Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၁.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေဂ်ဒန္ ဆန္ခ်ဳိကို ေဒါ့မြန္ကေန ေခၚယူႏုိင္ဖို႔ ယုံၾကည္မွဳ ျမင့္မားေနၿပီး ကစားသမားကို ဘယ္ခ်ိန္မွာ ရရွိႏိုင္မယ္လုိ႔ေတာင္ တြက္ဆထားတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကေပမယ့္ ကၽြမ္းက်င္သူေတြကေတာ့ ေပါင္ ၁၀၈ သန္း ဆုိတဲ့ နည္းလမ္းတစ္ခုပဲ ရွိႏိုင္တယ္လို႔ ခန္႔မွန္းေနၾက။

– ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို အလိုရွိေနဆဲပဲျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ သူ႕ကို ေခၚယူတဲ့အခါမွာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ၾကား ဆက္ဆံေရးေကာင္းရွိေစဖို႔အတြက္ ဆာဂ်ီယို ရက္ဂီလြန္ကို ျပန္လည္ေခၚယူခြင့္ မပါဘဲ ေရာင္းခ်ေပးဖို႔ ခြင့္ျပဳဖြယ္ရွိေန။

– အန္ဂိုလို ကြန္ေတကို ေဈးႏွဳန္းျမင့္ျမင့္မားမား ရႏိုင္ေသးတဲ့ ေနာက္ဆုံးအသက္အရြယ္ျဖစ္တဲ့ ၂၉ ႏွစ္မွာ ေရာင္းခ်သြားၿပီး ဒက္ကလန္ ႐ိုက္စ္ကို ျပန္လည္ေခၚယူလုိေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယူ႐ိုသန္း ၆၀ ေပးမယ့္ ဝယ္လက္ကို ရွာေဖြေနၿပီး မန္ခ်က္စတာယူႏုိက္တက္ ျဖစ္လာႏုိင္။

– ေပၚတုိအသင္းရဲ႕ ဘရာဇီးလ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ ယူႏုိက္တက္တို႔ ေဆြးေႏြးေနၿပီး ကစားသမားရဲ႕ စိတ္ဝင္စားမွဳ ရရွိထားေပမယ့္ သူ႕ရဲ႕ ေဈးႏွဳန္းကေတာ့ ဆန္ခ်ဳိနဲ႔ ေနာက္ခံလူတစ္ဦးကို ေခၚယူမယ့္ အစီအစဥ္အတြက္ ဆန္႔က်င္ဖြယ္ရွိေနၿပီး ယူ႐ိုသန္း ၃၀ ကေန ၄၀ ၾကား ေပးေခ်ရႏုိင္။

– အသင္းရဲ႕ အာဂ်င္တီးနားေနာက္ခံလူ မားကို႔စ္ ႐ိုဟုိကို ေရာင္းခ်ေတာ့ဖြယ္ မရွိဘဲ ဗဟိုနဲ႔ ဘယ္ျခမ္းခံစစ္ေတြမွာ ကစားႏုိင္တဲ့ အရည္အေသြးေတြေၾကာင့္ ေရြးခ်ယ္ႏိုင္စရာ အရန္အစီအစဥ္အျဖစ္ ဆုိးလ္ရွား အသုံးခ်သြားဖြယ္ရွိၿပီး ဘယ္ေနာက္ခံလူ ေခၚယူမွဳ ေအာင္ျမင္ခ်ိန္မွာမွ ထပ္မံဆုံးျဖတ္သြားဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျေဒန် ဆန်ချိုကို ဒေါ့မွန်ကနေ ခေါ်ယူနိုင်ဖို့ ယုံကြည်မှု မြင့်မားနေပြီး ကစားသမားကို ဘယ်ချိန်မှာ ရရှိနိုင်မယ်လို့တောင် တွက်ဆထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပေမယ့် ကျွမ်းကျင်သူတွေကတော့ ပေါင် ၁၀၈ သန်း ဆိုတဲ့ နည်းလမ်းတစ်ခုပဲ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြ။

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အလိုရှိနေဆဲပဲဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ သူ့ကို ခေါ်ယူတဲ့အခါမှာ မန်ချက်စတာယူနိုက်တက်နဲ့ကြား ဆက်ဆံရေးကောင်းရှိစေဖို့အတွက် ဆာဂျီယို ရက်ဂီလွန်ကို ပြန်လည်ခေါ်ယူခွင့် မပါဘဲ ရောင်းချပေးဖို့ ခွင့်ပြုဖွယ်ရှိနေ။

– အန်ဂိုလို ကွန်တေကို ဈေးနှုန်းမြင့်မြင့်မားမား ရနိုင်သေးတဲ့ နောက်ဆုံးအသက်အရွယ်ဖြစ်တဲ့ ၂၉ နှစ်မှာ ရောင်းချသွားပြီး ဒက်ကလန် ရိုက်စ်ကို ပြန်လည်ခေါ်ယူလိုနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ယူရိုသန်း ၆၀ ပေးမယ့် ဝယ်လက်ကို ရှာဖွေနေပြီး မန်ချက်စတာယူနိုက်တက် ဖြစ်လာနိုင်။

– ပေါ်တိုအသင်းရဲ့ ဘရာဇီးလ်နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် ယူနိုက်တက်တို့ ဆွေးနွေးနေပြီး ကစားသမားရဲ့ စိတ်ဝင်စားမှု ရရှိထားပေမယ့် သူ့ရဲ့ ဈေးနှုန်းကတော့ ဆန်ချိုနဲ့ နောက်ခံလူတစ်ဦးကို ခေါ်ယူမယ့် အစီအစဉ်အတွက် ဆန့်ကျင်ဖွယ်ရှိနေပြီး ယူရိုသန်း ၃၀ ကနေ ၄၀ ကြား ပေးချေရနိုင်။

– အသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ မားကို့စ် ရိုဟိုကို ရောင်းချတော့ဖွယ် မရှိဘဲ ဗဟိုနဲ့ ဘယ်ခြမ်းခံစစ်တွေမှာ ကစားနိုင်တဲ့ အရည်အသွေးတွေကြောင့် ရွေးချယ်နိုင်စရာ အရန်အစီအစဉ်အဖြစ် ဆိုးလ်ရှား အသုံးချသွားဖွယ်ရှိပြီး ဘယ်နောက်ခံလူ ခေါ်ယူမှု အောင်မြင်ချိန်မှာမှ ထပ်မံဆုံးဖြတ်သွားဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.