Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၁.၉.၂၀၂၀

– နာပုိလီအသင္းရဲ႕ပုိင္ရွင္ ေအာ္ရယ္လီယို ဒီေလာ္ရန္တီးစ္ကို ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခဲ့တယ္လုိ႔ ၾကာသပေတးေန႔မွာ အသင္းက ေၾကျငာခဲ့ၿပီး ဒီလိုေတြ ျဖစ္ပြားေနေပမယ့္ ေနာက္ခံလူ ခါလီဒူး ကူလီေဘလီကေတာ့ မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔ အေႏွာင့္ေႏွးခံမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တယ္လုိ႔ သိရ။

– ပရီးမီးယားလိဂ္ ဖန္တီးမွဳအမ်ားဆုံးဆု၊ တစ္ရာသီအေကာင္းဆုံးဆုနဲ႔ PFA အေကာင္းဆုံးဆုေတြကို ရယူႏုိင္ခဲ့တဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားဟာ ကမာၻ႕အေကာင္းဆုံးကြင္းလယ္လူလို႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာ ခ်ီးက်ဴး။

– ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္ရဲ႕ ကိုယ္စားလွယ္ေတြကို ရီးရဲလ္မက္ဒရစ္ဘက္က ဆက္သြယ္စုံစမ္းထားတယ္လုိ႔ အီတလီ သတင္းေတြမွာ ေဖာ္ျပထားခဲ့ၿပီး ဂါရက္ ေဘးလ္ရဲ႕ လက္ရွိအေနအထားကို ရွင္းရွင္းလင္းလင္း သိႏုိင္ခဲ့ၿပီးရင္ ေခၚယူဖို႔ အဆင္သင့္ျဖစ္ေအာင္ ႀကဳိတင္ခ်ိတ္ဆက္ထားခဲ့တာလုိ႔ဆုိ။

– ခံစစ္ကစားသမားသစ္ေတြေၾကာင့္ မန္စီးတီးအသင္းနဲ႔ အနာဂတ္ ေဝဝါးလာခဲ့တဲ့ ေနာက္ခံလူ နီကုိလတ္စ္ ေအာ့တာမန္ဒီကို ေခၚယူဖို႔ အသင္းေဟာင္း ေပၚတုိက စိတ္ဝင္စားေနၿပီး စာခ်ဳပ္ဖ်က္သိမ္းေပးၿပီး ေပၚတူဂီကို ျပန္ႏုိင္ဖို႔ ကစားသမားဘက္က အလိုရွိေန။

– ဖီဖာ ၂၁ ေဘာလုံးဂိမ္းရဲ႕ အရည္အေသြးသတ္မွတ္ခ်က္မွာ ၈၇ မွတ္အထိ ရရွိခဲ့ေပမယ့္ အျမန္ႏွဳန္းအတြက္ ၆၃ မွတ္သာ သတ္မွတ္ေပးခဲ့တဲ့အေပၚ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္က အံ့ၾသေနတဲ့ ပုံစံနဲ႔ တုံ႔ျပန္ခဲ့ၿပီး အျပင္မွာ ဒီထက္ျမန္တယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နာပိုလီအသင်းရဲ့ပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီးစ်ကို ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ အသင်းက ကြေငြာခဲ့ပြီး ဒီလိုတွေ ဖြစ်ပွားနေပေမယ့် နောက်ခံလူ ခါလီဒူး ကူလီဘေလီကတော့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ အနှောင့်နှေးခံမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လို့ သိရ။

– ပရီးမီးယားလိဂ် ဖန်တီးမှုအများဆုံးဆု၊ တစ်ရာသီအကောင်းဆုံးဆုနဲ့ PFA အကောင်းဆုံးဆုတွေကို ရယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူလို့ နည်းပြ ပက်ပ် ဂွါဒီယိုလာ ချီးကျူး။

– တောင်ပံကစားသမား ရီယက် မာရက်ဇ်ရဲ့ ကိုယ်စားလှယ်တွေကို ရီးရဲလ်မက်ဒရစ်ဘက်က ဆက်သွယ်စုံစမ်းထားတယ်လို့ အီတလီ သတင်းတွေမှာ ဖော်ပြထားခဲ့ပြီး ဂါရက် ဘေးလ်ရဲ့ လက်ရှိအနေအထားကို ရှင်းရှင်းလင်းလင်း သိနိုင်ခဲ့ပြီးရင် ခေါ်ယူဖို့ အဆင်သင့်ဖြစ်အောင် ကြိုတင်ချိတ်ဆက်ထားခဲ့တာလို့ဆို။

– ခံစစ်ကစားသမားသစ်တွေကြောင့် မန်စီးတီးအသင်းနဲ့ အနာဂတ် ဝေဝါးလာခဲ့တဲ့ နောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီကို ခေါ်ယူဖို့ အသင်းဟောင်း ပေါ်တိုက စိတ်ဝင်စားနေပြီး စာချုပ်ဖျက်သိမ်းပေးပြီး ပေါ်တူဂီကို ပြန်နိုင်ဖို့ ကစားသမားဘက်က အလိုရှိနေ။

– ဖီဖာ ၂၁ ဘောလုံးဂိမ်းရဲ့ အရည်အသွေးသတ်မှတ်ချက်မှာ ၈၇ မှတ်အထိ ရရှိခဲ့ပေမယ့် အမြန်နှုန်းအတွက် ၆၃ မှတ်သာ သတ်မှတ်ပေးခဲ့တဲ့အပေါ် နောက်ခံလူ အေးမရစ် လာပေါ့တ်က အံ့သြနေတဲ့ ပုံစံနဲ့ တုံ့ပြန်ခဲ့ပြီး အပြင်မှာ ဒီထက်မြန်တယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.