Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၈.၉.၂၀၂၀

– ဗိုင္နယ္လ္ဒြမ္အတြက္ လီဗာပူးလ္နဲ႔ ဘာစီလိုနာတုိ႔ၾကား သေဘာတူညီမွဳ မရရွိေသးဘဲ ပရိသတ္ေတြကေတာ့ ကာတာလန္အသင္း အေနနဲ႔ ကစားသမားရဲ႕ ေဈးႏွဳန္းအစစ္အမွန္ကို ေပးႏုိင္ဖို႔ မာရသြန္မွာ ပထမဆုံးေျခတစ္လွမ္းကိုပဲ လွမ္းရေသးတယ္လို႔ ေလွာင္ေျပာင္ခဲ့ၾကၿပီး ေပါင္သန္း ၂၀ အနည္းဆုံးတန္တယ္လို႔ တုံ႔ျပန္။

– အသင္းမွာ ေနရာတစ္ေနရာနဲ႔ အခန္းက႑တစ္ခုကို ရွာေဖြေပးႏုိင္ဖို႔ မေသခ်ာေသးတာေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ လူငယ္ တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို ေရာင္းခ်သြားဖို႔ လုပ္ေဆာင္ေနၿပီး ျပန္လည္ေခၚယူခြင့္ကို ထည့္သြင္းသြားဖို႔လည္း စီစဥ္ေန။

isamaila sarr

– လီဗာပူးလ္အသင္းအေနနဲ႔ ခံစစ္ဗဟိုမွာ ဗန္ဒိုက္နဲ႔ တြဲဖက္မယ့္ ကစားသမားတစ္ဦး၊ ကြင္းလယ္လူတစ္ဦးနဲ႔ ေတာင္ပံကစားသမားတစ္ဦး ေခၚယူသြားမယ္လုိ႔ အစီအစဥ္ရွိခဲ့ေပမယ့္ မလြယ္ကူလွတဲ့ ေဈးကြက္အတြင္း လွဳပ္ရွားမွဳေတြအရ ေနာက္ဆုံးမွာ အစၥမိုင္လာ ဆားရ္ကိုပဲ ေခၚယူၿပီး ရပ္တန္႔သြားမယ္လုိ႔ ယူဆေနၾက။

– အေရာင္းစာရင္းတင္ထားတဲ့ ဘယ္သန္ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို ေခၚယူဖို႔ အက္စတန္ဗီလာအသင္းက စိတ္ဝင္စားေနၿပီး လီဗာပူးလ္အသင္းက ေတာင္းဆိုထားတဲ့ ေပါင္သန္း ၂၀ အစား ၁၂ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ ေဈးဆစ္ေနၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း သုံးႏွစ္က်န္ရွိေနတဲ့ ေဝးလ္လက္ေရြးစင္အတြက္ Transfermarkt ကေတာ့ ေပါင္ ၁၅.၈ သန္းလို႔ တြက္ခ်က္ထား။

– လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိအေျပာင္းအေရႊ႕ကာလအတြင္းမွာ ဗဟိုေနာက္ခံလူသစ္တစ္ဦးကို မေခၚယူႏုိင္ခဲ့ရင္ ဗန္ဒုိက္နဲ႔ တြဲဖက္ဖို႔ ခက္ခဲေနတဲ့ ဂ်ဳိးဂိုမက္ဇ္နဲ႔ မာတစ္ပ္တုိ႔အစား ဖာဘင္ညဳိကိုပဲ အေရးေပၚေနာက္ခံလူအျဖစ္ ေျပာင္းလဲကစားခိုင္းဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဗိုင်နယ်လ်ဒွမ်အတွက် လီဗာပူးလ်နဲ့ ဘာစီလိုနာတို့ကြား သဘောတူညီမှု မရရှိသေးဘဲ ပရိသတ်တွေကတော့ ကာတာလန်အသင်း အနေနဲ့ ကစားသမားရဲ့ ဈေးနှုန်းအစစ်အမှန်ကို ပေးနိုင်ဖို့ မာရသွန်မှာ ပထမဆုံးခြေတစ်လှမ်းကိုပဲ လှမ်းရသေးတယ်လို့ လှောင်ပြောင်ခဲ့ကြပြီး ပေါင်သန်း ၂၀ အနည်းဆုံးတန်တယ်လို့ တုံ့ပြန်။

– အသင်းမှာ နေရာတစ်နေရာနဲ့ အခန်းကဏ္ဍတစ်ခုကို ရှာဖွေပေးနိုင်ဖို့ မသေချာသေးတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ လူငယ် တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို ရောင်းချသွားဖို့ လုပ်ဆောင်နေပြီး ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းသွားဖို့လည်း စီစဉ်နေ။

isamaila sarr

– လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်ဗဟိုမှာ ဗန်ဒိုက်နဲ့ တွဲဖက်မယ့် ကစားသမားတစ်ဦး၊ ကွင်းလယ်လူတစ်ဦးနဲ့ တောင်ပံကစားသမားတစ်ဦး ခေါ်ယူသွားမယ်လို့ အစီအစဉ်ရှိခဲ့ပေမယ့် မလွယ်ကူလှတဲ့ ဈေးကွက်အတွင်း လှုပ်ရှားမှုတွေအရ နောက်ဆုံးမှာ အစ္စမိုင်လာ ဆားရ်ကိုပဲ ခေါ်ယူပြီး ရပ်တန့်သွားမယ်လို့ ယူဆနေကြ။

– အရောင်းစာရင်းတင်ထားတဲ့ ဘယ်သန်တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ခေါ်ယူဖို့ အက်စတန်ဗီလာအသင်းက စိတ်ဝင်စားနေပြီး လီဗာပူးလ်အသင်းက တောင်းဆိုထားတဲ့ ပေါင်သန်း ၂၀ အစား ၁၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ဈေးဆစ်နေပြီး အသင်းနဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေတဲ့ ဝေးလ်လက်ရွေးစင်အတွက် Transfermarkt ကတော့ ပေါင် ၁၅.၈ သန်းလို့ တွက်ချက်ထား။

– လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလအတွင်းမှာ ဗဟိုနောက်ခံလူသစ်တစ်ဦးကို မခေါ်ယူနိုင်ခဲ့ရင် ဗန်ဒိုက်နဲ့ တွဲဖက်ဖို့ ခက်ခဲနေတဲ့ ဂျိုးဂိုမက်ဇ်နဲ့ မာတစ်ပ်တို့အစား ဖာဘင်ညိုကိုပဲ အရေးပေါ်နောက်ခံလူအဖြစ် ပြောင်းလဲကစားခိုင်းဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.