Premier League

ဝက်စ်ဟမ်းနဲ့ပွဲမှာ အကောင်သေးသလောက် အဆိပ်ပြင်းတယ်ဆိုတာ ပြသခဲ့ပြန်တဲ့ မာတီနက်ဇ်

လီဆန်ဒရို မာတီနက်ဇ်ဟာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ည ပွဲစဉ်မှာ မယုံနိုင်ဖွယ်စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ပရိသတ်တိုင်းရဲ့ အနှစ်သက်ဆုံးကစားသမား ဘာလို့ဖြစ်နေလဲဆိုတာကို သက်သေပြသခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပထမပိုင်းက ခေါင်းတိုက်သွင်းဂိုးက မန်ချက်စတာယူနိုက်တက်ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ၈ ပွဲအထိ တိုးမြှင့်နိုင်ခဲ့ပေမယ့်လည်း နိုင်ပွဲက လွယ်လွယ်ကူကူနဲ့ မရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ ပွဲပြီးဆုံးခါနီး နောက်ဆုံး ၁၅ မိနစ်မှာ ဝက်စ်ဟမ်းအသင်းက တရကြမ်း ထိုးဖောက်တိုက်စစ်ဆင်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ခံစစ်ကစားပြီး အလူးအလဲ ကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝက်စ်ဟမ်းရဲ့ ထိုးဖောက်မှုတွေကို ကြံ့ကြံ့ခံရင်း အမှတ်ပေးဇယား အဆင့် ၅ နေရာကို ပေးဂိုးမရှိ အနိုင်ရလဒ်နဲ့အတူ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ပွဲအပြီး အားလုံးရဲ့ ပါးစပ်ဖျားမှာ နောက်ခံကစားသမားတစ်ဦးနာမည်က တဖွဖွပြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ နောက်ထပ်တစ်ကြိမ် မန်ယူနိုက်တက် ခံစစ်မှာ ထူးချွန်တဲ့ ကစားသမားဖြစ်ခဲ့ပြီး အိုင်းယက်စ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ပုံမှန် ခြေစွမ်းပြသခဲ့တဲ့အတိုင်း ထပ်မံ စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ ဝက်စ်ဟမ်းတိုက်စစ်မှူး ဂျန်လူကာ စကက်မက်ကာနဲ့ ရင်ဆိုင်ရမှာ တွန့်ဆုတ်နေခဲ့ခြင်းမရှိဘဲ ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးတွေထဲက အချို့နဲ့ ရင်ဆိုင်ရာမှာ မာတီနက်ဇ်က ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက် ရှင်းထုတ်ရာမှာ မျက်နှာကို ဖိနပ်နဲ့ ကန်ခံရတာတောင်မှ စကက်မက်ကာကို ဝင်လုံးဖို့အတွက် ကြောက်ရွံ့နေခဲ့ခြင်းမရှိတာဖြစ်ပြီး ဘိုဝင်၊ အန်တိုနီယိုတို့နဲ့ ရင်ဆိုင်ရာမှာလည်း အသာစီးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပေးပို့မှု အောင်မြင်မှု ၅၈ ကြိမ်၊ ဘောလုံး ထိတွေ့မှု ၇၉ ကြိမ်အထိ ပြုလုပ်ပေးပြီး အဲရစ် တန်ဟက်ရဲ့ အသင်းမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဆိုတာကို သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ မာတီနက်ဇ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အလွန်အထင်ကြီးခဲ့ကြပြီး မန်ယူနိုက်တက် နောက်ခံလူကလည်း အာဂျင်တီးနား သားသတ်သမားဆိုတဲ့ နာမည်နဲ့လိုက်အောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

