Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမႈ – ၁၁.၉.၂၀၂၀

– ဘ႐ိုက္တန္နဲ႔ အေဝးကြင္းပြဲစဥ္အတြက္ ကုိဗာခ်စ္၊ ဇီယက္ရွ္၊ ေခ်းလ္ဝဲလ္၊ သီယာဂို ေဆးလ္ဗားတုိ႔ လြဲေခ်ာ္မွာျဖစ္သလို ပူလီရွစ္ခ်္ကိုေတာ့ အရဲစြန္႔ၿပီး မသုံးဖို႔ လမ္းပတ္ ဆုံးျဖတ္ႏုိင္ၿပီး ဂ်ာမန္တုိက္စစ္အတြဲသစ္ျဖစ္တဲ့ ခိုင္ ဟာဗတ္ဇ္နဲ႔ တီမို ဗာနာတုိ႔ ခ်ဲလ္ဆီးအတြက္ ပထမဆုံးပြဲအျဖစ္ ကစားခြင့္ရဖို႔ရွိေန။

– အန္ဂိုလို ကြန္ေတကို ေဈးႏွဳန္းျမင့္ျမင့္မားမား ရႏိုင္ေသးတဲ့ ေနာက္ဆုံးအသက္အရြယ္ျဖစ္တဲ့ ၂၉ ႏွစ္မွာ ေရာင္းခ်သြားၿပီး ဒက္ကလန္ ႐ိုက္စ္ကို ျပန္လည္ေခၚယူလုိေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယူ႐ိုသန္း ၆၀ ေပးမယ့္ ဝယ္လက္ကို ရွာေဖြေနၿပီး မန္ခ်က္စတာယူႏုိက္တက္ ျဖစ္လာႏုိင္။

– အသင္းရဲ႕ အစီအစဥ္ေတြမွာ ပါဝင္ျခင္းမရွိတဲ့ တုိက္စစ္မွဴး မစ္ခ်ီ ဘက္ရႊာယီကို ပဲေလ့စ္က တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့ၿပီး ဗာနာေၾကာင့္ ေနရာေပ်ာက္ဖြယ္ရွိေနတဲ့ တုိက္စစ္မွဴး အုိလီဗီးေယး ဂ်ီ႐ူးကိုလည္း ဂ်ဴဗင္တပ္စ္အသင္း ပုဂၢဳိလ္ေရး သေဘာတူညီၿပီလို႔ အသံထြက္လာ။

– ဘာကာယိုကိုရဲ႕ အငွားေျပာင္းေရႊ႕ေၾကး ေပါင္ ၃ သန္းအတြက္ ကိစၥမရွိေပမယ့္ အၿပီးသတ္ေခၚယူဖို႔အတြက္ ေပါင္သန္း ၃၀ အတြက္ ေအစီမီလန္အသင္းက မေပးခ်င္ဘဲျဖစ္ေနလို႔ ညႇိႏွဳိင္းမွဳ ၾကန္႔ၾကာေနခ်ိန္မွာ ခ်ဲလ္ဆီးအသင္းဘက္ကေတာ့ ရာသီသစ္အတြက္ ေက်ာနံပါတ္ ေၾကျငာမွဳမွာ ျပင္သစ္သားကို ထည့္သြင္းမထား။

