Ligue1

လိုရွန်နဲ့ပွဲကို လွဲချော်မယ့် မက်ဆီအတွက် စိတ်ပူနေတဲ့ ပရိသတ်များ

လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့ လိုရွန်နဲ့ ကစားရမယ့် ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်ကို ကြံ့ခိုင်မှုပြဿနာကြောင့် လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ရက်အနည်းငယ်လောက် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်စေနိုင်တဲ့ ဖနောင့်ကြောယောင်ရမ်းနေတဲ့ ဝေဒနာ ခံစားနေရပုံပေါ်ပေမယ့်လည်း စိုးရိမ်ရလောက်အောင် ပြင်းထန်ခြင်းမရှိဘူးလို့ သိရပါတယ်။

နည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက မက်ဆီအနေနဲ့ လာမယ့်အပတ် အသင်းလိုက် လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်နိုင်မယ်လို့ မျှော်မှန်းထားပြီး လိုရွန်နဲ့ပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မပါဝင်နိုင်မှုက ပီအက်စ်ဂျီအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ အကောင်းဆုံးကစားသမားဖြစ်နေခဲ့တာ ငြင်းလို့မရနိုင်ဘဲ ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ခြေသလုံးဒဏ်ရာပြဿနာကြောင့် ယခုရာသီမှာ အသင်းရဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်ထားခဲ့ပြီးဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့က ရင်းနေးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်နဲ့ ဘင်ဖီကာနဲ့ ၁-၁ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တို့ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဂဲလ်တီယာအနေနဲ့ လီယွန်နယ် မက်ဆီရဲ့ နေရာမှာ ဘယ်သူ့ကို ပွဲထွက်ကစားစေမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့ပြီး လိုရွန်ဟာ ယခုရာသီ ၁၂ ပွဲမှာ ၂၇ မှတ်အထိ ရရှိထားပြီးနောက် အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အားကောင်းတဲ့ ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်နေတာ သိသာပြီး လိဂန်းချန်ပီယံတွေဟာ ပြင်သစ်လိဂ်မှာ ၁၁ ပွဲ ဆက်တိုက် အဝေးကွင်းရှုံးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ တနဂၤေႏြေန႔ လို႐ြန္နဲ႔ ကစားရမယ့္ ပီအက္စ္ဂ်ီအသင္းရဲ႕ ပြဲစဥ္ကို ႀကံ့ခိုင္မႈျပႆနာေၾကာင့္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ရက္အနည္းငယ္ေလာက္ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ေစႏိုင္တဲ့ ဖေနာင့္ေၾကာေယာင္ရမ္းေနတဲ့ ေဝဒနာ ခံစားေနရပုံေပၚေပမယ့္လည္း စိုးရိမ္ရေလာက္ေအာင္ ျပင္းထန္ျခင္းမရွိဘူးလို႔ သိရပါတယ္။

နည္းျပ ခရစၥတိုဖီ ဂဲလ္တီယာက မက္ဆီအေနနဲ႔ လာမယ့္အပတ္ အသင္းလိုက္ ေလ့က်င့္ေရးမွာ ျပန္လည္ပါဝင္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားၿပီး လို႐ြန္နဲ႔ပြဲစဥ္မွာ အာဂ်င္တီးနားတိုက္စစ္မႉး မပါဝင္ႏိုင္မႈက ပီအက္စ္ဂ်ီအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ေနခဲ့တာ ျငင္းလို႔မရႏိုင္ဘဲ ၿပိဳင္ပြဲစုံ ၁၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ေျခသလုံးဒဏ္ရာျပႆနာေၾကာင့္ ယခုရာသီမွာ အသင္းရဲ႕ ပြဲစဥ္ ၂ ပြဲကို လြဲေခ်ာ္ထားခဲ့ၿပီးျဖစ္ၿပီး ေအာက္တိုဘာ ၈ ရက္ေန႔က ရင္းေနးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္နဲ႔ ဘင္ဖီကာနဲ႔ ၁-၁ သေရက်ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္တို႔ကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

နည္းျပ ဂဲလ္တီယာအေနနဲ႔ လီယြန္နယ္ မက္ဆီရဲ႕ ေနရာမွာ ဘယ္သူ႔ကို ပြဲထြက္ကစားေစမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့ၿပီး လို႐ြန္ဟာ ယခုရာသီ ၁၂ ပြဲမွာ ၂၇ မွတ္အထိ ရရွိထားၿပီးေနာက္ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတဲ့ အားေကာင္းတဲ့ ၿပိဳင္ဘက္အသင္းတစ္သင္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းဟာ ဒီပြဲစဥ္မွာ အႏိုင္ရဖို႔ ေရပန္းအစားဆုံး ျဖစ္ေနတာ သိသာၿပီး လိဂန္းခ်န္ပီယံေတြဟာ ျပင္သစ္လိဂ္မွာ ၁၁ ပြဲ ဆက္တိုက္ အေဝးကြင္းရႈံးပြဲမရွိ စံခ်ိန္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.