အန်တိုနီယို ကွန်တီဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းက တော့တင်ဟမ်ဟော့စပါးကို အနိုင်ရရှိခဲ့ပြီးနောက် ယာဂန် ကလော့ပ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ စိတ်ပျက်ဒေါသထွက်မှုကို တဖန်ပြန်အသက်သွင်းခဲ့ပါတယ်။
လီဗာပူးလ်ဟာ ပထမပိုင်းက မိုဟာမက် ဆာလားရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဟာရီ ကိန်းက ဒုတိယပိုင်းမှာ ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတဲ့ လီဗာပူးလ်နဲ့ပွဲမှာ အနိုင် ၃ မှတ် ရရှိဖို့ မျှော်လင့်ထားတဲ့ စပါးစ်အတွက်တော့ စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့တာဖြစ်ပြီး ကွန်တီက ဂျာမန်လူမျိုးနည်းပြ မကြာသေးမီက ပေးခဲ့တဲ့ မှတ်ချက်စကားကို ရည်ညွှန်းပြီး ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလတုန်းက လီဗာပူးလ်နဲ့ စပါးစ်တို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ဟာ ကလော့ပ်အသင်းရဲ့ ဆုဖလားမျှော်လင့်ချက်ကို ထိခိုက်စေခဲ့တာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြက ကွန်တီရဲ့ ခံစစ်ကစားပုံနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော်က စပါးစ်ကစားပုံနဲ့ပတ်သက်ပြီး ဖြေရမယ့်သူ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီလိုမျိုး ဘောလုံးကစားပုံကို မနှစ်သက်လို့ပါ။ ဒါပေမယ့် အဲဒါက ကျွန်တော့်ရဲ့ တစ်ဦးတည်းပြဿနာဖြစ်မှာပါ။ သူတို့တွေက ကမ္ဘာ့အဆင့်ဖြစ်တယ်လို့ ထင်ပြီး သူတို့ ဒီပွဲအတွက် ပိုပြီး လုပ်ခဲ့သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ပွဲစဉ်မတိုင်ခင်မှာ ကွန်တီက ၎င်းရဲ့ ပြိုင်ဘက်အပေါ်မှာ ဘာအငြိုးအတေးမှ မထားဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ အဲဒီလို မဟုတ်တော့တဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ပထမဆုံး မေးခွန်းကို မဖြေခင် ကလော့ပ်က ကျွန်တော်တို့ ဒီနေ့ညကစားခဲ့တဲ့ပုံနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့တယ်မလား။ ဟုတ်တယ်နော်။ သူ့ရဲ့ ထင်မြင်ချက်ကို သိရဖို့က အရေးကြီးပါတယ်။ ယာဂန်က တကယ်ကို တော်တဲ့နည်းပြပါ။ ဒါပေမယ့် ဒီညအဆုံးမှာ ကျွန်တော်တို့ ရှုံးပွဲနဲ့ပတ်သက်ပြီး ပြောနေရပြီး အန်းဖီးမှာ ကျွန်တော်တို့ ကစားခဲ့ရတဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ နောက်ဆုံးရလဒ်က ၁-၁ ဖြစ်ခဲ့ရင် အဲဒါက ပိုပြီးတော့ ကောင်းမွန်ခဲ့မှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကအတိုင်းပဲ ပထမပိုင်းမှာ ဆက်လက်ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာ အသာစီး ရယူနိုင်ခဲ့ပေမယ့်လည်း ဘုန်းမောက်၊ မာဆေးလ်တို့နဲ့ပွဲစဉ်တုန်းကလို ရလဒ်ကောင်းတွေနဲ့ ပြန်မလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အန္တိုနီယို ကြန္တီဟာ တနဂၤေႏြေန႔မွာ လီဗာပူးလ္အသင္းက ေတာ့တင္ဟမ္ေဟာ့စပါးကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ယာဂန္ ကေလာ့ပ္နဲ႔ပတ္သက္ၿပီး ၎ရဲ႕ စိတ္ပ်က္ေဒါသထြက္မႈကို တဖန္ျပန္အသက္သြင္းခဲ့ပါတယ္။