“မာတီနက်ဇ်နဲ့ပတ်သက်ပြီး ငါ ပြောနေဖို့တောင် မလိုတော့ပါဘူး။ အခုဆိုရင် အားလုံးက သူက ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူဆိုတာ သိသင့်နေပါပြီ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “လူတွေက သူ့ရဲ့ အရပ်အမောင်းကို လှောင်ပြောင်ခဲ့ကြတယ်။ ခုဆိုရင် အဲဒီလို ပြောတဲ့ကောင်တွေက သောက်ရူးတွေ ဖြစ်ကုန်ကြပြီ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မာတီနက်ဇ်နဲ့အတူ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ပုံမှန်အားဖြင့်တော့ ဗဟိုခံစစ်ဘယ်ခြမ်းမှာ ပြီးခဲ့တဲ့တစ်ရာသီလုံး ကစားပေးခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့ပွဲစဉ်မှာတော့ ညာခြမ်းမှာ ကစားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ဟာရီ မက်ဂွိုင်းယားအနေနဲ့ မာတီနက်ဇ်ရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်အရ ညာခြမ်းမှာ ကစားတာကို အသားကျအောင် လုပ်ဖို့လိုအပ်တယ်လို့ ထင်မြင်နေပါတယ်။ “ဟာရီ မက်ဂွိုင်းယားက မန်ယူနိုက်တက်ခံစစ် ညာဘက်ခြမ်းမှာ ကစားတာ အသားကျအောင် လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ သူ ဘယ်ခြမ်းမှာ ကစားရဖို့ဆိုတာက မဖြစ်နိုင်လို့ပါ။ လီဆန်ဒရို မာတီနက်ဇ်က ဘယ်ခြမ်းကို သူ့ရဲ့အပိုင်နေရာ လုပ်ထားနိုင်ခဲ့ပြီးပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ တနဂၤေႏြေန႔ည ပြဲစဥ္မွာ မယုံႏိုင္ဖြယ္စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တိုင္းရဲ႕ အႏွစ္သက္ဆုံးကစားသမား ဘာလို႔ျဖစ္ေနလဲဆိုတာကို သက္ေသျပသခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ပထမပိုင္းက ေခါင္းတိုက္သြင္းဂိုးက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရႈံးပြဲမရွိ စံခ်ိန္ကို ၈ ပြဲအထိ တိုးျမႇင့္ႏိုင္ခဲ့ေပမယ့္လည္း ႏိုင္ပြဲက လြယ္လြယ္ကူကူနဲ႔ မရရွိႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဝက္စ္ဟမ္းဟာ ပြဲၿပီးဆုံးခါနီး ေနာက္ဆုံး ၁၅ မိနစ္မွာ ဝက္စ္ဟမ္းအသင္းက တရၾကမ္း ထိုးေဖာက္တိုက္စစ္ဆင္လာခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းက ခံစစ္ကစားၿပီး အလူးအလဲ ကာကြယ္ခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝက္စ္ဟမ္းရဲ႕ ထိုးေဖာက္မႈေတြကို ႀကံ့ႀကံ့ခံရင္း အမွတ္ေပးဇယား အဆင့္ ၅ ေနရာကို ေပးဂိုးမရွိ အႏိုင္ရလဒ္နဲ႔အတူ တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ၿပီး ပြဲအၿပီး အားလုံးရဲ႕ ပါးစပ္ဖ်ားမွာ ေနာက္ခံကစားသမားတစ္ဦးနာမည္က တဖြဖြေျပာစရာျဖစ္ခဲ့တာျဖစ္ပါတယ္။ မာတီနက္ဇ္ဟာ ေနာက္ထပ္တစ္ႀကိမ္ မန္ယူႏိုက္တက္ ခံစစ္မွာ ထူးခြၽန္တဲ့ ကစားသမားျဖစ္ခဲ့ၿပီး