Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၁၀.၉.၂၀၂၀

– ချဲလ်ဆီးအသင်းရဲ့ ရာသီသစ်အတွက် ကျောနံပါတ်တွေကို ထုတ်ပြန်ရာမှာတော့ နောက်ခံလူသစ် သီယာဂို ဆေးလ်ဗားက နံပါတ် ၆၊ ချေးဝဲလ်က ၂၁၊ ကွင်းလယ်က ဟာဗတ်ဇ်က ၂၉၊ တောင်ပံကစားသမား ဇီယက်ခ်ျက ၂၂၊ ပူလီဆစ်ခ်ျက နံပါတ် ၁၀ နဲ့ တိုက်စစ်မှူးသစ် တီမို ဗာနာက ၁၁ တို့ကို အသီးသီးရရှိ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က ချဲလ်ဆီးအသင်းရဲ့ ကစားသမား ၇ ယောက်အထိ နွေရာသီ ဈေးကွက်မှာ ခေါ်ယူသွားတာကို မနာလိုကြောင်းနဲ့ လမ်းပတ်ကို ထောက်ခံပြီး အသင်းကို တည်ဆောက်ပေးနေတဲ့ အေဘရာမိုဗစ်ခ်ျရဲ့ ပုံစံကို သဘောကျကြောင်း ပြောကြား။




REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းရဲ့ ရာသီသစ်အတွက် ကျောနံပါတ်တွေကို ထုတ်ပြန်ရာမှာတော့ နောက်ခံလူသစ် သီယာဂို ဆေးလ်ဗားက နံပါတ် ၆၊ ချေးဝဲလ်က ၂၁၊ ကွင်းလယ်က ဟာဗတ်ဇ်က ၂၉၊ တောင်ပံကစားသမား ဇီယက်ချ်က ၂၂၊ ပူလီဆစ်ချ်က နံပါတ် ၁၀ နဲ့ တိုက်စစ်မှူးသစ် တီမို ဗာနာက ၁၁ တို့ကို အသီးသီးရရှိ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က ချဲလ်ဆီးအသင်းရဲ့ ကစားသမား ၇ ယောက်အထိ နွေရာသီ ဈေးကွက်မှာ ခေါ်ယူသွားတာကို မနာလိုကြောင်းနဲ့ လမ်းပတ်ကို ထောက်ခံပြီး အသင်းကို တည်ဆောက်ပေးနေတဲ့ အေဘရာမိုဗစ်ချ်ရဲ့ ပုံစံကို သဘောကျကြောင်း ပြောကြား။

– ချဲလ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ အရန်တိုက်စစ်မှူး မစ်ချီ ဘက်ရွှာယီကို အကျိုးအမြတ် မရှိဘဲ လက်မလွှတ်ရစေဖို့အတွက် စာချုပ်သစ် ထပ်မံချုပ်ဆိုသွားဦးမှာဖြစ်ပြီး ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို နောက်တစ်ကြိမ် ထပ်မံအငှားချဖို့ စီစဉ်နေ။

– လေဗာကူဆင်နဲ့ ချဲလ်ဆီးကြားမှာ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေစေဖို့အတွက် အပြောင်းအရွှေ့ကနေ ရရှိနိုင်တဲ့ ဘောနပ်စ် ပေါင် ၉ သန်း (ဆယ်ရာခိုင်နှုန်း ဘောနပ်စ်ဖြစ်နိုင်)ကို မယူဘူးလို့ ဂျာမန်အသင်းဆီ စွန့်လွှတ်ခဲ့ပြီးမှ ပြောင်းရွှေ့လာတာလို့ ဟာဗတ်ဇ် ပြောကြား။

– ချဲလ်ဆီးအသင်းကို အေဒူယာ မန်ဒီ ရောက်လာဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး ရင်းနေးအနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ လာလီဂါကလပ် ဂရန်နာဒါရဲ့ ပေါ်တူဂီဂိုးသမား ရူအီ ဆေးလ်ဗားကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူဖို့ ပြန်လည်ချိတ်ဆက်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.