒဏ်ရာက ကျွန်တော့်ကို ပိုပြီးပဲ သန်မာစေလိမ့်မှာဖြစ်ပြီး ကျွန်တော် ဘောလုံးကစားတဲ့အချိန်မှာ ၁၁၀ ရာခိုင်နှုန်း ပေးသင့်တယ်တဲ့။ နောက်ဆုံး သူပြောခဲ့တဲ့အရာက ငါတို့တွေ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အတူတူ ကစားရမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့”လို့ ရှာဖက်တာက ပြောပြခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ လီဗာပူးလ်ကြယ်ပွင့်ဟောင်းရဲ့ လေးစားချစ်လိုဖွယ်ကောင်တဲ့ စိတ်ဓာတ်နဲ့ အပြုအမူကို လျင်လျင်မြန်မြန်ပဲ ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

“မာနေးက အဆင့်အတန်းမြင့်ပြီး နှိမ့်ချတတ်တဲ့လူတစ်ယောက်ပဲ။ သူ့ကို မုန်းတီးလို့ မရနိုင်ဘူး”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “မာနေးကိုသာ ခင်ဗျား မုန်းတီးနေတယ်ဆိုရင် ခင်ဗျား တစ်ခုခုတော့ မှားယွင်းနေပြီ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာဒီယို မာေနးဟာ ဒူးဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ ေဆး႐ုံမွာ ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ အသက္ ၂၀ အ႐ြယ္ ဝုလ္ဖ္စ္ဘာဂါကစားသမား မက္စီ ရွားဖက္တာနဲ႔ တစ္ရာသီၾကာ စကားစျမည္ေျပာဆိုၿပီး အခ်ိန္ကုန္ဆုံးခဲ့ပါတယ္။

မာေနးဟာ ဝါဒါဘရီမင္ကို ၆-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အတြင္း ဒဏ္ရာရရွိခဲ့တာျဖစ္ေပမယ့္လည္း ဆီနီေဂါအသင္းရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ၂၆ ဦးလူစာရင္းထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆီနီေဂါရဲ႕ ပထမဆုံးအုပ္စုပြဲမတိုင္ခင္ ရက္အနည္းငယ္အလိုမွာ မာေနးအေနနဲ႔ ၎ရဲ႕ ဒဏ္ရာဟာ ခြဲစိတ္ကုသမႈခံယူဖို႔ လိုအပ္တာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ေတာ့ဘူးလို႔ အတည္ျပဳေျပာၾကားျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာ မာေနးဟာ ခြဲစိတ္ကုသမႈကို ေအာင္ေအာင္ျမင္ျမင္ ခံယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆီနီေဂါၾကယ္ပြင့္နဲ႔ ေဆး႐ုံတစ္ခုတည္းမွာ အတူတူတက္ေနတဲ့ ဝုလ္ဖ္စ္ဘာဂါလူငယ္ကစားသမား ရွာဖက္တာနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ၾကာသပေတးေန႔မွာ ခြဲစိတ္ကုသမႈခံယူခဲ့ၿပီး ညေနမွာ ဆာဒီယို မာေနးကလည္း ကြၽန္ေတာ္တက္ေနတဲ့ ေဆး႐ုံမွာ အတူတူတက္ေနတယ္ဆိုတာကို အင္စတာဂရမ္ေပၚမွာ ျမင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ စကားေတြ ေျပာခဲ့တာ တစ္နာရီေလာက္ျဖစ္ေကာင္းျဖစ္လိမ့္မယ္”

“မာေနးက အရမ္းကို သေဘာေကာင္းတဲ့ ပုဂၢိဳလ္ပါ။ သူ ေျပာခဲ့တာက ကြၽန္ေတာ့္ဒဏ္ရာက ကြၽန္ေတာ့္ကို ပိုၿပီးပဲ သန္မာေစလိမ့္မွာျဖစ္ၿပီး ကြၽန္ေတာ္ ေဘာလုံးကစားတဲ့အခ်ိန္မွာ ၁၁၀ ရာခိုင္ႏႈန္း ေပးသင့္တယ္တဲ့။ ေနာက္ဆုံး သူေျပာခဲ့တဲ့အရာက ငါတို႔ေတြ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အတူတူ ကစားရမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္တဲ့”လို႔ ရွာဖက္တာက ေျပာျပခဲ့ပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းရဲ႕ ေလးစားခ်စ္လိုဖြယ္ေကာင္တဲ့ စိတ္ဓာတ္နဲ႔ အျပဳအမူကို လ်င္လ်င္ျမန္ျမန္ပဲ ခ်ီးက်ဴးခဲ့ၾကတာျဖစ္ပါတယ္။

“မာေနးက အဆင့္အတန္းျမင့္ၿပီး ႏွိမ့္ခ်တတ္တဲ့လူတစ္ေယာက္ပဲ။ သူ႔ကို မုန္းတီးလို႔ မရႏိုင္ဘူး”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “မာေနးကိုသာ ခင္ဗ်ား မုန္းတီးေနတယ္ဆိုရင္ ခင္ဗ်ား တစ္ခုခုေတာ့ မွားယြင္းေနၿပီ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.