Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု – ၁၀.၉.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအနေနဲ့ သူတို့ရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေနဲ့ ရာသီသစ်အတွက် အစီအစဉ်ချမှတ်မှုတွေကို နှောင့်နေးစေတဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် နောက်ဆုံးရက်ကို သတ်မှတ်လိုက်ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ အပြီးမသတ်နိုင်ရင် မခေါ်တော့ဘူးလို့ သတိပေး။

– အသင်းဘက်က ယူရို ၂၅ သန်း သတ်မှတ်ထားပြီး ဘာစီလိုနာဘက်က ယူရို ၁၀ သန်းနဲ့သာ ကမ်းလှမ်းခဲ့တဲ့ လာမာစီယာထွက် နောက်ခံလူ အဲရစ် ဂါစီယာအတွက် ယူရို ၁၅ သန်းကနေ ၁၈ သန်းအတွင်း ရရှိမှသာ ခွင့်ပြုသွားနိုင်မယ်လို့ မန်စီးတီးဆို။

– ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ရီယက် မာရက်ဇ်ကို ခေါ်ယူသွားဖို့ ရီးရဲလ်မက်ဒရစ် အသင်းက စိတ်ဝင်စားနေခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်စုံစမ်းခဲ့တယ်လို့ သတင်းတွေ ဖော်ပြ။

– အသင်းမှာ ဆက်ရှိနေပြီး နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပေမယ့် မန်စီးတီးဘက်က ပေါင်သန်း ၂၀ နဲ့ အစောတုန်းက အရောင်းစာရင်းတင်ထားခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ကို ခေါ်ယူဖို့ တော့တင်ဟမ် ဟော့စပါးစ် စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းနဲ့ ဆွေးနွေးနေပြီး ပြောင်းရွှေ့ကြေး အဆင်မပြေသေးတဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့ မန်စီးတီးဘက်က တစ်ဖန်ပြန်လည် စိတ်ဝင်စားလာပြီး မက်ဆီကို ခေါ်စရာ မလိုသေးလို့ အပြောင်းအရွှေ့ဘတ်ဂျက်တွေကို ပြန်လည် အသုံးပြုဖို့ ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.