Premier League

အစွမ်းကုန်တောက်ပပြခဲ့တဲ့ ရိစ် နယ်ဆင်ကို ချီးကျူးခဲ့ရတဲ့ စတိဗ် ကူးပါး

အာဆင်နယ်လူငယ်တောင်ပံကစားသမား ရိစ် နယ်ဆင်ဟာ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲစဉ်မှာ နည်းပြ အာတီတာရဲ့ အခွင့်အရေးပေးခြင်းခံခဲ့ရပြီး အသင်းနဲ့ အသင်းဖော်တွေ စိတ်မပျက်ရအောင် အစွမ်းကုန်တောက်ပပြခဲ့ပါတယ်။

ဖောရက်စ်နဲ့ပွဲက နယ်ဆင်ရဲ့ သွင်းဂိုးဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ နောက်ပိုင်း ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ဂိုးဖြစ်ခဲ့ပြီး ဒုတိယပိုင်းပြန်စအပြီး ၄ မိနစ်အကြာမှာ ဟန်ဒါဆန် ပုတ်ထုတ်လိုက်ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို နှစ်ဆင့် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယမြောက် သွင်းဂိုးကို ဂါဘရီယဲလ် ဂျေးဇုက ညာတောင်ပံကနေ လျှပ်တပြက် ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို ရိစ် နယ်ဆင်က ဖောရက်စ် နောက်ခံလူတွေကြားကနေ ပြေးဝင် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး နောက်ထပ် ၅ မိနစ်အကြာမှာ သောမတ်စ် ပါတေးရဲ့ အလွန်ကောင်းမွန်တဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်နည်းပြ စတိဗ် ကူးပါးဟာ အင်္ဂလန်ယူ-၁၇ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ချိန်တန်ုးက အာဆင်နယ်လူငယ်ကစားသမား ရိစ် နယ်ဆင်ကို လေ့ကျင့်ပေးခဲ့ဖူးသူဖြစ်ပြီး တနင်္ဂနွေနေ့ညပွဲစဉ်မှာ အာဆင်နယ်ကြယ်ပွင့်ကောင်းကောင်း လုပ်နိုင်ခဲ့တာကြောင့် ဝမ်းမြောက်ခဲ့ပေမယ့်လည်း တခြားပွဲစဉ်တွေမှာ ခြေစွမ်းပြသတာမျိုးပဲ ဖြစ်ဖို့ ဆုတောင်းခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူနဲ့အမြဲတမ်း အားကောင်းတဲ့ဆက်ဆံရေးမျိုးရှိခဲ့တယ်။ သူက အင်္ဂလန်ယူ-၁၇ အသင်းအတွက် ထူးချွန်တဲ့ကစားသမားဖြစ်ခဲ့တယ်။ သူ ကောင်းကောင်းလုပ်နိုင်နေတာ မြင်ရတာ ကောင်းပါတယ်။ ဒီနေ့ အဲဒီလို မဖြစ်ခဲ့ရင်ကောင်းမယ်လို့ ကျွန်တော် ဆုတောင်းခဲ့မိတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ရိစ် နယ်ဆင်က နော်တင်ဟမ် ဖောရက်စ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်နဲ့ပတ်သက်ပြီး ပွဲအပြီးမှာ”အဲဒါက အံ့အားသင့်စရာကောင်းခဲ့တယ်။ ခင်ဗျား သိလား။ နည်းနည်းတော့နှေးကွေးတဲ့စတင်မှုဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဂိုးတွေ စသွင်းယူနိုင်ခဲ့တဲ့အချိန်မှာ အားလုံးက ပွဲထဲကို စတင်ပါဝင်လာကြပြီး အားလုံးက အဲဒါကို ပျော်ရွှင်ခံစားခဲ့ကြတယ်လို့ ထင်တယ်။ ကျွန်တော် လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပြီး အရမ်းကို ဝမ်းမြောက်ပျော်ရွှင်မိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

