Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၉.၉.၂၀၂၀

– အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ေနာက္ခံလူ ဟိုေဆး ဟီမီနက္ဇ္ကို မန္ခ်က္စတာစီးတီးအသင္းက ေပါင္ ၆၂ သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီလုိ႔ သိရၿပီး သူ႕အတြက္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၀၉ သန္း ထည့္သြင္းထားတဲ့ တာဝန္ရွိသူေတြက ပယ္ခ်ထား။

– လီဗာပူးလ္ကို ဒီရာသီမွာ ေက်ာ္ျဖတ္ၿပီး မန္ခ်က္စတာစီးတီးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ျပန္လည္ရပ္တည္ႏုိင္မလားဆုိတဲ့ ေမးခြန္းကို အေကာင္းဆုံးဆု ႏွစ္ဆုရွင္ ကီဗင္ ဒီဘ႐ိုင္းနားက တတ္ႏိုင္သမွ် အမွားနည္းဖို႔နဲ႔ သူတုိ႔အမွားကို အခြင့္ေကာင္းယူႏုိင္ရင္ ရမယ္လို႔ ေျဖၾကား။

– ၂၀၂၀-၂၁ ရာသီအတြက္ ဘယ္ေနာက္ခံလူ အန္ဟဲလီညဳိကို RB လိုက္ပ္ဇစ္အသင္းဆီ ထပ္မံအငွားခ်လုိက္ၿပီး ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္ကိုေတာ့ ၿပီးခဲ့တဲ့ ရာသီကထက္ ယူ႐ို ၁၂ သန္း ေလွ်ာ့ခ်ေပးၿပီး ယူ႐ို ၁၈ သန္းနဲ႔ ေခၚယူႏိုင္မယ္လို႔ သေဘာတူညီထားခဲ့။

– ေပၚတူဂီနဲ႔ ဆြီဒင္တုိ႔ရဲ႕ပြဲမွာ ေဘာလုံးရယူဖို႔ ႀကဳိးစားရင္း ၾကြက္သားဒဏ္ရာ ရရွိသြားခဲ့တဲ့ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားအေနနဲ႔ ပြဲခ်ိန္ ၂၂ မိနစ္မွာကတည္းက လူစားလဲခံခဲ့ရၿပီး မန္စီးတီးအသင္းအတြက္ ျပန္ကစားေပးႏုိင္ဖို႔ကိုေတာ့ အခ်ိန္ၾကာၾကာ ေစာင့္ဆုိင္းစရာ မလိုဘူးလို႔ သိရ။

– မန္ခ်က္စတာစီးတီးအသင္းဘက္က တန္ေၾကး ယူ႐ို ၂၅ သန္း သတ္မွတ္ထားခဲ့တဲ့ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ ဘာစီလိုနာအသင္းက လက္က်န္စာခ်ဳပ္အေပၚ မူတည္ၿပီး ယူ႐ို ၈ သန္းတည္းနဲ႔ ကမ္းလွမ္းထားတယ္လို႔ သတင္းေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ဟိုဆေး ဟီမီနက်ဇ်ကို မန်ချက်စတာစီးတီးအသင်းက ပေါင် ၆၂ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီလို့ သိရပြီး သူ့အတွက် စာချုပ်လျော်ကြေး ပေါင် ၁၀၉ သန်း ထည့်သွင်းထားတဲ့ တာဝန်ရှိသူတွေက ပယ်ချထား။

– လီဗာပူးလ်ကို ဒီရာသီမှာ ကျော်ဖြတ်ပြီး မန်ချက်စတာစီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ပြန်လည်ရပ်တည်နိုင်မလားဆိုတဲ့ မေးခွန်းကို အကောင်းဆုံးဆု နှစ်ဆုရှင် ကီဗင် ဒီဘရိုင်းနားက တတ်နိုင်သမျှ အမှားနည်းဖို့နဲ့ သူတို့အမှားကို အခွင့်ကောင်းယူနိုင်ရင် ရမယ်လို့ ဖြေကြား။

– ၂၀၂၀-၂၁ ရာသီအတွက် ဘယ်နောက်ခံလူ အန်ဟဲလီညိုကို RB လိုက်ပ်ဇစ်အသင်းဆီ ထပ်မံအငှားချလိုက်ပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်ကိုတော့ ပြီးခဲ့တဲ့ ရာသီကထက် ယူရို ၁၂ သန်း လျှော့ချပေးပြီး ယူရို ၁၈ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ သဘောတူညီထားခဲ့။

– ပေါ်တူဂီနဲ့ ဆွီဒင်တို့ရဲ့ပွဲမှာ ဘောလုံးရယူဖို့ ကြိုးစားရင်း ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားအနေနဲ့ ပွဲချိန် ၂၂ မိနစ်မှာကတည်းက လူစားလဲခံခဲ့ရပြီး မန်စီးတီးအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ကိုတော့ အချိန်ကြာကြာ စောင့်ဆိုင်းစရာ မလိုဘူးလို့ သိရ။

– မန်ချက်စတာစီးတီးအသင်းဘက်က တန်ကြေး ယူရို ၂၅ သန်း သတ်မှတ်ထားခဲ့တဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာအတွက် ဘာစီလိုနာအသင်းက လက်ကျန်စာချုပ်အပေါ် မူတည်ပြီး ယူရို ၈ သန်းတည်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.