Premier League

ဖန္တက္ဆီ ပြဲစဥ္(၁)ကေန အစေကာင္းဖို႔ ဘယ္လို ေရြးခ်ယ္မလဲဆုိတဲ့ FPL ဂိုဏ္းခ်ဳပ္ရဲ႕ Tips

စေနေန႔ညေန ျမန္မာစံေတာ္ခ်ိန္ ၆ နာရီမွာ စတင္မယ့္ ပရီးမီးယားလိဂ္ရဲ႕ ဖန္တက္ဆီ ပြဲစဥ္(၁)ကို ေနာက္ဆုံး Dead Line ျဖစ္တဲ့ ညေန ၄ နာရီခြဲအထိ ျပင္ဆင္ခ်ိန္ရွိမွာျဖစ္ၿပီး အားလုံးသိၿပီးသား ထုံးစံအတုိင္း ပြဲမစခင္မွာ တစ္သင္းလုံးကို စိတ္ႀကဳိက္လဲႏုိင္ဦးမွာျဖစ္တဲ့အတြက္ Athletic မွာ ပင္တုိင္ေရးသားေနတဲ့ FPL General ရဲ႕ အႀကံျပဳမွဳကို ေဖာ္ျပလုိက္ပါတယ္။

FPL General လုိ႔ ေခၚတဲ့ မာ့ခ္ မက္ဂက္တီဂန္ကေတာ့ ဖန္တက္ဆီနဲ႔ ပတ္သက္ရင္ တကယ့္ဆရာတစ္ဦးလို႔ ေျပာလို႔ရသလို ေနာက္ဆုံး ငါးရာသီမွာ ကမာၻ႕အဆင့္ ထိပ္ဆုံး ၅၀၀ ထဲကို သုံးရာသီ ရပ္တည္ႏုိင္ခဲ့သူျဖစ္ၿပီး FPL Show ေတြမွာလည္း ပုံမွန္ေဆြးေႏြးေျပာၾကားေနသူတစ္ဦးျဖစ္လို႔ ကစားသူေတြ နမူနာယူႏိုင္ၾကမယ္ထင္ပါတယ္။

သူကေတာ့ ပြဳိင့္ေတြကို ဘယ္လိုအသုံးခ်မလဲဆုိတာကို အႀကံျပဳရာမွာ မွ်မွ်တတ ေရြးခ်ယ္ဖို႔ ဆုိခဲ့ၿပီး တုိက္စစ္မွာဆုိရင္ အေကာင္းဆုံးတစ္ဦး၊ အလယ္အလတ္တစ္ဦးနဲ႔ ၄.၅ မွတ္တန္ ေဈးအေပါဆုံးတစ္ဦးနဲ႔ စတင္ဖို႔ ေျပာခဲ့သလို တစ္သင္းလုံးစာ ေရြးခ်ယ္ဖို႔ ဘယ္သူေတြကို ေထာက္ခံထားသလဲ ၾကည့္ရေအာင္ပါ။

ဂိုးသမားေနရာမွာေတာ့ ရွက္ဖီးလ္ယူႏုိက္တက္ရဲ႕ ရမ္းစ္ေဒးလ္(၅ မွတ္)ကို ေရြးခ်ယ္ထားခဲ့ၿပီး ဘ႐ိုက္တန္ရဲ႕ ႐ိုင္ယန္နဲ႔ ေဆာက္သမ္တန္ရဲ႕ မကၠာသီတုိ႔ကိုေတာ့ သူက မႀကဳိက္ဘူးလို႔ဆုိပါတယ္။ အရန္မွာေတာ့ အက္စ္တန္ဗီလာရဲ႕ နီလန္း(၄ မွတ္)ကို အသုံးျပဳဖို႔ ရွိေနပါတယ္။

ခံစစ္ပုိင္းမွာေတာ့ လီဗာပူးလ္ရဲ႕ အလက္ဇန္းဒါး-အာႏုိးလ္ဒ္(၇.၅ မွတ္)၊ စပါးစ္ရဲ႕ ဒိုဟာတီ(၆ မွတ္)၊ ဘန္ေလရဲ႕ ခ်ာလီ ေတလာ(၄.၅ မွတ္)၊ လက္စတာရဲ႕ ဂ်ပ္စတင္(၄.၅ မွတ္)နဲ ေဆာက္သမ္တန္ရဲ႕ ေဝၚလ္ကာ-ပီတာစ္(၄.၅ မွတ္)တုိ႔ကို ေရြးခ်ယ္ခဲ့ၿပီး ဒိုဟာတီကိုေတာ့ သူက ေတာ္ေတာ္ေလး ႏွစ္သက္ေနပုံေပၚသလို ဘန္ေလနဲ႔ ေရွာင္ဒိုက္ခ်္ရဲ႕ ခံစစ္ကိုလည္း ထည့္သြင္းစဥ္းစားစရာလို႔ ဆုိပါတယ္။

