International Match Report World Cup

အုပ်စုအဖွင့်ပွဲကို အနိုင်ရဖို့ အာရပ်အသင်း UAE ကို ခြေစမ်းပွဲမှာ ဝုန်းတဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ သူတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီအာရေးဘီးယားနဲ့တွေ့ဆုံရမှာဖြစ်တာကြောင့် ပြိုင်ပွဲအကြိုတွေမှာ လုပ်နေကျ ထုံးစံဖြစ်တဲ့ ကစားပုံ နီးစပ်တဲ့ တူညီတဲ့ ဒေသက အသင်းတွေနဲ့ ခြေစမ်းခဲ့ရာမှာ မနေ့ညကတော့ အရှေ့အလယ်ပိုင်းဒေသက အာရပ်အသင်း တစ်သင်းဖြစ်တဲ့ ယူအေအီးနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အသင်းကို ထုံးစံအတိုင်း မက်ဆီကပဲ ဦးဆောင်လာခဲ့ပြီး ဂိုးသမား အီမီလီယာနို မာတီနက်ဇ်၊ ခံစစ်မှာ‌ အော်တာမန်ဒီ၊ လီဆန်ဒရို မာတီနက်ဇ်၊ ဖွိုက်သ်နဲ့ အကူညာတို့ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ပါရေးဒက်စ်၊ ဒီပေါလ်၊ ဒီမာရီယာနဲ့ မက္ကယ်လစ္စတာတို့ကို အသုံးပြုခဲ့ချိန်မှာ တိုက်စစ်မှာတော့ မက်ဆီနဲ့ မန်စီးတီးရဲ့ အယ်လ်ဗာရက်ဇ်တို့ တွဲထွက်လာခဲ့ကြတာပါ။

အာဂျင်တီးနားအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၇ မိနစ်မှာ စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဒီမာရီယာပေးတာကို လူကျွံထောင်ချောက်က လွတ်ထွက်သွားနိုင်ခဲ့တဲ့ မက်ဆီက ဂိုးသမားနဲ့ အတွေ့မှာ ဘယ်ခြမ်းကို ပြန်ချိုးပေးခဲ့ရာမှာ လိုက်ပါလာတဲ့ အယ်လ်ဗာရက်ဇ်က သူ့ရဲ့ တတိယမြောက် လက်ရွေးစင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ အာဂျင်တီးနားတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာပြီး နောက်ခံလူ အကူညာက ဖြတ်တင်ပေးတာကို ညာဘက်မှာ စောင့်နေခဲ့တဲ့ ဒီမာရီယာက ဧရိယာအတွင်းကနေ တိကျတဲ့ Volley ကန်ချက်နဲ့ ဘယ်ဘက် တိုင်ခြေကို ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာ တောင်အမေရိကသား တန်ဂိုတွေပဲ တတိယဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ ဒီပေါလ်က လှမ်းမ,ပေးတာကို မက္ကယ်လစ္စတာက ဧရိယာထဲမှာ ပြန်ခင်းပေးရာမှာ အသက် ၃၄ နှစ်ကျမှ ငယ်ခြေတွေ ပြန်ပေါ်နေတဲ့ ဒီမာရီယာကပဲ ယူအေအီးနောက်ခံလူနှစ်ယောက်နဲ့ ဂိုးသမားကိုပါ လိမ်ခေါက်ပြီးမှ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ မင်းသားကြီး မက်ဆီက တစ်ဂိုးပါဝင်အားပေးသွားခဲ့ပြီး အာဂျင်တီးနားတို့ စတုတ္ထဂိုး ရရှိသွားခဲ့သလို ဒီဂိုးကိုတော့ ဧရိယာထိပ်မှာ ရှုပ်ယှက်ခတ်အောင် ခံစစ်ပိတ်နေတဲ့ ယူအေအီးနောက်ခံလူတွေကြားထဲကနေ ဒီမာရီယာက ညာခြမ်းကို ထုတ်ပေးခဲ့တာကို မက်ဆီက သူ့ရှေ့က ပြိုင်ဘက်အသင်းသားနှစ်ဦးကို ကျော်ဖြတ်ပြီး ညာခြေနဲ့ ဘယ်ဘက်တိုင်ထောင့်ကို ချိုးကန်သွားခဲ့တာပါ။

