Serie A

နိုင်ငံအသင်းအတွက် ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ရိုနယ်လ်ဒို

UNICODE: ပေါ်တူဂီရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်သူ ခရစ်စတီယာနို ရိုနယ်လ်ဒိုကတော့ သူ့ရဲ့လက်ရွေးစင်အသင်းအတွက် မှော်ဝင်တဲ့ အခိုက်အတန့်တစ်ခုကို ဖန်တီးပေးခဲ့ပြီး နောက်ထပ် စံချိန်တစ်ခုကို ထပ်မံ ရယူခဲ့တာလည်းဖြစ်ပါတယ်။

အသက် (၃၅) နှစ် အရွယ်ရှိပြီဖြစ်ပေမဲ့ အခုချိန်ထိတိုင် စွမ်းဆောင်ရည်ပိုင်းမှာ ကျဆင်းသွားခြင်းမရှိဘဲ စံချိန်တွေ တစ်ခုပြီးတစ်ခု တင်ထားနိုင်ခဲ့ပါတယ်။ ယခုအခါမှာလည်း ဆွီဒင်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ လှပကောင်းမွန်လွန်းတဲ့ ဖရီးကစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြန်ပါပြီ။

အဆိုပါဂိုးဟာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ ဂိုး (၁၀၀) ပြည့်မြောက်ခဲ့တဲ့ ပွဲစဥ်ဖြစ်ပြီး သမိုင်းတစ်လျှောက် နိုင်ငံ လက်ရွေးစင်အသင်းအတွက် ဒုတိယ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ရိုနယ်လ်ဒိုဟာ သူ့ရဲ့ရှေ့ ပထမနေရာမှာ ရပ်တည်နေခဲ့တဲ့ အီရန်က ဒေအီကို လိုက်မီဖို့ (၉) ဂိုးသာ လိုအပ်ပါတော့တယ်။

ဒါ့ကြောင့် ရိုနယ်လ်ဒိုတစ်ယောက် ပထမနေရာနဲ့ သမိုင်းတစ်လျှောက် နိုင်ငံလက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာတော့မှာလားဆိုတာ သိပ်မကြာမီမှာ အဖြေ ထွက်ပေါ်လာပါတော့မယ်။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီရဲ႕ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားတစ္ဦးျဖစ္သူ ခရစ္စတီယာႏို ႐ိုနယ္လ္ဒိုကေတာ့ သူ႔ရဲ႕လက္ေ႐ြးစင္အသင္းအတြက္ ေမွာ္ဝင္တဲ့ အခိုက္အတန႔္တစ္ခုကို ဖန္တီးေပးခဲ့ၿပီး ေနာက္ထပ္ စံခ်ိန္တစ္ခုကို ထပ္မံ ရယူခဲ့တာလည္းျဖစ္ပါတယ္။

အသက္ (၃၅) ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ေပမဲ့ အခုခ်ိန္ထိတိုင္ စြမ္းေဆာင္ရည္ပိုင္းမွာ က်ဆင္းသြားျခင္းမရွိဘဲ စံခ်ိန္ေတြ တစ္ခုၿပီးတစ္ခု တင္ထားႏိုင္ခဲ့ပါတယ္။ ယခုအခါမွာလည္း ဆြီဒင္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ လွပေကာင္းမြန္လြန္းတဲ့ ဖရီးကစ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ျပန္ပါၿပီ။

အဆိုပါဂိုးဟာ သူ႔ရဲ႕ လက္ေ႐ြးစင္ ကစားသမားဘဝ ဂိုး (၁၀၀) ျပည့္ေျမာက္ခဲ့တဲ့ ပြဲစဥ္ျဖစ္ၿပီး သမိုင္းတစ္ေလွ်ာက္ ႏိုင္ငံ လက္ေ႐ြးစင္အသင္းအတြက္ ဒုတိယ ဂိုးအမ်ားဆုံး သြင္းယူထားႏိုင္တဲ့ ႐ိုနယ္လ္ဒိုဟာ သူ႔ရဲ႕ေရွ႕ ပထမေနရာမွာ ရပ္တည္ေနခဲ့တဲ့ အီရန္က ေဒအီကို လိုက္မီဖို႔ (၉) ဂိုးသာ လိုအပ္ပါေတာ့တယ္။

ဒါ့ေၾကာင့္ ႐ိုနယ္လ္ဒိုတစ္ေယာက္ ပထမေနရာနဲ႔ သမိုင္းတစ္ေလွ်ာက္ ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ ဂိုးအမ်ားဆုံး သြင္းယူႏိုင္တဲ့ ကစားသမား ျဖစ္လာေတာ့မွာလားဆိုတာ သိပ္မၾကာမီမွာ အေျဖ ထြက္ေပၚလာပါေတာ့မယ္။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.