ကြင္းလယ္မွာေတာ့ လီဗာပူးလ္ရဲ႕ ဆာလား(၁၂ မွတ္)၊ အာဆင္နယ္နဲ႔ အူဘာမီယန္း(၁၂ မွတ္)၊ စပါးစ္ရဲ႕ ဆြန္ေဟာင္မင္(၉ မွတ္)၊ နယူးကာဆယ္လ္ရဲ႕ စိန္႔မက္ဇီမန္(၅.၅ မွတ္)နဲ႔ ဖူလ္ဟမ္မွာ အျမဲတမ္းေနရာရခဲ့တဲ့ ဟာရီဆန္ ရိဒ္(၄.၅ မွတ္)တုိ႔ကို ညႊန္းထားပါတယ္။ မန္ခ်က္စတာကစားသမားေတြကေတာ့ ဒီတစ္ပတ္မွာ မပါဝင္ေသးလို႔ သူက ပြဲစဥ္(၂)အတြက္ ခ်န္ထားခဲ့ပါတယ္။ စိန္႔မက္ဇီမန္ေနရာမွာေတာ့ ေဆာက္သမ္တန္ရဲ႕ အမ္းစ္ထေရာင္းကို ေရြးခ်ယ္ႏုိင္တယ္လုိ႔လည္း ဆုိပါတယ္။

တုိက္စစ္မွာေတာ့ တန္းတက္ ဝက္စ္ဘရြန္းနဲ႔ ေတြ႕ဆုံေနတဲ့ လက္စတာရဲ႕ ဗာဒီ(၁၀ မွတ္)က သူ႕အတြက္ အႀကဳိက္ဆုံးျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ရာသီကထက္ ၀.၅ မွတ္ ေဈးက်သြားတာကိုလည္း ညႊန္းပါတယ္။ ေနာက္တစ္ဦးကိုေတာ့ ဖူလ္ဟမ္ရဲ႕ မီထ႐ုိဗစ္(၆ မွတ္)ကို ေရြးထားၿပီး ၄.၅ မွတ္တန္ တုိက္စစ္မွဴးကိုေတာ့ လီဗာပူးလ္ရဲ႕ ဘ႐ူးစတားကို ေရြးခ်ယ္ထားပါတယ္။

ဒီတစ္ပတ္အတြက္ FPL General ရဲ႕ အႀကံျပဳမွဳကေတာ့ ဒီေလာက္ပဲျဖစ္ၿပီး သူကေတာ့ ဒီေဖာ္ျပထားခဲ့တဲ့သူေတြက သူကိုယ္တုိင္ ေရြးခ်ယ္ ထားခဲ့တဲ့အသင္းနဲ႔ အားလုံးနီးပါးတူညီၿပီး ကြာျခားခ်က္နည္းပါးတယ္လို႔ ဆုိထားလို႔ ဖန္တက္ဆီဝါသနာရွင္ေတြကို ဉာဏ္ကစားႏုိင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စနေနေ့ညနေ မြန်မာစံတော်ချိန် ၆ နာရီမှာ စတင်မယ့် ပရီးမီးယားလိဂ်ရဲ့ ဖန်တက်ဆီ ပွဲစဉ်(၁)ကို နောက်ဆုံး Dead Line ဖြစ်တဲ့ ညနေ ၄ နာရီခွဲအထိ ပြင်ဆင်ချိန်ရှိမှာဖြစ်ပြီး အားလုံးသိပြီးသား ထုံးစံအတိုင်း ပွဲမစခင်မှာ တစ်သင်းလုံးကို စိတ်ကြိုက်လဲနိုင်ဦးမှာဖြစ်တဲ့အတွက် Athletic မှာ ပင်တိုင်ရေးသားနေတဲ့ FPL General ရဲ့ အကြံပြုမှုကို ဖော်ပြလိုက်ပါတယ်။

FPL General လို့ ခေါ်တဲ့ မာ့ခ် မက်ဂက်တီဂန်ကတော့ ဖန်တက်ဆီနဲ့ ပတ်သက်ရင် တကယ့်ဆရာတစ်ဦးလို့ ပြောလို့ရသလို နောက်ဆုံး ငါးရာသီမှာ ကမ္ဘာ့အဆင့် ထိပ်ဆုံး ၅၀၀ ထဲကို သုံးရာသီ ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး FPL Show တွေမှာလည်း ပုံမှန်ဆွေးနွေးပြောကြားနေသူတစ်ဦးဖြစ်လို့ ကစားသူတွေ နမူနာယူနိုင်ကြမယ်ထင်ပါတယ်။