ပထမပိုင်းမှာ အာဂျင်တီးနားတို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ စကာလိုနီက ဒီမာရီယာ၊ အကူညာ၊ မက္ကယ်လစ္စတာ၊ အော့တာမန်ဒီတို့အစား မိုလီနာ၊ ဟိုအာကင် ကော်ရီးယား၊ မွန်တီယယ်လ်နဲ့ ပက်ဇယ်လာတို့ကို ထည့်သွင်းခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ်အစား အန်ဇို ဖာနန်ဒက်ဇ်ကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ အာဂျင်တီးနားတို့ ပဉ္စမဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ခြေစွမ်းပြနေခဲ့တဲ့ ဒီပေါလ်က ဧရိယာထဲ ခင်းပေးခဲ့တာကို ကော်ရီးယားက ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ ယူအေအီးနောက်ခံလူတွေကြားက လူထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးသမား မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၇၅ မိနစ်မှာ အာဂျင်တီးနားဘက်က နောက်ဆုံးလူစားလဲမှုအဖြစ် ပါရေးဒက်စ်အစား ဂီဒို ရိုဒရီးရက်ဇ်ကို ထည့်သွင်းသွားခဲ့ပေမယ့် မက်ဆီကတော့ ပွဲချိန်အပြည့်အထိ ဆက်လက်ကစားသွားခဲ့ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ယူအေအီးတို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို လာမယ့် ဆော်ဒီနဲ့ပွဲအတွက် အဆင်သင့်ဖြစ်ဖို့ လုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ အာဂျင်တီးနားနည်းပြက စကာလိုနီကတော့ သူ့ရဲ့ ၂၆ ဦး လူစာရင်းကို ပွဲမကစားခင်မှာ ပြောင်းလဲနိုင်သေးတယ်လို့ ကြံ့ခိုင်မှု မပြည့်ဝဘဲ အဖျားအနာ၊ ဒဏ်ရာတွေ ရှိနေကြောင်းကို ရိပ်ဖမ်းသံဖမ်း ထုတ်ဖော်သွားခဲ့ပြီး ဒီနေ့ပွဲမှာ အရန်ခုံကနေ ဝင်ကစားတာကို မတွေ့ရတဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်အတွက်တော့ ပရိသတ်တွေ စိတ်မချစရာဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းအေနနဲ႔ သူတို႔ရဲ႕ ကမာၻ႔ဖလား အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီအာေရးဘီးယားနဲ႔ေတြ႕ဆုံရမွာျဖစ္တာေၾကာင့္ ၿပိဳင္ပြဲအႀကိဳေတြမွာ လုပ္ေနက် ထုံးစံျဖစ္တဲ့ ကစားပုံ နီးစပ္တဲ့ တူညီတဲ့ ေဒသက အသင္းေတြနဲ႔ ေျခစမ္းခဲ့ရာမွာ မေန႔ညကေတာ့ အေရွ႕အလယ္ပိုင္းေဒသက အာရပ္အသင္း တစ္သင္းျဖစ္တဲ့ ယူေအအီးနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ပါတယ္။

အသင္းကို ထုံးစံအတိုင္း မက္ဆီကပဲ ဦးေဆာင္လာခဲ့ၿပီး ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္၊ ခံစစ္မွာ‌ ေအာ္တာမန္ဒီ၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဖြိဳက္သ္နဲ႔ အကူညာတို႔ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ပါေရးဒက္စ္၊ ဒီေပါလ္၊ ဒီမာရီယာနဲ႔ မကၠယ္လစၥတာတို႔ကို အသုံးျပဳခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ မန္စီးတီးရဲ႕ အယ္လ္ဗာရက္ဇ္တို႔ တြဲထြက္လာခဲ့ၾကတာပါ။