အိုင္းယက္စ္အသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပုံမွန္ ေျခစြမ္းျပသခဲ့တဲ့အတိုင္း ထပ္မံ စြမ္းေဆာင္ျပခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဟာ ဝက္စ္ဟမ္းတိုက္စစ္မႉး ဂ်န္လူကာ စကက္မက္ကာနဲ႔ ရင္ဆိုင္ရမွာ တြန႔္ဆုတ္ေနခဲ့ျခင္းမရွိဘဲ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတဲ့ ပရီးမီးယားလိဂ္တိုက္စစ္မႉးေတြထဲက အခ်ိဳ႕နဲ႔ ရင္ဆိုင္ရာမွာ မာတီနက္ဇ္က ေကာင္းေကာင္း ရင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္ ရွင္းထုတ္ရာမွာ မ်က္ႏွာကို ဖိနပ္နဲ႔ ကန္ခံရတာေတာင္မွ စကက္မက္ကာကို ဝင္လုံးဖို႔အတြက္ ေၾကာက္႐ြံ႕ေနခဲ့ျခင္းမရွိတာျဖစ္ၿပီး ဘိုဝင္၊ အန္တိုနီယိုတို႔နဲ႔ ရင္ဆိုင္ရာမွာလည္း အသာစီးရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ ေဘာလုံးေပးပို႔မႈ ေအာင္ျမင္မႈ ၅၈ ႀကိမ္၊ ေဘာလုံး ထိေတြ႕မႈ ၇၉ ႀကိမ္အထိ ျပဳလုပ္ေပးၿပီး အဲရစ္ တန္ဟက္ရဲ႕ အသင္းမွာ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုဆိုတာကို သက္ေသျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ မာတီနက္ဇ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အလြန္အထင္ႀကီးခဲ့ၾကၿပီး မန္ယူႏိုက္တက္ ေနာက္ခံလူကလည္း အာဂ်င္တီးနား သားသတ္သမားဆိုတဲ့ နာမည္နဲ႔လိုက္ေအာင္ လုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။

“မာတီနက္ဇ္နဲ႔ပတ္သက္ၿပီး ငါ ေျပာေနဖို႔ေတာင္ မလိုေတာ့ပါဘူး။ အခုဆိုရင္ အားလုံးက သူက ကမာၻေပၚက အေကာင္းဆုံးေနာက္ခံလူဆိုတာ သိသင့္ေနပါၿပီ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “လူေတြက သူ႔ရဲ႕ အရပ္အေမာင္းကို ေလွာင္ေျပာင္ခဲ့ၾကတယ္။ ခုဆိုရင္ အဲဒီလို ေျပာတဲ့ေကာင္ေတြက ေသာက္႐ူးေတြ ျဖစ္ကုန္ၾကၿပီ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ ဘရန႔္တ္ဖို႔ဒ္ကို ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ မာတီနက္ဇ္နဲ႔အတူ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ပုံမွန္အားျဖင့္ေတာ့ ဗဟိုခံစစ္ဘယ္ျခမ္းမွာ ၿပီးခဲ့တဲ့တစ္ရာသီလုံး ကစားေပးခဲ့ေပမယ့္လည္း တနဂၤေႏြေန႔ပြဲစဥ္မွာေတာ့ ညာျခမ္းမွာ ကစားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ မာတီနက္ဇ္ရဲ႕ ေတာက္ပတဲ့ စြမ္းေဆာင္ရည္အရ ညာျခမ္းမွာ ကစားတာကို အသားက်ေအာင္ လုပ္ဖို႔လိုအပ္တယ္လို႔ ထင္ျမင္ေနပါတယ္။ “ဟာရီ မက္ဂြိဳင္းယားက မန္ယူႏိုက္တက္ခံစစ္ ညာဘက္ျခမ္းမွာ ကစားတာ အသားက်ေအာင္ လုပ္ရပါမယ္။ ဘာလို႔လဲဆိုေတာ့ သူ ဘယ္ျခမ္းမွာ ကစားရဖို႔ဆိုတာက မျဖစ္ႏိုင္လို႔ပါ။ လီဆန္ဒ႐ို မာတီနက္ဇ္က ဘယ္ျခမ္းကို သူ႔ရဲ႕အပိုင္ေနရာ လုပ္ထားႏိုင္ခဲ့ၿပီးပါၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.