Bundesliga La Liga Transfer News

ပီကေးရဲ့နေရာမှာ ချဲလ်ဆီးပစ်မှတ်နဲ့ အစားထိုးမယ့် ဘာဆာ

ဘာစီလိုနာအသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် ဂျရတ် ပီကေးရဲ့နေရာမှာ ချဲလ်ဆီးပစ်မှတ် လိုက်ပ်ဇစ်ကြယ်ပွင့် ယို့စ်ကို ဂွါဒီယိုလ်နဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီကေးဟာ ယခုလအစောပိုင်းမှာ ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့က အယ်လ်မီးရီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် နောက်ဆုံး ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ စပိန်ဝါရင့်နောက်ခံလူဟာ နည်းပြ ဇာဗီရဲ့ ပွဲထွက်လူစာရင်းထဲမှာ နေရာမရတော့သူဖြစ်ပြီး ယခုရာသီမှာ လာလီဂါ ၆ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ရာမှာ ၂ ပွဲက လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဂျာနယ်လစ် အီခရန် ကိုနုရှ်က ကတ်တလန် ထိပ်သီးအသင်းကြီးဟာ စပိန်နောက်ခံကစားသမားရဲ့ နေရာမှာ ဂွါဒီယိုလ်နဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ခရိုအေးရှားနောက်ခံလူကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အနောက်လန်ဒန် ကလပ်အသင်းဟာ လိုက်ပ်ဇစ်နောက်ခံလူကို ဆက်လက် စောင့်ကြည့်နေဆဲဖြစ်ပြီး အသက် ၂၀ အရွယ် နောက်ခံကစားသမားအတွက် လာမယ့်ဇန်နဝါရီလမှာ နောက်ထပ်တစ်ကြိမ် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။

ဂွါဒီယိုလ်ဟာ ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံး လူငယ်နောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ကိုနာတေနဲ့ အူပါမီကာနိုတို့ ၂ ဦးစလုံးထွက်ခွာသွားမှုကြောင့် အင်အားချိနဲ့သွားတဲ့ လိုက်ပ်ဇစ်ကို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလ်ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဒီနမို ဇာဂရက်ကနေ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၆၅ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ခရစ္စတင်ဆန်နဲ့ ဂျူးစ် ကွန်ဒေတို့လို ကစားသမားတွေကို ခေါ်ယူပြီး ခံစစ်ကို အင်အားဖြည့်တင်းခဲ့ပေမယ့်လည်း ပီကေး အနားယူမှုနဲ့ အဲရစ် ဂါစီယာရဲ့ ခြေစွမ်းပိုင်း ဆိုးရွားနေမှုကြောင့် ခံစစ်မှာ ကမ္ဘာ့အဆင့် နောက်ခံကစားသမားတစ်ဦး ထပ်မံ ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်လာတဲ့ပုံ ပေါ်ပါတယ်။

အဲဒီအပြင် ခံစစ်မှာ ဒဏ်ရာပြဿနာ အကြပ်အတည်းကြောင့် ဘယ်နောက်ခံကစားသမား မားကို့စ် အလွန်ဆိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဗဟိုခံစစ်ကစားသမားအဖြစ် ဝင်ကစားပေးနေခဲ့ရတာဖြစ်ပြီး ဘာစီလိုနာနဲ့ ချဲလ်ဆီးတို့ဟာ လာမယ့်အပတ်အတွင်း ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် လိုက်ပ်ဇစ်နောက်ခံလူ ပါဝင်ကစားပေးတာကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ အသင္းကေန ထြက္ခြာေတာ့မယ့္ ဂ်ရတ္ ပီေကးရဲ႕ေနရာမွာ ခ်ဲလ္ဆီးပစ္မွတ္ လိုက္ပ္ဇစ္ၾကယ္ပြင့္ ယို႔စ္ကို ဂြါဒီယိုလ္နဲ႔ အစားထိုးသြားမယ္လို႔ သိရပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပီေကးဟာ ယခုလအေစာပိုင္းမွာ ေဘာလုံးသမားဘဝကေန အနားယူေတာ့မယ္လို႔ ေၾကညာခဲ့တာျဖစ္ၿပီး ႏိုဝင္ဘာလ ၆ ရက္ေန႔က အယ္လ္မီးရီးယားကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ ေနာက္ဆုံး ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ စပိန္ဝါရင့္ေနာက္ခံလူဟာ နည္းျပ ဇာဗီရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ေနရာမရေတာ့သူျဖစ္ၿပီး ယခုရာသီမွာ လာလီဂါ ၆ ပြဲသာ ပါဝင္ကစားခြင့္ ရရွိခဲ့ရာမွာ ၂ ပြဲက လူစားဝင္ကစားသမားအျဖစ္ ကစားခဲ့ရတာ ျဖစ္ပါတယ္။