သူကတော့ ပွိုင့်တွေကို ဘယ်လိုအသုံးချမလဲဆိုတာကို အကြံပြုရာမှာ မျှမျှတတ ရွေးချယ်ဖို့ ဆိုခဲ့ပြီး တိုက်စစ်မှာဆိုရင် အကောင်းဆုံးတစ်ဦး၊ အလယ်အလတ်တစ်ဦးနဲ့ ၄.၅ မှတ်တန် ဈေးအပေါဆုံးတစ်ဦးနဲ့ စတင်ဖို့ ပြောခဲ့သလို တစ်သင်းလုံးစာ ရွေးချယ်ဖို့ ဘယ်သူတွေကို ထောက်ခံထားသလဲ ကြည့်ရအောင်ပါ။

ဂိုးသမားနေရာမှာတော့ ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ရမ်းစ်ဒေးလ်(၅ မှတ်)ကို ရွေးချယ်ထားခဲ့ပြီး ဘရိုက်တန်ရဲ့ ရိုင်ယန်နဲ့ ဆောက်သမ်တန်ရဲ့ မက္ကာသီတို့ကိုတော့ သူက မကြိုက်ဘူးလို့ဆိုပါတယ်။ အရန်မှာတော့ အက်စ်တန်ဗီလာရဲ့ နီလန်း(၄ မှတ်)ကို အသုံးပြုဖို့ ရှိနေပါတယ်။

ခံစစ်ပိုင်းမှာတော့ လီဗာပူးလ်ရဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်(၇.၅ မှတ်)၊ စပါးစ်ရဲ့ ဒိုဟာတီ(၆ မှတ်)၊ ဘန်လေရဲ့ ချာလီ တေလာ(၄.၅ မှတ်)၊ လက်စတာရဲ့ ဂျပ်စတင်(၄.၅ မှတ်)နဲ ဆောက်သမ်တန်ရဲ့ ဝေါ်လ်ကာ-ပီတာစ်(၄.၅ မှတ်)တို့ကို ရွေးချယ်ခဲ့ပြီး ဒိုဟာတီကိုတော့ သူက တော်တော်လေး နှစ်သက်နေပုံပေါ်သလို ဘန်လေနဲ့ ရှောင်ဒိုက်ချ်ရဲ့ ခံစစ်ကိုလည်း ထည့်သွင်းစဉ်းစားစရာလို့ ဆိုပါတယ်။

ကွင်းလယ်မှာတော့ လီဗာပူးလ်ရဲ့ ဆာလား(၁၂ မှတ်)၊ အာဆင်နယ်နဲ့ အူဘာမီယန်း(၁၂ မှတ်)၊ စပါးစ်ရဲ့ ဆွန်ဟောင်မင်(၉ မှတ်)၊ နယူးကာဆယ်လ်ရဲ့ စိန့်မက်ဇီမန်(၅.၅ မှတ်)နဲ့ ဖူလ်ဟမ်မှာ အမြဲတမ်းနေရာရခဲ့တဲ့ ဟာရီဆန် ရိဒ်(၄.၅ မှတ်)တို့ကို ညွှန်းထားပါတယ်။ မန်ချက်စတာကစားသမားတွေကတော့ ဒီတစ်ပတ်မှာ မပါဝင်သေးလို့ သူက ပွဲစဉ်(၂)အတွက် ချန်ထားခဲ့ပါတယ်။ စိန့်မက်ဇီမန်နေရာမှာတော့ ဆောက်သမ်တန်ရဲ့ အမ်းစ်ထရောင်းကို ရွေးချယ်နိုင်တယ်လို့လည်း ဆိုပါတယ်။

တိုက်စစ်မှာတော့ တန်းတက် ဝက်စ်ဘရွန်းနဲ့ တွေ့ဆုံနေတဲ့ လက်စတာရဲ့ ဗာဒီ(၁၀ မှတ်)က သူ့အတွက် အကြိုက်ဆုံးဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီကထက် ဝ.၅ မှတ် ဈေးကျသွားတာကိုလည်း ညွှန်းပါတယ်။ နောက်တစ်ဦးကိုတော့ ဖူလ်ဟမ်ရဲ့ မီထရိုဗစ်(၆ မှတ်)ကို ရွေးထားပြီး ၄.၅ မှတ်တန် တိုက်စစ်မှူးကိုတော့ လီဗာပူးလ်ရဲ့ ဘရူးစတားကို ရွေးချယ်ထားပါတယ်။

ဒီတစ်ပတ်အတွက် FPL General ရဲ့ အကြံပြုမှုကတော့ ဒီလောက်ပဲဖြစ်ပြီး သူကတော့ ဒီဖော်ပြထားခဲ့တဲ့သူတွေက သူကိုယ်တိုင် ရွေးချယ် ထားခဲ့တဲ့အသင်းနဲ့ အားလုံးနီးပါးတူညီပြီး ကွာခြားချက်နည်းပါးတယ်လို့ ဆိုထားလို့ ဖန်တက်ဆီဝါသနာရှင်တွေကို ဉာဏ်ကစားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.