Match Report Premier League UCL&UEL
တီယာနီရဲ့လှပသေသပ်တဲ့အဝေးကန်ချက်နဲ့ ၁၆ သင်းရှုံးထွက် အေးဆေးတက်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ကြာသပတေးနေ့ညက အမ်းမရိတ်စ်ကွင်းမှာ ဇူးရစ်ချ်အသင်းအပေါ် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် အုပ်စု A ဇယားအောက်ခြေက ဇူးရစ်ချ်ကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ခဲ့တာဖြစ်ပြီး ပထမပိုင်းက တီယာနီရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ကီရန် တီယာနီက အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့အတူ ပင်နယ်တီဧရိယာအစွန်ကနေ ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာ ဖြစ်ပြီး ဒီသွင်းဂိုးတစ်ဂိုးတည်းနဲ့တင် အာဆင်နယ်တို့အတွက် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဇူးရစ်ချ်နဲ့ ကစားခဲ့တဲ့ ကြာသပတေးနေ့ညပွဲစဉ်မှာ ပိုမိုကောင်းမွန်ခဲ့တဲ့အသင်းဖြစ်ခဲ့ပြီး ကြီးမားတဲ့ အခွင့်အရေးကြီး ၂ ကြိမ် ရရှိခဲ့ရာမှာ ၂ ကြိမ်စလုံး လွဲချော်ခဲ့တာကြောင့် နောက်ထပ်သွင်းဂိုးတွေ မြင်တွေ့ရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ဇူးရစ်ချ်အသင်း ဂိုးသမား ဘရက်ချာကလည်း ကြာသပတေးနေ့ညပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ လက်စွမ်းကို ပြသနေခဲ့တာဖြစ်ပြီး နကီးတီးယားရဲ့ အလွန်ကောင်းမွန်တဲ့ခေါင်းတိုက်ချက်ကို သတိကြီးကြီးနဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲကစားချိန် ၁ နာရီကျော်လောက်မှာ ဇူးရစ်ချ်အသင်းက ဂွါရဲရိုးက မာခီဆာနိုရဲ့ ဂိုးကန်သွင်းမှုကို ရမ်းစ်ဒေးလ် ရပ်တန့်ခဲ့ရာကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီးနောက် ဇူးရစ်ချ်အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာ နှမြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာတီတာက ဂန်းနားတွေအနေနဲ့ ပွဲကို နှေးကွေးစွာ စတင်ခဲ့ပေမယ့် လျင်လျင်မြန်မြန်စတင်နိုင်အောင် အမြဲတမ်းကြိုးစားနေတယ်လို့ ပြောကြားခဲ့ပြီး ဇူးရစ်ချ်နဲ့ပွဲစဉ်အတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့လဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။
“အင်း။ ကျွန်တော်တို့ လျင်လျင်မြန်မြန်စတင်နိုင်အောင် အမြဲတမ်းကြိုးစားတယ်။ ကျွန်တော်တို့မှာ ပွဲစဉ်အတွင်း ပြောစရာတစ်စုံတခုရှိနေတဲ့ ပြိုင်ဘက်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သလောက်တော့ အမြဲတမ်း လျင်လျင်မြန်မြန် စတင်နိုင်ဖို့ ကြိုးစားပါတယ်”
“ခက်ခဲတဲ့ပွဲဖြစ်မယ်လို့ ကျွန်တော် မျှော်မှန်းခဲ့ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့နောက်ဆုံးပွဲအနည်းငယ်မှာ သူတို့ကို စောင့်ကြည့်ခဲ့တယ်။ သူတို့တွေ နည်းပြသစ်ရောက်လာပြီးကတည်းက ဘယ်လို ပြောင်းလဲခဲ့လဲ၊ သူတို့တွေ ဘိုဒိုနဲ့ပွဲမှာ ဘယ်လိုကစားခဲ့လဲပေါ့။ ခင်ဗျား အဲဒါကို မြင်တွေ့ခဲ့ပြီး ဒီပွဲက မြင့်တက်လာတဲ့ပုံစံနဲ့ စစ်မှန်တဲ့ အရှိန်အဟုန်တစ်ခုရရှိဖို့ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော် အဲဒါကို အသားကျအောင် လုပ်ရပါမယ်။ ကျွန်တော်တို့ လွှင့်မပစ်ခဲ့ရမယ့် ကြီးမားတဲ့ အခွင့်အရေးတွေရခဲ့ပြီး အဲဒါက ပွဲကစားချိန် နောက်ဆုံး ၁၅ မိနစ်၊ မိနစ် ၂၀ မှာ ပိုပြီးခက်ခဲစေခဲ့ပါတယ်။ ကျွန်တော်တို့ အခြေအနေတွေကို မထိန်းချုပ်နိုင်ခဲ့ဘဲ ကျွန်တော်တို့လုပ်ခဲ့တဲ့အတိုင်း ကြံ့ကြံ့ခံခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရဖို့ နည်းလမ်းရှာတွေ့ခဲ့ပြီး ကျွန်တော်တို့ အုပ်စုဗိုလ်ဖြစ်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဆင်နယ်ဟာ ကြာသပတေးနေ့ညက အမ်းမရိတ်စ်ကွင်းမှာ ဇူးရစ်ခ်ျအသင်းအပေါ် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် အုပ်စု A ဇယားအောက်ခြေက ဇူးရစ်ခ်ျကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ခဲ့တာဖြစ်ပြီး ပထမပိုင်းက တီယာနီရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဇူးရစ်ခ်ျနဲ့ ကစားခဲ့တဲ့ ကြာသပတေးနေ့ညပွဲစဉ်မှာ ပိုမိုကောင်းမွန်ခဲ့တဲ့အသင်းဖြစ်ခဲ့ပြီး ကြီးမားတဲ့ အခွင့်အရေးကြီး ၂ ကြိမ် ရရှိခဲ့ရာမှာ ၂ ကြိမ်စလုံး လွဲချော်ခဲ့တာကြောင့် နောက်ထပ်သွင်းဂိုးတွေ မြင်တွေ့ရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ဇူးရစ်ခ်ျအသင်း ဂိုးသမား ဘရက်ချာကလည်း ကြာသပတေးနေ့ညပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ လက်စွမ်းကို ပြသနေခဲ့တာဖြစ်ပြီး နကီးတီးယားရဲ့ အလွန်ကောင်းမွန်တဲ့ခေါင်းတိုက်ချက်ကို သတိကြီးကြီးနဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲကစားချိန် ၁ နာရီကျော်လောက်မှာ ဇူးရစ်ခ်ျအသင်းက ဂွါရဲရိုးက မာခီဆာနိုရဲ့ ဂိုးကန်သွင်းမှုကို ရမ်းစ်ဒေးလ် ရပ်တန့်ခဲ့ရာကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီးနောက် ဇူးရစ်ခ်ျအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာ နှမြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာတီတာက ဂန်းနားတွေအနေနဲ့ ပွဲကို နှေးကွေးစွာ စတင်ခဲ့ပေမယ့် လျင်လျင်မြန်မြန်စတင်နိုင်အောင် အမြဲတမ်းကြိုးစားနေတယ်လို့ ပြောကြားခဲ့ပြီး ဇူးရစ်ခ်ျနဲ့ပွဲစဉ်အတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့လဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.