Premier League

ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်တဲ့ အိုဇေးလ်

UNICODE: အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မီဆွတ်အိုဇေးလ်ဟာ လာမယ့် ရာသီသစ် ပွဲစဥ်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ သူ့ရဲ့ လူမှုကွန်ယက် အကောင့်ပေါ်မှာ ရေးသားခဲ့ပါတယ်။ သူဟာ ကြံ့ခိုင်မှုလည်း ပြည့်ဝနေပြီဖြစ်ပြီး အဆင့်သင့်ပါပဲလို့ ရာသီသစ်မှာ အာဆင်နယ်အသင်းအတွက် ကစားပေးချင်နေတဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ပါတယ်။

ထို့ပြင် အိုဇေးလ်က “ကံမကောင်းစွာနဲ့ပဲ ကျွန်တော်က ပွဲထွက် ကစားသမား လူစာရင်းကို ဆုံးဖြတ်လို့ရတဲ့သူ မဟုတ်ပါဘူး” လို့ ပွဲထွက် ကစားပေးချင်နေပေမဲ့ သူ့ကို အာတီတာအနေနဲ့ မရွေးချယ်မှာကိုလည်း စိုးရိမ်နေပုံရပါတယ်။ အသက် (၃၁) နှစ်အရွယ် ကွင်းလယ်လူဟာ ပရီးမီးလားလိဂ်တွေ ပြန်လည်စတင်ချိန် ဇွန်လမှာကတည်းက ကစားခွင့်မရတော့တာ ဖြစ်သလို သူ့ရဲ့ နောက်ကျော ဒဏ်ရာကလည်း သူ့ကို အာဆင်နယ်အသင်းရဲ့ နောက်ဆုံး (၁၃) ပွဲဆက်ကို လွဲချော်စေတဲ့ အထဲမှာ တစ်ခု အပါအဝင် ဖြစ်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်မှာတစ်ချိန်က တောက်ပခဲ့ပြီး အသင်းကိုလည်း များစွာအထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ရာသီမှာတော့ ဂိုးတစ်ဂိုးသာ ရယူပေးထားနိုင်ပြီး အသင်းရဲ့ ပွဲထွက်လူစာရင်းမှာလည်း ချန်လှပ်ထားခံခဲ့ရပါတယ်။

အိုဇေးလ် အာဆင်နယ်အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ပွဲစဥ်ကတော့ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို (၁-၀) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်ဖြစ်ပြီး ထိုပွဲစဥ် ကစားခဲ့တဲ့ မတ်လမှာ ကတည်းက မြက်ခင်းစိမ်းတွေနဲ့ ဝေးကွာနေခဲ့ရတာပါ။ ထို့ပြင် သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာခဲ့ရာမှာလည်း အသင်းက ဆက်လက် သက်တမ်းတိုးလိုခြင်း မရှိခဲ့တဲ့အပြင် သူ့ရဲ့လစာ ပေါင်သုံးသိန်းခွဲကိုပါ လျှော့ချဖို့ စီစဥ်ခဲ့ကြတာပါ။

သို့ပေမဲ့ အိုဇေးလ်ကတော့ အသင်းအတွက် ပေးဆပ် ကစားပေးချင်နေတုန်းပဲ ဖြစ်သလို “ကျွန်တော်ရဲ့ ကြံခိုင်မှုဟာ အမြင့်ဆုံးမှာ ရှိနေပြီး ကစားပေးဖို့ အသင့်ဖြစ်နေပါပြီ” လို့ သူ့ရဲ့ လူမှုကွန်ယက် အကောင့်ပေါ်မှာ ရေးသားသွားခဲ့တာပါ။ ဒါ့ကြောင့် ပွဲစဥ် (၁) မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားသွားမယ့် ပွဲစဥ်မှာတော့ အသင်းအတွက် ပေးဆပ်ချင်နေဆဲ ဖြစ်တဲ့ မီဆွတ် အိုဇေးလ်တစ်ယောက် ပြန်လည် ပါဝင်လာမှာလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ မီဆြတ္အိုေဇးလ္ဟာ လာမယ့္ ရာသီသစ္ ပြဲစဥ္ေတြအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ သူ႔ရဲ႕ လူမႈကြန္ယက္ အေကာင့္ေပၚမွာ ေရးသားခဲ့ပါတယ္။ သူဟာ ႀကံ့ခိုင္မႈလည္း ျပည့္ဝေနၿပီျဖစ္ၿပီး အဆင့္သင့္ပါပဲလို႔ ရာသီသစ္မွာ အာဆင္နယ္အသင္းအတြက္ ကစားေပးခ်င္ေနတဲ့ သူ႔ရဲ႕ ဆႏၵကို ထုတ္ေဖာ္ခဲ့ပါတယ္။