– ေက်ာနံပါတ္အလြတ္နဲ႔ ရာသီသစ္အတြက္ နံပါတ္ေၾကျငာမွဳမွာ ခ်န္လွပ္ထားျခင္းခံခဲ့ရတဲ့ တီမူး ဘာကာယိုကို၊ ဒါဗီေဒး ဇက္ပါေကာ္စတာ၊ ဒန္နီ ဒရင့္ခ္ဝါးတား၊ ဗစ္တာ မုိးဆက္စ္၊ ကစားသမားသစ္ မာလန္း ဆားရ္စတဲ့ ကစားသမားေတြကေတာ့ အသင္းရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္ဘူးလို႔ တစ္ဖက္လွည့္နဲ႔ ေျပာလုိက္သလိုျဖစ္ေနခဲ့ၿပီး အေရာင္း၊ အငွားေတြနဲ႔ ထြက္ခြာရဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘရိုက်တန်နဲ့ အဝေးကွင်းပွဲစဉ်အတွက် ကိုဗာချစ်၊ ဇီယက်ရှ်၊ ချေးလ်ဝဲလ်၊ သီယာဂို ဆေးလ်ဗားတို့ လွဲချော်မှာဖြစ်သလို ပူလီရှစ်ချ်ကိုတော့ အရဲစွန့်ပြီး မသုံးဖို့ လမ်းပတ် ဆုံးဖြတ်နိုင်ပြီး ဂျာမန်တိုက်စစ်အတွဲသစ်ဖြစ်တဲ့ ခိုင် ဟာဗတ်ဇ်နဲ့ တီမို ဗာနာတို့ ချဲလ်ဆီးအတွက် ပထမဆုံးပွဲအဖြစ် ကစားခွင့်ရဖို့ရှိနေ။

– အန်ဂိုလို ကွန်တေကို ဈေးနှုန်းမြင့်မြင့်မားမား ရနိုင်သေးတဲ့ နောက်ဆုံးအသက်အရွယ်ဖြစ်တဲ့ ၂၉ နှစ်မှာ ရောင်းချသွားပြီး ဒက်ကလန် ရိုက်စ်ကို ပြန်လည်ခေါ်ယူလိုနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ယူရိုသန်း ၆၀ ပေးမယ့် ဝယ်လက်ကို ရှာဖွေနေပြီး မန်ချက်စတာယူနိုက်တက် ဖြစ်လာနိုင်။

– အသင်းရဲ့ အစီအစဉ်တွေမှာ ပါဝင်ခြင်းမရှိတဲ့ တိုက်စစ်မှူး မစ်ချီ ဘက်ရွှာယီကို ပဲလေ့စ်က တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး ဗာနာကြောင့် နေရာပျောက်ဖွယ်ရှိနေတဲ့ တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကိုလည်း ဂျူဗင်တပ်စ်အသင်း ပုဂ္ဂိုလ်ရေး သဘောတူညီပြီလို့ အသံထွက်လာ။

– ဘာကာယိုကိုရဲ့ အငှားပြောင်းရွှေ့ကြေး ပေါင် ၃ သန်းအတွက် ကိစ္စမရှိပေမယ့် အပြီးသတ်ခေါ်ယူဖို့အတွက် ပေါင်သန်း ၃၀ အတွက် အေစီမီလန်အသင်းက မပေးချင်ဘဲဖြစ်နေလို့ ညှိနှိုင်းမှု ကြန့်ကြာနေချိန်မှာ ချဲလ်ဆီးအသင်းဘက်ကတော့ ရာသီသစ်အတွက် ကျောနံပါတ် ကြေငြာမှုမှာ ပြင်သစ်သားကို ထည့်သွင်းမထား။

– ကျောနံပါတ်အလွတ်နဲ့ ရာသီသစ်အတွက် နံပါတ်ကြေငြာမှုမှာ ချန်လှပ်ထားခြင်းခံခဲ့ရတဲ့ တီမူး ဘာကာယိုကို၊ ဒါဗီဒေး ဇက်ပါကော်စတာ၊ ဒန်နီ ဒရင့်ခ်ဝါးတား၊ ဗစ်တာ မိုးဆက်စ်၊ ကစားသမားသစ် မာလန်း ဆားရ်စတဲ့ ကစားသမားတွေကတော့ အသင်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်ဘူးလို့ တစ်ဖက်လှည့်နဲ့ ပြောလိုက်သလိုဖြစ်နေခဲ့ပြီး အရောင်း၊ အငှားတွေနဲ့ ထွက်ခွာရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.