ဂ်ာနယ္လစ္ အီခရန္ ကိုႏုရွ္က ကတ္တလန္ ထိပ္သီးအသင္းႀကီးဟာ စပိန္ေနာက္ခံကစားသမားရဲ႕ ေနရာမွာ ဂြါဒီယိုလ္နဲ႔ အစားထိုးသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ႐ိုေအးရွားေနာက္ခံလူကို ေခၚယူဖို႔ ႀကိဳးပမ္းရာမွာ မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အေနာက္လန္ဒန္ ကလပ္အသင္းဟာ လိုက္ပ္ဇစ္ေနာက္ခံလူကို ဆက္လက္ ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး အသက္ ၂၀ အ႐ြယ္ ေနာက္ခံကစားသမားအတြက္ လာမယ့္ဇန္နဝါရီလမွာ ေနာက္ထပ္တစ္ႀကိမ္ တိုက္ပြဲဝင္သြားမွာျဖစ္ပါတယ္။

ဂြါဒီယိုလ္ဟာ ဥေရာပေဘာလုံးေလာကရဲ႕ အေကာင္းဆုံး လူငယ္ေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ကိုနာေတနဲ႔ အူပါမီကာႏိုတို႔ ၂ ဦးစလုံးထြက္ခြာသြားမႈေၾကာင့္ အင္အားခ်ိနဲ႔သြားတဲ့ လိုက္ပ္ဇစ္ကို ကူညီေပးခဲ့တာ ျဖစ္ပါတယ္။ ဂြါဒီယိုလ္ဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ဒီနမို ဇာဂရက္ကေန လိုက္ပ္ဇစ္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ ၆၅ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမား ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုေႏြရာသီမွာ ခရစၥတင္ဆန္နဲ႔ ဂ်ဴးစ္ ကြန္ေဒတို႔လို ကစားသမားေတြကို ေခၚယူၿပီး ခံစစ္ကို အင္အားျဖည့္တင္းခဲ့ေပမယ့္လည္း ပီေကး အနားယူမႈနဲ႔ အဲရစ္ ဂါစီယာရဲ႕ ေျခစြမ္းပိုင္း ဆိုး႐ြားေနမႈေၾကာင့္ ခံစစ္မွာ ကမာၻ႔အဆင့္ ေနာက္ခံကစားသမားတစ္ဦး ထပ္မံ ျဖည့္တင္းဖို႔ မျဖစ္မေန လိုအပ္လာတဲ့ပုံ ေပၚပါတယ္။

အဲဒီအျပင္ ခံစစ္မွာ ဒဏ္ရာျပႆနာ အၾကပ္အတည္းေၾကာင့္ ဘယ္ေနာက္ခံကစားသမား မားကို႔စ္ အလြန္ဆိုဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဗဟိုခံစစ္ကစားသမားအျဖစ္ ဝင္ကစားေပးေနခဲ့ရတာျဖစ္ၿပီး ဘာစီလိုနာနဲ႔ ခ်ဲလ္ဆီးတို႔ဟာ လာမယ့္အပတ္အတြင္း ခ႐ိုေအးရွားလက္ေ႐ြးစင္အသင္းအတြက္ လိုက္ပ္ဇစ္ေနာက္ခံလူ ပါဝင္ကစားေပးတာကို ေစာင့္ၾကည့္သြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.