BBC အတွက် ပွဲစီစဉ်တင်ဆက်ပေးနေခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှူးဟောင်း ဂလန်း မာရေးက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ နယ်ဆင်အနေနဲ့ မာတင် အော်ဒီဂွါဒ်နဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့အပေါ်မှာ အများကြီး အကြွေးတင်သွားပြီလို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“သူ အကြာကြီး မစောင့်ဆိုင်းခဲ့ရပါဘူး။ ရိစ် နယ်ဆင်က အသင်းအတွက် သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုး သွင်းယူအပြီးမှာ တစ်ဂိုးနဲ့တစ်ဂိုးက မိနစ်အနည်းငယ်လောက်ပဲ ကြာခဲ့ပါတယ်။ ရိုးရှင်းတဲ့ မြေမကျဘော၊ ၄ ကိုက်အကွာက ကန်သွင်းခဲ့ပြီး ဒီပွဲက သေဆုံးပြီး မြေမြှုပ်ခြင်းခံခဲ့ရပါတယ်။ အော်ဒီဂွါဒ်နဲ့ ဂျေဆူးစ်တို့ ကစားသွားတဲ့ပုံစံက အရမ်း ထူးခြားပါတယ်။ ဘောလုံးပေးပို့မှုက ပြီးပြည့်စုံခဲ့ပြီတော့ ရိစ် နယ်ဆင်ရဲ့ ရွေ့လျားမှုလည်း ပြီးပြည့်စုံခဲ့တယ်။ သူ့ရဲ့ ပထမဆုံးသွင်းဂိုးနဲ့ ဒုတိယဂိုးကြားမှာ ၂ နှစ်လောက် စောင့်ဆိုင်းခဲ့ရပြီး ပြီးတဲ့နောက် သူ့ရဲ့ ဒုတိယဂိုးနဲ့ တတိယဂိုးကြားမှာ ၃ မိနစ်ပဲ ကြာခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္လူငယ္ေတာင္ပံကစားသမား ရိစ္ နယ္ဆင္ဟာ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ပြဲစဥ္မွာ နည္းျပ အာတီတာရဲ႕ အခြင့္အေရးေပးျခင္းခံခဲ့ရၿပီး အသင္းနဲ႔ အသင္းေဖာ္ေတြ စိတ္မပ်က္ရေအာင္ အစြမ္းကုန္ေတာက္ပျပခဲ့ပါတယ္။

ေဖာရက္စ္နဲ႔ပြဲက နယ္ဆင္ရဲ႕ သြင္းဂိုးဟာ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ေနာက္ပိုင္း ပထမဆုံး သြင္းယူႏိုင္ခဲ့တဲ့ဂိုးျဖစ္ခဲ့ၿပီး ဒုတိယပိုင္းျပန္စအၿပီး ၄ မိနစ္အၾကာမွာ ဟန္ဒါဆန္ ပုတ္ထုတ္လိုက္ရာကေန ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ႏွစ္ဆင့္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယေျမာက္ သြင္းဂိုးကို ဂါဘရီယဲလ္ ေဂ်းဇုက ညာေတာင္ပံကေန လွ်ပ္တျပက္ ျဖတ္တင္ေပးပို႔လိုက္တဲ့ေဘာလုံးကို ရိစ္ နယ္ဆင္က ေဖာရက္စ္ ေနာက္ခံလူေတြၾကားကေန ေျပးဝင္ ပိတ္သြင္းယူသြားခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၅ မိနစ္အၾကာမွာ ေသာမတ္စ္ ပါေတးရဲ႕ အလြန္ေကာင္းမြန္တဲ့သြင္းဂိုးကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္နည္းျပ စတိဗ္ ကူးပါးဟာ အဂၤလန္ယူ-၁၇ အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့ခ်ိန္တႏ္ုးက အာဆင္နယ္လူငယ္ကစားသမား ရိစ္ နယ္ဆင္ကို ေလ့က်င့္ေပးခဲ့ဖူးသူျဖစ္ၿပီး တနဂၤေႏြေန႔ညပြဲစဥ္မွာ အာဆင္နယ္ၾကယ္ပြင့္ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တာေၾကာင့္ ဝမ္းေျမာက္ခဲ့ေပမယ့္လည္း တျခားပြဲစဥ္ေတြမွာ ေျခစြမ္းျပသတာမ်ိဳးပဲ ျဖစ္ဖို႔ ဆုေတာင္းခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူနဲ႔အၿမဲတမ္း အားေကာင္းတဲ့ဆက္ဆံေရးမ်ိဳးရွိခဲ့တယ္။ သူက အဂၤလန္ယူ-၁၇ အသင္းအတြက္ ထူးခြၽန္တဲ့ကစားသမားျဖစ္ခဲ့တယ္။ သူ ေကာင္းေကာင္းလုပ္ႏိုင္ေနတာ ျမင္ရတာ ေကာင္းပါတယ္။ ဒီေန႔ အဲဒီလို မျဖစ္ခဲ့ရင္ေကာင္းမယ္လို႔ ကြၽန္ေတာ္ ဆုေတာင္းခဲ့မိတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ရိစ္ နယ္ဆင္က ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္နဲ႔ပတ္သက္ၿပီး ပြဲအၿပီးမွာ”အဲဒါက အံ့အားသင့္စရာေကာင္းခဲ့တယ္။ ခင္ဗ်ား သိလား။ နည္းနည္းေတာ့ေႏွးေကြးတဲ့စတင္မႈျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ဂိုးေတြ စသြင္းယူႏိုင္ခဲ့တဲ့အခ်ိန္မွာ အားလုံးက ပြဲထဲကို စတင္ပါဝင္လာၾကၿပီး အားလုံးက အဲဒါကို ေပ်ာ္႐ႊင္ခံစားခဲ့ၾကတယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ ေလ့က်င့္ေရးမွာ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေနၿပီး အရမ္းကို ဝမ္းေျမာက္ေပ်ာ္႐ႊင္မိပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

