International Match Report World Cup

တိုက်စစ်ပိုင်းလိုအပ်ချက်တွေနဲ့ မော်ရိုကို ကို အနိုင်မယူနိုင်ခဲ့တဲ့ ခရိုအေးရှား

ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မော်ရိုကိုနဲ့ ခရိုအေးရှားတို့ရဲ့ပွဲစဉ်ဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပြီး ခရိုအေးရှားတို့အတွက် စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက ခရိုအေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့ပြီး မော်ရိုကိုကလည်း မာမာထန်ထန်နဲ့ တုံ့ပြန်ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မော်ရိုကိုအသင်းဘက်မှာ ဇီယက်ရှ်၊ ဘူဖယ်လ်၊ မက်ဇရာဝီ၊ ဟာကီမီတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ပါဝင်ခဲ့ပြီး ခရိုအေးရှားကလည်း ဂွါဒီယိုလ်၊ လိုဗရန်၊ ဘရိုဇိုဗစ်၊ ကိုဗာချစ်၊ မိုဒရစ်၊ ခရာမာရစ်၊ ဗလာစစ်၊ ပါရီဆစ်တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

၁၇ မိနစ်မှာ အမာလာဘောလုံးဆုံးရှုံးခဲ့တာကြောင့် ပါရီဆစ်အတွက် နေရာလွတ် ရရှိသွားခဲ့ပြီး ဂိုးအပေါ်ထောင့်ကို ချိန်ရွယ်ပြီး ကန်သွင်းခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီးမှာ မော်ရိုကို ဂိုးသမား ဘိုနူ ဘောလုံးကို တွန်းထုတ်ဖို့ ဂိုးစည်းပေါ်ကနေ အလျင်စလို ထွက်လာခဲ့ပေမယ့် ခရိုအေးရှားက ဘောလုံးကို လျင်လျင်မြန်မြန် ပြန်ရသွားပြီးနောက် ဆိုဆာက အန္တရာယ်ရှိတဲ့ ဖြတ်တင်ပေးပို့မှုပြုလုပ်ခဲ့ရာမှာ ဗလာစစ်က ပိတ်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ခရိုအေးရှားအသင်းက သိပ်မကြာခင်အချိန်အတွင်း ဂိုးသွင်းယူနိုင်တော့မယ့်ပုံစံ ပေါ်နေခဲ့ပြီး ၅၁ မိနစ်မှာ ဘူဖယ်လ်ရဲ့ အဝေးကန်ချက်ကို လိုဗရန် ပိတ်ဆို့ခဲ့ရာမှာ မော်ရိုကို ပရိသတ်တွေက ခရိုအေးရှားနောက်ခံလူက လက်နဲ့ကာကွယ်ခဲ့တယ်ဆိုပြီး ပင်နယ်တီတောင်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က တစ်စုံတရာ ညွှန်ပြခြင်းမရှိတာကြောင့် ဆက်လက်ကစားခဲ့ပြီး မဇရာဝီက ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လီဗာကိုဗစ်က ငြင်းပယ်နိုင်ခဲ့ပါတယ်။

၆၄ မိနစ်မှာ မော်ရိုကို အသင်းက ကွင်းလယ်နားလောက်မှာ အလွတ်တည်ကန်ဘော ရရှိခဲ့ပြီး ဇီယက်ရှ်က ဟာကီမီ ကန်နိုင်အောင် အသာလှိမ့်ပေးခဲ့ရာမှာ မော်ရိုကိုနောက်ခံလူက အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ကန်သွင်းခဲ့ပေမယ့် လီဗာကိုဗစ်က ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ဒုတိယပိုင်း ပွဲကစားချိန် ပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ နောက်ကျအနိုင်ဂိုးသွင်းယူနိုင်ဖို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ကြပြီး ဂိုးပေါက်ရှေ့မှာ တိကျသေချာတဲ့ အဆုံးသတ်ပိုင်း နှစ်ဖက်စလုံး အားနည်းခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ခရိုအေးရှားအသင်းဟာ ပထမပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပြီး ပါရီဆစ်နဲ့ မိုဒရစ်တို့ ကန်ချက်က မိုးပေါ်ထောင်သွားခဲ့သလို ဗလာစစ်ကလည်း ဘိုနူရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မဇရာဝီရဲ့ ခေါင်းတိုက်ချက်ကို လီဗာကိုဗစ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီးနောက် ဟာကီမီရဲ့ အားပါပြင်းထန်တဲ့ အဝေးကန်ချက် ထပ်မံငြင်းပယ်ခံခဲ့ရတာက မော်ရိုကိုရဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့ပြီး ဂိုးမရှိသရေနဲ့သာ ပြီးဆုံးဖို့ ထိုက်တန်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညေန ၄ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေမာ္႐ိုကိုနဲ႔ ခ႐ိုေအးရွားတို႔ရဲ႕ပြဲစဥ္ဟာ ဂိုးမရွိသေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ၿပီး ခ႐ိုေအးရွားတို႔အတြက္ စိတ္ပ်က္စရာရလဒ္ျဖစ္ခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက ခ႐ိုေအးရွားအသင္းက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူကစားႏိုင္ခဲ့ၿပီး ေမာ္႐ိုကိုကလည္း မာမာထန္ထန္နဲ႔ တုံ႔ျပန္ကစားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ ေမာ္႐ိုကိုအသင္းဘက္မွာ ဇီယက္ရွ္၊ ဘူဖယ္လ္၊ မက္ဇရာဝီ၊ ဟာကီမီတို႔လို ကမာၻ႔အဆင့္ ကစားသမားေတြ ပါဝင္ခဲ့ၿပီး ခ႐ိုေအးရွားကလည္း ဂြါဒီယိုလ္၊ လိုဗရန္၊ ဘ႐ိုဇိုဗစ္၊ ကိုဗာခ်စ္၊ မိုဒရစ္၊ ခရာမာရစ္၊ ဗလာစစ္၊ ပါရီဆစ္တို႔လို အဓိက ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။

