Premier League

PFA အေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနား

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီရဲ႕ ပရီးမီးယားလိဂ္ဖန္တီးမွဳစံခ်ိန္ကို လုိက္မီခဲ့အၿပီးမွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအဖြဲ႕ခ်ဳပ္က ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာအေကာင္းဆုံးဆုကို ဆြတ္ခူးသြားႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းမွာ ပြဲတုိင္းနီးပါး ေျခစြမ္းျပႏုိင္ခဲ့တဲ့ အသက္ ၂၉ ႏွစ္အရြယ္ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူဟာ ဒီဆုအတြက္ေတာ့ သူ႕ရဲ႕နည္းျပ ပက္ပ္ ဂြါဒီယိုလာကို ေက်းဇူးတင္စကားဆုိခဲ့ၿပီး သူက ကၽြန္ေတာ္ ဒီလိုဆုေတြ ရယူႏုိင္ဖို႔ လုပ္ေဆာင္ေပးခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

ဒီဘ႐ိုင္းနားအေနနဲ႔ လီဗာပူးလ္ရဲ႕ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဟန္ဒါဆန္နဲ႔ မာေနး၊ အသင္းေဖာ္ စတာလင္တုိ႔ကို ျဖတ္ေက်ာ္ၿပီး ဒီဆုကို ရယူႏုိင္ခဲ့တာျဖစ္သလို ႏွစ္စဥ္ႏွစ္တုိင္း အစဥ္အလာႀကီးမားတဲ့ ဆုေတြထဲကေန ပရီးမီးယားလိဂ္တစ္ရာသီလုံး အေကာင္းဆုံးဆုကိုလည္း သိမ္းပုိက္ထားႏိုင္ခဲ့ပါတယ္။

PFA အေကာင္းဆုံး အမ်ဳိးသမီးဆုကိုေတာ့ ခ်ဲလ္ဆီးအသင္းတုိက္စစ္မွဴး ဘက္သနီ အဂၤလန္က ဆြတ္ခူးသြားခဲ့သလို အေကာင္းဆုံးလူငယ္ ကစားသမားဆုကိုေတာ့ လီဗာပူးလ္ရဲ႕ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဆြတ္ခူးသြားႏုိင္ခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကေတာ့ ဆင္းရဲခ်ဳိ႕တဲ့သူ ကေလးငယ္ေတြကို ေထာက္ပံ့ခဲ့တဲ့ လုပ္ရပ္အတြက္ PFA အမွတ္တရ ဂုဏ္ျပဳဆုကို ရရွိသြားခဲ့ပါတယ္။

ဒီဘ႐ိုင္းနားအေနနဲ႔ ဒီဆုကို ရရွိခဲ့တဲ့ ပထမဆုံး မန္ခ်က္စတာစီးတီးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ႏုိင္ခဲ့သလို ဘယ္လ္ဂ်ီယမ္သားထဲမွာေတာ့ အီဒင္ ဟာဇတ္ေနာက္ ဒုတိယေျမာက္ျဖစ္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ မဲေပးမွဳနဲ႔ ခ်ီးျမႇင့္ခဲ့တဲ့ဆုကိုေတာ့ လီဗာပူးလ္ေတာင္ပံကစားသမား ဆာဒီယို မာေနးက ရရွိသြားေၾကာင္းလည္း သိရွိရပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီရဲ့ ပရီးမီးယားလိဂ်ဖန်တီးမှုစံချိန်ကို လိုက်မီခဲ့အပြီးမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းမှာ ပွဲတိုင်းနီးပါး ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ ဒီဆုအတွက်တော့ သူ့ရဲ့နည်းပြ ပက်ပ် ဂွါဒီယိုလာကို ကျေးဇူးတင်စကားဆိုခဲ့ပြီး သူက ကျွန်တော် ဒီလိုဆုတွေ ရယူနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဘရိုင်းနားအနေနဲ့ လီဗာပူးလ်ရဲ့ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဟန်ဒါဆန်နဲ့ မာနေး၊ အသင်းဖော် စတာလင်တို့ကို ဖြတ်ကျော်ပြီး ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်သလို နှစ်စဉ်နှစ်တိုင်း အစဉ်အလာကြီးမားတဲ့ ဆုတွေထဲကနေ ပရီးမီးယားလိဂ်တစ်ရာသီလုံး အကောင်းဆုံးဆုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

PFA အကောင်းဆုံး အမျိုးသမီးဆုကိုတော့ ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဘက်သနီ အင်္ဂလန်က ဆွတ်ခူးသွားခဲ့သလို အကောင်းဆုံးလူငယ် ကစားသမားဆုကိုတော့ လီဗာပူးလ်ရဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဆွတ်ခူးသွားနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကတော့ ဆင်းရဲချို့တဲ့သူ ကလေးငယ်တွေကို ထောက်ပံ့ခဲ့တဲ့ လုပ်ရပ်အတွက် PFA အမှတ်တရ ဂုဏ်ပြုဆုကို ရရှိသွားခဲ့ပါတယ်။

ဒီဘရိုင်းနားအနေနဲ့ ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး မန်ချက်စတာစီးတီးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့သလို ဘယ်လ်ဂျီယမ်သားထဲမှာတော့ အီဒင် ဟာဇတ်နောက် ဒုတိယမြောက်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ချီးမြှင့်ခဲ့တဲ့ဆုကိုတော့ လီဗာပူးလ်တောင်ပံကစားသမား ဆာဒီယို မာနေးက ရရှိသွားကြောင်းလည်း သိရှိရပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.