Serie A

အသင်းဖော်တွေအပေါ် သစ္စာဖောက်တဲ့ကောင်ကို ရောင်းပစ်မယ်လို့ ပြောလိုက်တဲ့ မော်ရင်ညို

ရိုးမားအသင်းနည်းပြ ဟိုဆေး မော်ရင်ညိုက ဗုဒ္ဓဟူးနေ့ညက ဆက်ဆူအိုလိုနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ထူးခြားတဲ့ ပွဲပြီးအင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။

ရိုးမားအသင်းဟာ တန်မီ အေဘရာဟမ်ရဲ့ ပွဲကစားချိန် ၁၀ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အဝေးကွင်းနိုင်ပွဲ ရရှိတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ပီနာမွန်တီရဲ့ ၈၅ မိနစ်က ချေပဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် အဝေးကွင်းမှာ ရမှတ် ၃ မှတ်အပြည့်ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ရိုးမားအသင်းဟာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ရပြီး တကယ်လို့ နောက်ကျ ချေပဂိုးသာ ခွင့်မပြုခဲ့ရဘူးဆိုရင်တော့ မော်ရင်ညိုရဲ့ အသင်းဟာ အဆင့် ၃ နေရာအထိ တက်လှမ်းသွားနိုင်ခဲ့မှာ ဖြစ်ပါတယ်။

အဲဒါက မော်ရင်ညိုအတွက် ခွင့်မလွှတ်နိုင်လောက်အောင် ဒေါသထွက်စရာမဟုတ်ခဲ့ပေမယ့်လည်း ဆက်ဆူအိုလိုနဲ့ပွဲစဉ်က ကစားသမားတစ်ဦးကိုတော့ ယမ်းပုံမီးကျ ဒေါသပေါက်ကွဲခဲ့ပြီး သစ္စာဖောက်ကောင်လို့ ပြောဆိုတဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။

“အသင်းရဲ့ ကြိုးစားအားထုတ်မှုက ပရော်ဖက်ရှင်နယ်မပီသတဲ့ ကစားသမားတစ်ဦးရဲ့ သစ္စာဖောက်မှုခံခဲ့ရတာကို ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျား ကျွန်တော် လာဇီယိုနဲ့ပွဲတုန်းက ရော်ဂျာ အီဘာညက်ဇ်နဲ့ပတ်သက်ပြီး ဒီလိုမျိုး ပြောတာမျိုး မမြင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အမှားဆိုတာက ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါ။ သူ့ရဲ့ ခံယူချက်က ပြဿနာမဟုတ်ခဲ့ပါဘူး”

“ပရော်ဖက်ရှင်နယ်မပီသတဲ့ ခံယူချက်ကျတော့ အသင်းဖော်တွေအပေါ် မတရားရာကျပြီး အဲဒါက ကျွန်တော့်ကို စိတ်ပျက်စေခဲ့တာပါ။ ကျွန်တော့်မှာ ဒီည ကွင်းထဲမှာ ကစားသမား ၁၆ ဦးရှိခဲ့ပြီး ၁၅ ယောက်ရဲ့ ခံယူချက်ကို သဘောကျခဲ့ပါတယ်။ ကျန်တဲ့ ကစားသမားကတော့ ဘယ်သူလဲဆိုတာကို ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူက အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို သစ္စာဖောက်ခဲ့တယ်။ ဇန်နဝါရီလမှာ သူ့အတွက် တခြားအသင်းသစ်ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုက ကစားသမားရဲ့နာမည်ကို ထုတ်မပြောခဲ့ပေမယ့်လည်း ဘယ်ကစားသမားလဲဆိုတာကို သိရဖို့ကတော့ အီတလီက သတင်းဌာနတွေအတွက် သိပ်အချိန်မယူခဲ့ရတာဖြစ်ပါတယ်။