အာဂ်င္တီးနားအသင္းအတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ ၁၇ မိနစ္မွာ စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဒီမာရီယာေပးတာကို လူကြၽံေထာင္ေခ်ာက္က လြတ္ထြက္သြားႏိုင္ခဲ့တဲ့ မက္ဆီက ဂိုးသမားနဲ႔ အေတြ႕မွာ ဘယ္ျခမ္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ လိုက္ပါလာတဲ့ အယ္လ္ဗာရက္ဇ္က သူ႔ရဲ႕ တတိယေျမာက္ လက္ေ႐ြးစင္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တိုက္စစ္ဆင္လာၿပီး ေနာက္ခံလူ အကူညာက ျဖတ္တင္ေပးတာကို ညာဘက္မွာ ေစာင့္ေနခဲ့တဲ့ ဒီမာရီယာက ဧရိယာအတြင္းကေန တိက်တဲ့ Volley ကန္ခ်က္နဲ႔ ဘယ္ဘက္ တိုင္ေျခကို ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ေတာင္အေမရိကသား တန္ဂိုေတြပဲ တတိယဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္ကေန ဒီေပါလ္က လွမ္းမ,ေပးတာကို မကၠယ္လစၥတာက ဧရိယာထဲမွာ ျပန္ခင္းေပးရာမွာ အသက္ ၃၄ ႏွစ္က်မွ ငယ္ေျခေတြ ျပန္ေပၚေနတဲ့ ဒီမာရီယာကပဲ ယူေအအီးေနာက္ခံလူႏွစ္ေယာက္နဲ႔ ဂိုးသမားကိုပါ လိမ္ေခါက္ၿပီးမွ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ မင္းသားႀကီး မက္ဆီက တစ္ဂိုးပါဝင္အားေပးသြားခဲ့ၿပီး အာဂ်င္တီးနားတို႔ စတုတၳဂိုး ရရွိသြားခဲ့သလို ဒီဂိုးကိုေတာ့ ဧရိယာထိပ္မွာ ရႈပ္ယွက္ခတ္ေအာင္ ခံစစ္ပိတ္ေနတဲ့ ယူေအအီးေနာက္ခံလူေတြၾကားထဲကေန ဒီမာရီယာက ညာျခမ္းကို ထုတ္ေပးခဲ့တာကို မက္ဆီက သူ႔ေရွ႕က ၿပိဳင္ဘက္အသင္းသားႏွစ္ဦးကို ေက်ာ္ျဖတ္ၿပီး ညာေျခနဲ႔ ဘယ္ဘက္တိုင္ေထာင့္ကို ခ်ိဳးကန္သြားခဲ့တာပါ။

ပထမပိုင္းမွာ အာဂ်င္တီးနားတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ နည္းျပ စကာလိုနီက ဒီမာရီယာ၊ အကူညာ၊ မကၠယ္လစၥတာ၊ ေအာ့တာမန္ဒီတို႔အစား မိုလီနာ၊ ဟိုအာကင္ ေကာ္ရီးယား၊ မြန္တီယယ္လ္နဲ႔ ပက္ဇယ္လာတို႔ကို ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ အယ္လ္ဗာရက္ဇ္အစား အန္ဇို ဖာနန္ဒက္ဇ္ကို အေျပာင္းအလဲလုပ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အာဂ်င္တီးနားတို႔ ပၪၥမဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေျခစြမ္းျပေနခဲ့တဲ့ ဒီေပါလ္က ဧရိယာထဲ ခင္းေပးခဲ့တာကို ေကာ္ရီးယားက ပိတ္ဆို႔ဖို႔ ႀကိဳးစားေနတဲ့ ယူေအအီးေနာက္ခံလူေတြၾကားက လူထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဂိုးသမား မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာ အာဂ်င္တီးနားဘက္က ေနာက္ဆုံးလူစားလဲမႈအျဖစ္ ပါေရးဒက္စ္အစား ဂီဒို ႐ိုဒရီးရက္ဇ္ကို ထည့္သြင္းသြားခဲ့ေပမယ့္ မက္ဆီကေတာ့ ပြဲခ်ိန္အျပည့္အထိ ဆက္လက္ကစားသြားခဲ့ၿပီး ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ယူေအအီးတို႔ကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့သလို လာမယ့္ ေဆာ္ဒီနဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲအၿပီးမွာ အာဂ်င္တီးနားနည္းျပက စကာလိုနီကေတာ့ သူ႔ရဲ႕ ၂၆ ဦး လူစာရင္းကို ပြဲမကစားခင္မွာ ေျပာင္းလဲႏိုင္ေသးတယ္လို႔ ႀကံ့ခိုင္မႈ မျပည့္ဝဘဲ အဖ်ားအနာ၊ ဒဏ္ရာေတြ ရွိေနေၾကာင္းကို ရိပ္ဖမ္းသံဖမ္း ထုတ္ေဖာ္သြားခဲ့ၿပီး ဒီေန႔ပြဲမွာ အရန္ခုံကေန ဝင္ကစားတာကို မေတြ႕ရတဲ့ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္အတြက္ေတာ့ ပရိသတ္ေတြ စိတ္မခ်စရာျဖစ္ခဲ့ရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.