၁၇ မိနစ္မွာ အမာလာေဘာလုံးဆုံးရႈံးခဲ့တာေၾကာင့္ ပါရီဆစ္အတြက္ ေနရာလြတ္ ရရွိသြားခဲ့ၿပီး ဂိုးအေပၚေထာင့္ကို ခ်ိန္႐ြယ္ၿပီး ကန္သြင္းခဲ့ေပမယ့္လည္း ေဘာလုံးက ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ ပထမပိုင္း ၿပီးဆုံးခါနီးမွာ ေမာ္႐ိုကို ဂိုးသမား ဘိုႏူ ေဘာလုံးကို တြန္းထုတ္ဖို႔ ဂိုးစည္းေပၚကေန အလ်င္စလို ထြက္လာခဲ့ေပမယ့္ ခ႐ိုေအးရွားက ေဘာလုံးကို လ်င္လ်င္ျမန္ျမန္ ျပန္ရသြားၿပီးေနာက္ ဆိုဆာက အႏၲရာယ္ရွိတဲ့ ျဖတ္တင္ေပးပို႔မႈျပဳလုပ္ခဲ့ရာမွာ ဗလာစစ္က ပိတ္သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂိုးသမားက ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ခ႐ိုေအးရွားအသင္းက သိပ္မၾကာခင္အခ်ိန္အတြင္း ဂိုးသြင္းယူႏိုင္ေတာ့မယ့္ပုံစံ ေပၚေနခဲ့ၿပီး ၅၁ မိနစ္မွာ ဘူဖယ္လ္ရဲ႕ အေဝးကန္ခ်က္ကို လိုဗရန္ ပိတ္ဆို႔ခဲ့ရာမွာ ေမာ္႐ိုကို ပရိသတ္ေတြက ခ႐ိုေအးရွားေနာက္ခံလူက လက္နဲ႔ကာကြယ္ခဲ့တယ္ဆိုၿပီး ပင္နယ္တီေတာင္းခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ကြင္းလယ္ဒိုင္က တစ္စုံတရာ ၫႊန္ျပျခင္းမရွိတာေၾကာင့္ ဆက္လက္ကစားခဲ့ၿပီး မဇရာဝီက ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း လီဗာကိုဗစ္က ျငင္းပယ္ႏိုင္ခဲ့ပါတယ္။

၆၄ မိနစ္မွာ ေမာ္႐ိုကို အသင္းက ကြင္းလယ္နားေလာက္မွာ အလြတ္တည္ကန္ေဘာ ရရွိခဲ့ၿပီး ဇီယက္ရွ္က ဟာကီမီ ကန္ႏိုင္ေအာင္ အသာလွိမ့္ေပးခဲ့ရာမွာ ေမာ္႐ိုကိုေနာက္ခံလူက အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ကန္သြင္းခဲ့ေပမယ့္ လီဗာကိုဗစ္က ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ဒုတိယပိုင္း ပြဲကစားခ်ိန္ ၿပီးဆုံးဖို႔ နီးကပ္လာတာနဲ႔အမွ် ေနာက္က်အႏိုင္ဂိုးသြင္းယူႏိုင္ဖို႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ခဲ့ၾကၿပီး ဂိုးေပါက္ေရွ႕မွာ တိက်ေသခ်ာတဲ့ အဆုံးသတ္ပိုင္း ႏွစ္ဖက္စလုံး အားနည္းခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ခ႐ိုေအးရွားအသင္းဟာ ပထမပိုင္းမွာ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရးေတြ ရရွိခဲ့ၿပီး ပါရီဆစ္နဲ႔ မိုဒရစ္တို႔ ကန္ခ်က္က မိုးေပၚေထာင္သြားခဲ့သလို ဗလာစစ္ကလည္း ဘိုႏူရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ မဇရာဝီရဲ႕ ေခါင္းတိုက္ခ်က္ကို လီဗာကိုဗစ္က ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ ဟာကီမီရဲ႕ အားပါျပင္းထန္တဲ့ အေဝးကန္ခ်က္ ထပ္မံျငင္းပယ္ခံခဲ့ရတာက ေမာ္႐ိုကိုရဲ႕ အေကာင္းဆုံးအခြင့္အေရးျဖစ္ခဲ့ၿပီး ဂိုးမရွိသေရနဲ႔သာ ၿပီးဆုံးဖို႔ ထိုက္တန္တဲ့ပြဲစဥ္တစ္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.