Premier League UCL&UEL

လယ်သမားလိဂ်ကအသင်းကို ဘတ်စ်ကားကွက်နဲ့ဆော့တဲ့အသင်းလို့ လှောင်ပြောင်ခံခဲ့ရတဲ့ စပါးစ်

အင်္ဂါနေ့ညက Stade Velodrome ကွင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းက အိမ်ရှင် မာဆေးလ်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အများစုအတွက်တော့ ရလဒ်က အရေးအပါဆုံးဖြစ်ခဲ့တာဖြစ်ပြီး စပါးစ်ဟာ ပထမပိုင်းမှာ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရမယ့်အရေးကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်စတန် ဗီလာကြယ်ပွင့်ဟောင်း အဘွန်လဟောရဲ့ အမြင်မှာတော့ မြောက်လန်ဒန်ကလပ်အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ပျင်းရိစရာကောင်းလွန်းခဲ့တာဖြစ်ပြီး talkSPORT မှာ စီစဉ်တင်ဆက်နေချိန်အတွင်း ကွန်တီရဲ့အသင်းကို ဘတ်စ်ကားကွက်သုံးတဲ့အသင်းလို့ ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

“အင်း ကျွန်တော် ဆိုလိုချင်တာက ပထမပိုင်းမှာ စပါးစ်က ရီးရဲလ်မက်ဒရစ်နဲ့ ကစားနေခဲ့တယ်လို့ ထင်မိခဲ့ပါတယ်။ သူတို့တွေက အကောင်းဆုံးရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားနေသလိုမျိုးပဲ။ သူတို့တွေ ပထမပိုင်းမှာ ခံစစ်ကို ၂ ထပ်ပိတ်ဆော့ခဲ့တဲ့ပုံစံက ကျွန်တော် အရင်တုန်းက မြင်ဖူးခဲ့တာနဲ့ လုံးဝမတူပါဘူး။ ကျွန်တော် ပြောချင်တာက ခင်ဗျား မာဆေးလ်အသင်းကို ကြည့်လိုက်ပါ။ ဂိုးသမားက လိုပက်ဇ် စပါးစ်မှာ လူပို၊ အမ်ဘမ်ဘာဆို နယူးကာဆယ်လ်က လူပို၊ တာဗာရက်စ်ဆို အာဆင်နယ်က လူပို၊ ဗေးဟဲတုဆို အက်စတန် ဗီလာက လူပို၊ ဂွမ်ဒူဇီဆို အာဆင်နယ်က လူပို။ ကိုလာစီနက်လည်း အာဆင်နယ်က လူပိုပဲ”

“ဒီလူတွေက ပရီးမီးယားလိဂ်က လူပိုတွေ။ ခင်ဗျားက အဲဒီလိုလူတွေနဲ့ အသင်းကို ပထမပိုင်းမှာ တသက်လုံးမမြင်ဖူးတဲ့ အကြီးမားဆုံး ဘတ်စ်ကားကွက်နဲ့ ပိတ်ဆော့တယ်။ အဲဒါက ခံစစ်ကစားပုံတောင် မဟုတ်ခဲ့ပါဘူး။ အဲဒါက အလွန်အကျွံခုခံမှုဖြစ်ခဲ့ပါတယ်။ ဟာရီ ကိန်းဆိုရင်တောင် သူ့ရဲ့ကွင်းဘက်ခြမ်းမှာ ခံစစ်ကစားဖို့လားမသိဘူး ရှိနေခဲ့တယ်”

“ခင်ဗျား တန်ပြန်တိုက်စစ် ကစားနိုင်မယ့် ခံစစ်နည်းဗျူဟာကို စမ်းကစားကြည့်နိုင်တယ်။ ဒါပေမယ့် ခင်ဗျား တိုက်စစ်ကစားသမားတစ်ယောက်တော့ ချန်ထားခဲ့ရမယ်။ သူတို့တွေ တိုက်စစ်မှာ တစ်ယောက်မှတောင် ရှိမနေခဲ့ဘူး။ မာဆေးလ်က အဆင့် ၅၊ လယ်သမားလိဂ်မှာ အဆင့် ၅ အသင်းပါ။ ခင်ဗျားက အဲဒီအသင်းကို ဘတ်စ်ကားကွက်နဲ့ ကစားခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ၁၆ သင်းရှုံးထွက်အဆင့်မှာ ကလပ် ဘရုဂျ်၊ အင်တာမီလန်တို့ထဲက တစ်သင်းနဲ့ တွေ့ဆုံသွားရနိုင်ခြေရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤါေန႔ညက Stade Velodrome ကြင္းမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက အိမ္ရွင္ မာေဆးလ္အသင္းကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အုပ္စုဗိုလ္အျဖစ္နဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အမ်ားစုအတြက္ေတာ့ ရလဒ္က အေရးအပါဆုံးျဖစ္ခဲ့တာျဖစ္ၿပီး စပါးစ္ဟာ ပထမပိုင္းမွာ ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္လည္း ဒုတိယပိုင္းမွာ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခြာရမယ့္အေရးကေန လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္း အဘြန္လေဟာရဲ႕ အျမင္မွာေတာ့ ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ စြမ္းေဆာင္ရည္ဟာ ပ်င္းရိစရာေကာင္းလြန္းခဲ့တာျဖစ္ၿပီး talkSPORT မွာ စီစဥ္တင္ဆက္ေနခ်ိန္အတြင္း ကြန္တီရဲ႕အသင္းကို ဘတ္စ္ကားကြက္သုံးတဲ့အသင္းလို႔ ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

