Premier League Transfer News

လီဗာပူးလ္ရဲ႕ အေျပာင္းအေ႐ႊ႕ေတြကို စိုးရိမ္ေနပုံရတဲ့ ယာဂန္ ကေလာ့ပ္

ZAWGYI: နည္းျပ ယာဂန္ ကေလာ့ပ္က မန္စီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းေတြအေနနဲ႔ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ကစားသမားအမ်ားအျပား ဝယ္ယူထားေပမယ့္ မိမိတုိ႔ လီဗာပူးလ္အေနနဲ႔ ေအာင္ျမင္မႈ ရယူႏိုင္ဦးမယ္လို႔ BBCနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုခဲ့ပါတယ္။ ကေလာ့ပ္အေနနဲ႔ အသင္းႀကီးႏွစ္သင္းရဲ႕ ဝယ္ယူမႈမ်ားအေပၚ ေဝဖန္ေျပာဆိုခ်င္ပုံေပါက္ေနသလို ကစားသမားအသစ္မ်ားအေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ အတူတကြ ပူးေပါင္းလုပ္ေဆာင္ဖို႔လည္း အေရးႀကီးတယ္လို႔ ဆိုခဲ့ပါတယ္။

အျခားကလပ္အသင္းမ်ား ဝယ္ယူမႈေတြ ျပဳလုပ္ထားေပမယ့္ လီဗာပူးအသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕ ႀကီးႀကီးမားမား ျပဳလုပ္ထားခဲ့တာမ်ိဳး မရွိေသးတဲ့အေပၚမွာ ကေလာ့ပ္က “ခ်ဲလ္ဆီးတို႔ စီးတီးတို႔လို ျဖစ္ခ်င္ေနလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ အသင္းက ပုံစံတစ္မ်ိဳးပါ။ လီဗာပူးလ္က လီဗာပူးလ္ပုံစံ အတိုင္းပဲ သြားရမွာပါ။ ကြၽန္ေတာ္တို႔အသင္းအေနနဲ႔လည္း ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ၂ ႏွစ္ဆက္တိုက္ ေရာက္ရွိခဲ့ၿပီးပါၿပီ။ ဖလားကိုလည္း ဆြတ္ခူးယူခဲ့ၿပီးပါၿပီ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ကေလာ့ပ္က ထပ္မံၿပီး “အသင္းေတြအေနနဲ႔လည္း အေကာင္းဆုံးကစားသမားေတြကိုပဲ ေခၚေနလို႔မရပါဘူး။ ကစားသမားေတြအခ်င္းခ်င္း အလုပ္အတူတူ လုပ္ႏိုင္မွလည္း ေတာ္ကာက်မွာပါ။ ဒီေန႔ ကမာၻ႔အေကာင္းဆုံး ၁၁ ေယာက္ကို ေခၚၿပီး သိပ္မၾကာခင္မွာ အေကာင္းဆုံး အသင္းတစ္သင္းျဖစ္မယ္ဆိုတာ မရွိပါဘူး” လို႔ဆိုခဲ့ပါတယ္။

အဲ့ဒီအင္တာဗ်ဴးမွာ ကေလာ့ပ္ဟာ လီဗာပူးလ္အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ မန္စီတီးအသင္းလိုမဟုတ္ဘူးလို႔ တည္တည္ၿငိမ္ၿငိမ္ ေျပာဆိုခဲ့ေပမယ့္ သူရဲ႕ ဟန္ပန္အေနအထားကေတာ့ စိတ္မရွည္တဲ့ပုံ ေပါက္ေနတာပါ။ အင္တာဗ်ဴးခ်ိန္မွာလည္း ၁၁ ခါေလာက္ ပခုံးကို တြန္႔ခဲ့ၿပီး ေမးခြန္းအေပၚ တည္ၿငိမ္တာထက္ စိတ္မရွည္ဘဲ ​ေျဖၾကားေနတဲ့ ပုံေပါက္ေနပါတယ္။

