Premier League

ဗန်ဒဘိခ်အတွက် နှုတ်ဆက်ပွဲ တခမ်းတနားပြုလုပ်ပေးခဲ့ကြတဲ့ အိုင်းယက်စ်ပရိသတ်များ

UNICODE: အိုင်းယက်စ် ကွင်းလယ်လူ ဗန်ဒဘိခ်ဟာ ယူနိုက်တက်အသင်းကို ပေါင်သန်း (၄၀) နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ သို့ပေမဲ့ သူ့ရဲ့ မိခင်အသင်းလည်းဖြစ်၊ အသင်းဟောင်းလည်းဖြစ်တဲ့ အိုင်းယက်စ် အသင်းရဲ့ ပရိသတ်တွေကတော့ ဗန်ဒဘိခ်အတွက် နှုတ်ဆက်ပွဲကို တခမ်းတနား ပြုလုပ်ပေးခဲ့ကြပါတယ်။

နယ်သာလန်အသင်းက အီတလီအသင်းကို ရှုံးနိမ့်ခဲ့အပြီး အမ်စတာဒမ်လမ်းမပေါ်မှာ တောက်ပတဲ့ မီးရောင်များနဲ့ ခေါင်းစည်းစာတန်းအချို့ကို သယ်ဆောင်ပြီး ဗန်ဒဘိခ်အတွက် နှုတ်ဆက်ပွဲကို ပြုလုပ်ပေးခဲ့ကြပါတယ်။

နယ်သာလန်အသင်းက အီတလီအသင်းကို (၁-၀) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီး နယ်သာလန် ကစားသမားများ ကွင်းထဲကနေ ထွက်ခွာလာရာမှာ “ဗန်ဒဘိခ်” အမည်ပါရှိတဲ့ စာတန်းများနဲ့တကွ ဗန်ဒဘိခ်နာမည်ကို သံပြိုင်ရွတ်ဆိုကာ နှုတ်ဆက်အားပေးခဲ့ကြပါတယ်။

ဗန်ဒဘိခ်တစ်ယောက် ကားနဲ့ ကွင်းပြင်ပကို ထွက်ခွာလာရာမှာလည်း နယ်သာလန် ပရိသတ်တစ်ဦးက သူ့ကို တားဆီးခဲ့ပြီး မီးရောင်များနဲ့ တောက်ပနေတဲ့ သူ့ရဲ့နာမည်ပါရှိတဲ့ ဆိုင်းဘုတ်စာတန်းများကို တွေ့ခဲ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း ကားပေါ်မှ ဆင်းပြီး အပြုံးများနဲ့ သူ့ကို နှုတ်ဆက်ပွဲ လုပ်ပေးခဲ့တဲ့ ပရိသတ်တွေကို လက်ခုပ်တီးကာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ပြန်လည် နှုတ်ဆက်ခဲ့ပါတယ်။

ဗန်ဒဘိခ်ဟာ ၂၀၀၈ ခုနှစ်မှာ အိုင်းယက်စ် အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အိုင်းယက်စ်အသင်းအတွက် သူဟာ ပွဲပေါင်း (၁၄၅) ပွဲ ကစားပေးခဲ့ပြီး ၄၁ ဂိုး သွင်းယူကာ (၃၄) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ယခုချိန်မှာတော့ ဗန်ဒဘိခ်ဟာ ယူနိုက်တက် ကစားသမားတစ်ယောက် ဖြစ်နေပြီလို့ သိရှိရပါတယ်။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

ZAWGYI: အိုင္းယက္စ္ ကြင္းလယ္လူ ဗန္ဒဘိခ္ဟာ ယူႏိုက္တက္အသင္းကို ေပါင္သန္း (၄၀) နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ သို႔ေပမဲ့ သူ႔ရဲ႕ မိခင္အသင္းလည္းျဖစ္၊ အသင္းေဟာင္းလည္းျဖစ္တဲ့ အိုင္းယက္စ္ အသင္းရဲ႕ ပရိသတ္ေတြကေတာ့ ဗန္ဒဘိခ္အတြက္ ႏႈတ္ဆက္ပြဲကို တခမ္းတနား ျပဳလုပ္ေပးခဲ့ၾကပါတယ္။

နယ္သာလန္အသင္းက အီတလီအသင္းကို ရႈံးနိမ့္ခဲ့အၿပီး အမ္စတာဒမ္လမ္းမေပၚမွာ ေတာက္ပတဲ့ မီးေရာင္မ်ားနဲ႔ ေခါင္းစည္းစာတန္းအခ်ိဳ႕ကို သယ္ေဆာင္ၿပီး ဗန္ဒဘိခ္အတြက္ ႏႈတ္ဆက္ပြဲကို ျပဳလုပ္ေပးခဲ့ၾကပါတယ္။

နယ္သာလန္အသင္းက အီတလီအသင္းကို (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး နယ္သာလန္ ကစားသမားမ်ား ကြင္းထဲကေန ထြက္ခြာလာရာမွာ “ဗန္ဒဘိခ္” အမည္ပါရွိတဲ့ စာတန္းမ်ားနဲ႔တကြ ဗန္ဒဘိခ္နာမည္ကို သံၿပိဳင္႐ြတ္ဆိုကာ ႏႈတ္ဆက္အားေပးခဲ့ၾကပါတယ္။

ဗန္ဒဘိခ္တစ္ေယာက္ ကားနဲ႔ ကြင္းျပင္ပကို ထြက္ခြာလာရာမွာလည္း နယ္သာလန္ ပရိသတ္တစ္ဦးက သူ႔ကို တားဆီးခဲ့ၿပီး မီးေရာင္မ်ားနဲ႔ ေတာက္ပေနတဲ့ သူ႔ရဲ႕နာမည္ပါရွိတဲ့ ဆိုင္းဘုတ္စာတန္းမ်ားကို ေတြ႕ခဲ့ရပါေတာ့တယ္။ သူကိုယ္တိုင္လည္း ကားေပၚမွ ဆင္းၿပီး အၿပဳံးမ်ားနဲ႔ သူ႔ကို ႏႈတ္ဆက္ပြဲ လုပ္ေပးခဲ့တဲ့ ပရိသတ္ေတြကို လက္ခုပ္တီးကာ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ၿပီး ျပန္လည္ ႏႈတ္ဆက္ခဲ့ပါတယ္။

ဗန္ဒဘိခ္ဟာ ၂၀၀၈ ခုႏွစ္မွာ အိုင္းယက္စ္ အကယ္ဒမီကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းရဲ႕ အခ်စ္ေတာ္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ အိုင္းယက္စ္အသင္းအတြက္ သူဟာ ပြဲေပါင္း (၁၄၅) ပြဲ ကစားေပးခဲ့ၿပီး ၄၁ ဂိုး သြင္းယူကာ (၃၄) ႀကိမ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးထားႏိုင္ခဲ့ပါတယ္။ ယခုခ်ိန္မွာေတာ့ ဗန္ဒဘိခ္ဟာ ယူႏိုက္တက္ ကစားသမားတစ္ေယာက္ ျဖစ္ေနၿပီလို႔ သိရွိရပါတယ္။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.