“အင္း ကြၽန္ေတာ္ ဆိုလိုခ်င္တာက ပထမပိုင္းမွာ စပါးစ္က ရီးရဲလ္မက္ဒရစ္နဲ႔ ကစားေနခဲ့တယ္လို႔ ထင္မိခဲ့ပါတယ္။ သူတို႔ေတြက အေကာင္းဆုံးရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ကစားေနသလိုမ်ိဳးပဲ။ သူတို႔ေတြ ပထမပိုင္းမွာ ခံစစ္ကို ၂ ထပ္ပိတ္ေဆာ့ခဲ့တဲ့ပုံစံက ကြၽန္ေတာ္ အရင္တုန္းက ျမင္ဖူးခဲ့တာနဲ႔ လုံးဝမတူပါဘူး။ ကြၽန္ေတာ္ ေျပာခ်င္တာက ခင္ဗ်ား မာေဆးလ္အသင္းကို ၾကည့္လိုက္ပါ။ ဂိုးသမားက လိုပက္ဇ္ စပါးစ္မွာ လူပို၊ အမ္ဘမ္ဘာဆို နယူးကာဆယ္လ္က လူပို၊ တာဗာရက္စ္ဆို အာဆင္နယ္က လူပို၊ ေဗးဟဲတုဆို အက္စတန္ ဗီလာက လူပို၊ ဂြမ္ဒူဇီဆို အာဆင္နယ္က လူပို။ ကိုလာစီနက္လည္း အာဆင္နယ္က လူပိုပဲ”

“ဒီလူေတြက ပရီးမီးယားလိဂ္က လူပိုေတြ။ ခင္ဗ်ားက အဲဒီလိုလူေတြနဲ႔ အသင္းကို ပထမပိုင္းမွာ တသက္လုံးမျမင္ဖူးတဲ့ အႀကီးမားဆုံး ဘတ္စ္ကားကြက္နဲ႔ ပိတ္ေဆာ့တယ္။ အဲဒါက ခံစစ္ကစားပုံေတာင္ မဟုတ္ခဲ့ပါဘူး။ အဲဒါက အလြန္အကြၽံခုခံမႈျဖစ္ခဲ့ပါတယ္။ ဟာရီ ကိန္းဆိုရင္ေတာင္ သူ႔ရဲ႕ကြင္းဘက္ျခမ္းမွာ ခံစစ္ကစားဖို႔လားမသိဘူး ရွိေနခဲ့တယ္”

“ခင္ဗ်ား တန္ျပန္တိုက္စစ္ ကစားႏိုင္မယ့္ ခံစစ္နည္းဗ်ဴဟာကို စမ္းကစားၾကည့္ႏိုင္တယ္။ ဒါေပမယ့္ ခင္ဗ်ား တိုက္စစ္ကစားသမားတစ္ေယာက္ေတာ့ ခ်န္ထားခဲ့ရမယ္။ သူတို႔ေတြ တိုက္စစ္မွာ တစ္ေယာက္မွေတာင္ ရွိမေနခဲ့ဘူး။ မာေဆးလ္က အဆင့္ ၅၊ လယ္သမားလိဂ္မွာ အဆင့္ ၅ အသင္းပါ။ ခင္ဗ်ားက အဲဒီအသင္းကို ဘတ္စ္ကားကြက္နဲ႔ ကစားခဲ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အုပ္စုဗိုလ္အျဖစ္နဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ကလပ္ ဘ႐ုဂ်္၊ အင္တာမီလန္တို႔ထဲက တစ္သင္းနဲ႔ ေတြ႕ဆုံသြားရႏိုင္ေျခရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.