Sky Italia ရဲ့ ဖော်ပြချက်အရ မော်ရင်ညို ပြောတဲ့ သစ္စာဖောက်က ညာနောက်ခံကစားသမား ရစ်ခ် ကားရှ်ဒေါ့ဖြစ်တယ်လို့ သိရပြီး Corriere dello Sport ကလည်း အဲဒီဖော်ပြမှုက မှန်ကန်ကြောင်း ထောက်ခံခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒတ်ချ် နောက်ခံကစားသမားဟာ ၆၅ မိနစ်မှာ ဂိုးမရှိသရေကျနေချိန်အတွင်း လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး Football Italia ရဲ့ ဖော်ပြချက်အရ ကားရှ်ဒေါ့ဟာ ဘောလုံးလုယူဖို့ ကြိုးပမ်းမှု အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ပြီး တလွဲဖြတ်တင်ပေးပို့မှုတွေနဲ့ အာမန်း လိုယန်တေးက ပီနာမွန်တီအတွက် ဂိုးဖန်တီးပေးခဲ့ချိန်မှာ ခုခံကာကွယ်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အမှန်တကယ်လည်း ဆက်ဆူအိုလို သွင်းယူသွားတဲ့ ချေပဂိုးကို ပြန်လည် ကြည့်ရှုချိန်မှာလည်း ကိုယ်လူကပ်ကစားနေတဲ့ ကစားသမားနောက်ကို မီအောင် မလိုက်နိုင်ခဲ့တဲ့ ကားရှ်ဒေါ့ရဲ့ ခံစစ်ကစားပုံကလည်း အမှန်တကယ် မေးခွန်းထုတ်စရာ ကောင်းနေခဲ့တာဖြစ်ပါတယ်။ ကားရှ်ဒေါ့ဟာ ၂၀၁၇ ခုနှစ်မှာ ဖီယင်နုအသင်းကနေ ရိုးမားကို ယူရို ၁၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့်လည်း မော်ရင်ညိုရဲ့ ပြောစကားအရဆိုရင်တော့ လာမယ့်ဇန်နဝါရီလမှာ အသင်းသစ် ရှာဖွေရတော့မှာ သေချာနေပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုးမားအသင္းနည္းျပ ဟိုေဆး ေမာ္ရင္ညိဳက ဗုဒၶဟူးေန႔ညက ဆက္ဆူအိုလိုနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီး ထူးျခားတဲ့ ပြဲၿပီးအင္တာဗ်ဴး ျပဳလုပ္ခဲ့ပါတယ္။

႐ိုးမားအသင္းဟာ တန္မီ ေအဘရာဟမ္ရဲ႕ ပြဲကစားခ်ိန္ ၁၀ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ အေဝးကြင္းႏိုင္ပြဲ ရရွိေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ပီနာမြန္တီရဲ႕ ၈၅ မိနစ္က ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ အေဝးကြင္းမွာ ရမွတ္ ၃ မွတ္အျပည့္ရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဒီရလဒ္ေၾကာင့္ ႐ိုးမားအသင္းဟာ အဆင့္ ၆ ေနရာမွာ ရပ္တည္ခဲ့ရၿပီး တကယ္လို႔ ေနာက္က် ေခ်ပဂိုးသာ ခြင့္မျပဳခဲ့ရဘူးဆိုရင္ေတာ့ ေမာ္ရင္ညိဳရဲ႕ အသင္းဟာ အဆင့္ ၃ ေနရာအထိ တက္လွမ္းသြားႏိုင္ခဲ့မွာ ျဖစ္ပါတယ္။

အဲဒါက ေမာ္ရင္ညိဳအတြက္ ခြင့္မလႊတ္ႏိုင္ေလာက္ေအာင္ ေဒါသထြက္စရာမဟုတ္ခဲ့ေပမယ့္လည္း ဆက္ဆူအိုလိုနဲ႔ပြဲစဥ္က ကစားသမားတစ္ဦးကိုေတာ့ ယမ္းပုံမီးက် ေဒါသေပါက္ကြဲခဲ့ၿပီး သစၥာေဖာက္ေကာင္လို႔ ေျပာဆိုတဲ့အထိ ျဖစ္ခဲ့တာျဖစ္ပါတယ္။

“အသင္းရဲ႕ ႀကိဳးစားအားထုတ္မႈက ပေရာ္ဖက္ရွင္နယ္မပီသတဲ့ ကစားသမားတစ္ဦးရဲ႕ သစၥာေဖာက္မႈခံခဲ့ရတာကို ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္မိပါတယ္။ ခင္ဗ်ား ကြၽန္ေတာ္ လာဇီယိုနဲ႔ပြဲတုန္းက ေရာ္ဂ်ာ အီဘာညက္ဇ္နဲ႔ပတ္သက္ၿပီး ဒီလိုမ်ိဳး ေျပာတာမ်ိဳး မျမင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ အမွားဆိုတာက ၿပိဳင္ပြဲရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ေနလို႔ပါ။ သူ႔ရဲ႕ ခံယူခ်က္က ျပႆနာမဟုတ္ခဲ့ပါဘူး”