လီဗာပူးလ္ဟာ ပထမပိုင္းက မိုဟာမက္ ဆာလားရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ ဟာရီ ကိန္းက ဒုတိယပိုင္းမွာ ေခ်ပဂိုး တစ္ဂိုး ျပန္လည္ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနတဲ့ လီဗာပူးလ္နဲ႔ပြဲမွာ အႏိုင္ ၃ မွတ္ ရရွိဖို႔ ေမွ်ာ္လင့္ထားတဲ့ စပါးစ္အတြက္ေတာ့ စိတ္ပ်က္စရာ ရလဒ္ျဖစ္ခဲ့တာျဖစ္ၿပီး ကြန္တီက ဂ်ာမန္လူမ်ိဳးနည္းျပ မၾကာေသးမီက ေပးခဲ့တဲ့ မွတ္ခ်က္စကားကို ရည္ၫႊန္းၿပီး ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေမလတုန္းက လီဗာပူးလ္နဲ႔ စပါးစ္တို႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ဟာ ကေလာ့ပ္အသင္းရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ထိခိုက္ေစခဲ့တာျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပက ကြန္တီရဲ႕ ခံစစ္ကစားပုံနဲ႔ပတ္သက္ၿပီး ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ကြၽန္ေတာ္က စပါးစ္ကစားပုံနဲ႔ပတ္သက္ၿပီး ေျဖရမယ့္သူ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဒီလိုမ်ိဳး ေဘာလုံးကစားပုံကို မႏွစ္သက္လို႔ပါ။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ့္ရဲ႕ တစ္ဦးတည္းျပႆနာျဖစ္မွာပါ။ သူတို႔ေတြက ကမာၻ႔အဆင့္ျဖစ္တယ္လို႔ ထင္ၿပီး သူတို႔ ဒီပြဲအတြက္ ပိုၿပီး လုပ္ခဲ့သင့္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
တနဂၤေႏြေန႔ပြဲစဥ္မတိုင္ခင္မွာ ကြန္တီက ၎ရဲ႕ ၿပိဳင္ဘက္အေပၚမွာ ဘာအၿငိဳးအေတးမွ မထားဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာေတာ့ အဲဒီလို မဟုတ္ေတာ့တဲ့ပုံေပၚခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ ပထမဆုံး ေမးခြန္းကို မေျဖခင္ ကေလာ့ပ္က ကြၽန္ေတာ္တို႔ ဒီေန႔ညကစားခဲ့တဲ့ပုံနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ခဲ့တယ္မလား။ ဟုတ္တယ္ေနာ္။ သူ႔ရဲ႕ ထင္ျမင္ခ်က္ကို သိရဖို႔က အေရးႀကီးပါတယ္။ ယာဂန္က တကယ္ကို ေတာ္တဲ့နည္းျပပါ။ ဒါေပမယ့္ ဒီညအဆုံးမွာ ကြၽန္ေတာ္တို႔ ရႈံးပြဲနဲ႔ပတ္သက္ၿပီး ေျပာေနရၿပီး အန္းဖီးမွာ ကြၽန္ေတာ္တို႔ ကစားခဲ့ရတဲ့ပြဲစဥ္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္။ ေနာက္ဆုံးရလဒ္က ၁-၁ ျဖစ္ခဲ့ရင္ အဲဒါက ပိုၿပီးေတာ့ ေကာင္းမြန္ခဲ့မွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြတုန္းကအတိုင္းပဲ ပထမပိုင္းမွာ ဆက္လက္႐ုန္းကန္ခဲ့ရၿပီး ဒုတိယပိုင္းမွာ အသာစီး ရယူႏိုင္ခဲ့ေပမယ့္လည္း ဘုန္းေမာက္၊ မာေဆးလ္တို႔နဲ႔ပြဲစဥ္တုန္းကလို ရလဒ္ေကာင္းေတြနဲ႔ ျပန္မလာႏိုင္ခဲ့တာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.