BBC အတြက္ ပြဲစီစဥ္တင္ဆက္ေပးေနခဲ့တဲ့ ဘ႐ိုက္တန္တိုက္စစ္မႉးေဟာင္း ဂလန္း မာေရးက ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ ၂ ဂိုးသြင္းၿပီး ၁ ဂိုးဖန္တီးေပးႏိုင္ခဲ့တဲ့ နယ္ဆင္အေနနဲ႔ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔အေပၚမွာ အမ်ားႀကီး အေႂကြးတင္သြားၿပီလို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

“သူ အၾကာႀကီး မေစာင့္ဆိုင္းခဲ့ရပါဘူး။ ရိစ္ နယ္ဆင္က အသင္းအတြက္ သူ႔ရဲ႕ ဒုတိယေျမာက္သြင္းဂိုး သြင္းယူအၿပီးမွာ တစ္ဂိုးနဲ႔တစ္ဂိုးက မိနစ္အနည္းငယ္ေလာက္ပဲ ၾကာခဲ့ပါတယ္။ ႐ိုးရွင္းတဲ့ ေျမမက်ေဘာ၊ ၄ ကိုက္အကြာက ကန္သြင္းခဲ့ၿပီး ဒီပြဲက ေသဆုံးၿပီး ေျမျမႇဳပ္ျခင္းခံခဲ့ရပါတယ္။ ေအာ္ဒီဂြါဒ္နဲ႔ ေဂ်ဆူးစ္တို႔ ကစားသြားတဲ့ပုံစံက အရမ္း ထူးျခားပါတယ္။ ေဘာလုံးေပးပို႔မႈက ၿပီးျပည့္စုံခဲ့ၿပီေတာ့ ရိစ္ နယ္ဆင္ရဲ႕ ေ႐ြ႕လ်ားမႈလည္း ၿပီးျပည့္စုံခဲ့တယ္။ သူ႔ရဲ႕ ပထမဆုံးသြင္းဂိုးနဲ႔ ဒုတိယဂိုးၾကားမွာ ၂ ႏွစ္ေလာက္ ေစာင့္ဆိုင္းခဲ့ရၿပီး ၿပီးတဲ့ေနာက္ သူ႔ရဲ႕ ဒုတိယဂိုးနဲ႔ တတိယဂိုးၾကားမွာ ၃ မိနစ္ပဲ ၾကာခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.