Premier League Transfer News

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၁၀.၉.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာထက် လက်ရှိကစားသမားတွေအပေါ်ကိုပဲ ပိုမိုပြီး အာရုံစူးစိုက်ခဲ့တယ်လို့ဆိုပြီး စာချုပ်သစ်တွေ သက်တမ်းတိုးနေခြင်းဟာ ရင်းနှီးမြှုပ်နှံတာပဲဖြစ်တယ်လို့ နည်းပြ ကလော့ပ်ရဲ့ ပြီးခဲ့တဲ့နှစ်က ပြောစကားကို အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ထောက်ပြနေကြ။

– လီယွန်တိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းအတွက် ဘာစီလိုနာအသင်းက သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်တာကြောင့် လီဗာပူးလ်ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အတွက် ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာခဲ့ပေမယ့် အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုကတော့ ကာတာလန်ကလပ်ဘက် ကမ်းလှမ်းမှု ရောက်မလာသေးကြောင်းဆို။

– လီဗာပူးလ်ပရိသတ်တွေကတော့ အန်းဖီးလ်မှာ သီယာဂို အယ်လ်ကန်တာရာကို မြင်ရဖို့ ဇန်နဝါရီအထိ စောင့်ရနိုင်ပေမယ့်လည်း စိတ်မပူကြောင်းနဲ့ တာကီ(တာကူမီ မီနာမီနို)ဟာ ကွင်းလယ်မှာ သူ့အလုပ်သူ အကောင်းဆုံးလုပ်လိမ့်မယ်လို့ ပြောနေကြ။

– လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်အသင်းတွေနဲ့ သတင်းထွက်နေခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းကတော့ သူ့ရဲ့ အနာဂတ်ဟာ ဘာစီလိုနာမှာပဲဖြစ်ကြောင်းနဲ့ အသင်းက ထွက်ခွာဖို့ အစီအစဉ်မရှိသေးကြောင်းပြောကြား။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် စိတ်ဝင်စားနေတဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အဒါမာ ထရာအိုရေးအတွက် ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းဘက်က ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၃ သန်း(ယူရိုသန်း ၇၀) သတ်မှတ်ထားခဲ့တာကြောင့် ခေါ်ယူဖို့ ခက်ခဲလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.