“ပေရာ္ဖက္ရွင္နယ္မပီသတဲ့ ခံယူခ်က္က်ေတာ့ အသင္းေဖာ္ေတြအေပၚ မတရားရာက်ၿပီး အဲဒါက ကြၽန္ေတာ့္ကို စိတ္ပ်က္ေစခဲ့တာပါ။ ကြၽန္ေတာ့္မွာ ဒီည ကြင္းထဲမွာ ကစားသမား ၁၆ ဦးရွိခဲ့ၿပီး ၁၅ ေယာက္ရဲ႕ ခံယူခ်က္ကို သေဘာက်ခဲ့ပါတယ္။ က်န္တဲ့ ကစားသမားကေတာ့ ဘယ္သူလဲဆိုတာကို ကြၽန္ေတာ္ ေျပာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သူက အားလုံးရဲ႕ ႀကိဳးစားအားထုတ္မႈကို သစၥာေဖာက္ခဲ့တယ္။ ဇန္နဝါရီလမွာ သူ႔အတြက္ တျခားအသင္းသစ္ရွာေဖြဖို႔ လိုအပ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ညိဳက ကစားသမားရဲ႕နာမည္ကို ထုတ္မေျပာခဲ့ေပမယ့္လည္း ဘယ္ကစားသမားလဲဆိုတာကို သိရဖို႔ကေတာ့ အီတလီက သတင္းဌာနေတြအတြက္ သိပ္အခ်ိန္မယူခဲ့ရတာျဖစ္ပါတယ္။

Sky Italia ရဲ႕ ေဖာ္ျပခ်က္အရ ေမာ္ရင္ညိဳ ေျပာတဲ့ သစၥာေဖာက္က ညာေနာက္ခံကစားသမား ရစ္ခ္ ကားရွ္ေဒါ့ျဖစ္တယ္လို႔ သိရၿပီး Corriere dello Sport ကလည္း အဲဒီေဖာ္ျပမႈက မွန္ကန္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ဒတ္ခ်္ ေနာက္ခံကစားသမားဟာ ၆၅ မိနစ္မွာ ဂိုးမရွိသေရက်ေနခ်ိန္အတြင္း လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး Football Italia ရဲ႕ ေဖာ္ျပခ်က္အရ ကားရွ္ေဒါ့ဟာ ေဘာလုံးလုယူဖို႔ ႀကိဳးပမ္းမႈ အႀကိမ္ေပါင္းမ်ားစြာ ရႈံးနိမ့္ခဲ့ၿပီး တလြဲျဖတ္တင္ေပးပို႔မႈေတြနဲ႔ အာမန္း လိုယန္ေတးက ပီနာမြန္တီအတြက္ ဂိုးဖန္တီးေပးခဲ့ခ်ိန္မွာ ခုခံကာကြယ္ႏိုင္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။

အမွန္တကယ္လည္း ဆက္ဆူအိုလို သြင္းယူသြားတဲ့ ေခ်ပဂိုးကို ျပန္လည္ ၾကည့္ရႈခ်ိန္မွာလည္း ကိုယ္လူကပ္ကစားေနတဲ့ ကစားသမားေနာက္ကို မီေအာင္ မလိုက္ႏိုင္ခဲ့တဲ့ ကားရွ္ေဒါ့ရဲ႕ ခံစစ္ကစားပုံကလည္း အမွန္တကယ္ ေမးခြန္းထုတ္စရာ ေကာင္းေနခဲ့တာျဖစ္ပါတယ္။ ကားရွ္ေဒါ့ဟာ ၂၀၁၇ ခုႏွစ္မွာ ဖီယင္ႏုအသင္းကေန ႐ိုးမားကို ယူ႐ို ၁၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးေပမယ့္လည္း ေမာ္ရင္ညိဳရဲ႕ ေျပာစကားအရဆိုရင္ေတာ့ လာမယ့္ဇန္နဝါရီလမွာ အသင္းသစ္ ရွာေဖြရေတာ့မွာ ေသခ်ာေနၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.