ထို႔ျပင္ အိုေဇးလ္က “ကံမေကာင္းစြာနဲ႔ပဲ ကြၽန္ေတာ္က ပြဲထြက္ ကစားသမား လူစာရင္းကို ဆုံးျဖတ္လို႔ရတဲ့သူ မဟုတ္ပါဘူး” လို႔ ပြဲထြက္ ကစားေပးခ်င္ေနေပမဲ့ သူ႔ကို အာတီတာအေနနဲ႔ မေ႐ြးခ်ယ္မွာကိုလည္း စိုးရိမ္ေနပုံရပါတယ္။ အသက္ (၃၁) ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ပရီးမီးလားလိဂ္ေတြ ျပန္လည္စတင္ခ်ိန္ ဇြန္လမွာကတည္းက ကစားခြင့္မရေတာ့တာ ျဖစ္သလို သူ႔ရဲ႕ ေနာက္ေက်ာ ဒဏ္ရာကလည္း သူ႔ကို အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံး (၁၃) ပြဲဆက္ကို လြဲေခ်ာ္ေစတဲ့ အထဲမွာ တစ္ခု အပါအဝင္ ျဖစ္ခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ကစားသမားဟာ အာဆင္နယ္မွာတစ္ခ်ိန္က ေတာက္ပခဲ့ၿပီး အသင္းကိုလည္း မ်ားစြာအေထာက္အပံ့ေပးႏိုင္ခဲ့ပါတယ္။ က်န္ခဲ့တဲ့ ရာသီမွာေတာ့ ဂိုးတစ္ဂိုးသာ ရယူေပးထားႏိုင္ၿပီး အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာလည္း ခ်န္လွပ္ထားခံခဲ့ရပါတယ္။

အိုေဇးလ္ အာဆင္နယ္အတြက္ ေနာက္ဆုံး ကစားေပးခဲ့တဲ့ ပြဲစဥ္ကေတာ့ အာဆင္နယ္အသင္းက ဝက္စ္ဟမ္းအသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ျဖစ္ၿပီး ထိုပြဲစဥ္ ကစားခဲ့တဲ့ မတ္လမွာ ကတည္းက ျမက္ခင္းစိမ္းေတြနဲ႔ ေဝးကြာေနခဲ့ရတာပါ။ ထို႔ျပင္ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိလာခဲ့ရာမွာလည္း အသင္းက ဆက္လက္ သက္တမ္းတိုးလိုျခင္း မရွိခဲ့တဲ့အျပင္ သူ႔ရဲ႕လစာ ေပါင္သုံးသိန္းခြဲကိုပါ ေလွ်ာ့ခ်ဖို႔ စီစဥ္ခဲ့ၾကတာပါ။

သို႔ေပမဲ့ အိုေဇးလ္ကေတာ့ အသင္းအတြက္ ေပးဆပ္ ကစားေပးခ်င္ေနတုန္းပဲ ျဖစ္သလို “ကြၽန္ေတာ္ရဲ႕ ႀကံခိုင္မႈဟာ အျမင့္ဆုံးမွာ ရွိေနၿပီး ကစားေပးဖို႔ အသင့္ျဖစ္ေနပါၿပီ” လို႔ သူ႔ရဲ႕ လူမႈကြန္ယက္ အေကာင့္ေပၚမွာ ေရးသားသြားခဲ့တာပါ။ ဒါ့ေၾကာင့္ ပြဲစဥ္ (၁) မွာ ဖူလ္ဟမ္အသင္းနဲ႔ ကစားသြားမယ့္ ပြဲစဥ္မွာေတာ့ အသင္းအတြက္ ေပးဆပ္ခ်င္ေနဆဲ ျဖစ္တဲ့ မီဆြတ္ အိုေဇးလ္တစ္ေယာက္ ျပန္လည္ ပါဝင္လာမွာလားဆိုတာ ေစာင့္ၾကည့္သြားရပါေတာ့မယ္။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.