ကေလာ့ပ္ရဲ႕ ဟန္ပန္အေနအထားဟာ ပူပန္စိုးရိမ္ပုံ ေပါက္ၿပီး စိတ္မရွည္သလို ေျပာဆိုခဲ့တာပါ။ ပါးစပ္ကေန ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ ဆိုေနေပမယ့္ သူ႕ရဲ႕ အမူအရာအရ စိတ္ဆိုးေဒါသထြက္တဲ့ပုံ ေပါက္ေနတယ္လို႔ ကၽြမ္းက်င္သူတစ္ဦးက မွတ္ခ်က္ျပဳခဲ့ၿပီး အသင္းရဲ႕ အေျပာင္းအေရႊ႕ လုပ္ေဆာင္ေတြေပၚမွာ ေက်နပ္အားရပုံ မေပၚတဲ့ ပုံစံမ်ဳိးလို႔ သုံးသပ္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

UNICODE: နည်းပြ ယာဂန် ကလော့ပ်က မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတွေအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအများအပြား ဝယ်ယူထားပေမယ့် မိမိတို့ လီဗာပူးလ်အနေနဲ့ အောင်မြင်မှု ရယူနိုင်ဦးမယ်လို့ BBCနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ကလော့ပ်အနေနဲ့ အသင်းကြီးနှစ်သင်းရဲ့ ဝယ်ယူမှုများအပေါ် ဝေဖန်ပြောဆိုချင်ပုံပေါက်နေသလို ကစားသမားအသစ်များအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့လည်း အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။

အခြားကလပ်အသင်းများ ဝယ်ယူမှုတွေ ပြုလုပ်ထားပေမယ့် လီဗာပူးအသင်းအနေနဲ့ အပြောင်းအရွှေ့ ကြီးကြီးမားမား ပြုလုပ်ထားခဲ့တာမျိုး မရှိသေးတဲ့အပေါ်မှာ ကလော့ပ်က “ချဲလ်ဆီးတို့ စီးတီးတို့လို ဖြစ်ချင်နေလို့မရပါဘူး။ ကျွန်တော်တို့ အသင်းက ပုံစံတစ်မျိုးပါ။ လီဗာပူးလ်က လီဗာပူးလ်ပုံစံ အတိုင်းပဲ သွားရမှာပါ။ ကျွန်တော်တို့အသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ နှစ်ဆက်တိုက် ရောက်ရှိခဲ့ပြီးပါပြီ။ ဖလားကိုလည်း ဆွတ်ခူးယူခဲ့ပြီးပါပြီ” လို့ ကလော့ပ်က ဆိုပါတယ်။

ကလော့ပ်က ထပ်မံပြီး “အသင်းတွေအနေနဲ့လည်း အကောင်းဆုံးကစားသမားတွေကိုပဲ ခေါ်နေလို့မရပါဘူး။ ကစားသမားတွေအချင်းချင်း အလုပ်အတူတူ လုပ်နိုင်မှလည်း တော်ကာကျမှာပါ။ ဒီနေ့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်ကို ခေါ်ပြီး သိပ်မကြာခင်မှာ အကောင်းဆုံး အသင်းတစ်သင်းဖြစ်မယ်ဆိုတာ မရှိပါဘူး” လို့ဆိုခဲ့ပါတယ်။

အဲ့ဒီအင်တာဗျူးမှာ ကလော့ပ်ဟာ လီဗာပူးလ်အနေနဲ့ ချဲလ်ဆီးနဲ့ မန်စီတီးအသင်းလိုမဟုတ်ဘူးလို့ တည်တည်ငြိမ်ငြိမ် ပြောဆိုခဲ့ပေမယ့် သူရဲ့ ဟန်ပန်အနေအထားကတော့ စိတ်မရှည်တဲ့ပုံ ပေါက်နေတာပါ။ အင်တာဗျူးချိန်မှာလည်း ၁၁ ခါလောက် ပခုံးကို တွန့်ခဲ့ပြီး မေးခွန်းအပေါ် တည်ငြိမ်တာထက် စိတ်မရှည်ဘဲ ဖြေကြားနေတဲ့ ပုံပေါက်နေပါတယ်။

ကလော့ပ်ရဲ့ ဟန်ပန်အနေအထားဟာ ပူပန်စိုးရိမ်ပုံ ပေါက်ပြီး စိတ်မရှည်သလို ပြောဆိုခဲ့တာပါ။ ပါးစပ်ကနေ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဆိုနေပေမယ့် သူ့ရဲ့ အမူအရာအရ စိတ်ဆိုးဒေါသထွက်တဲ့ပုံ ပေါက်နေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်တွေပေါ်မှာ ကျေနပ်အားရပုံ မပေါ်တဲ့ ပုံစံမျိုးလို့ သုံးသပ်ထားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.