Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၈.၉.၂၀၂၀

– တစ္ႏွစ္လုပ္ခ ေပါင္ ၈.၅ သန္း ေပးရႏုိင္တဲ့ ေနာက္ခံလူ ခါလီဒူး ကူလီေဘလီအတြက္ ေဆြးေႏြးမွဳေတြက မၿပီးျပတ္ေသးဘဲ ယူ႐ို သန္း ၇၀ ကို ေဘာနပ္စ္ေတြ ပါဝင္မွ ရရွိႏုိင္မယ္ဆုိတဲ့ မန္စီးတီးအသင္းနဲ႔ ယူ႐ုိသန္း ၇၀ ကစၿပီး ေဘာနပ္စ္ ၁၀ သန္းေလာက္ လိုခ်င္ေနေသးတဲ့ နာပိုလီအသင္းတုိ႔ၾကား အေခ်အတင္ျဖစ္ေနၾက။

– မန္ခ်က္စတာစီးတီး အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းအေနနဲ႔ အသက္အရြယ္အားျဖင့္လည္း အက်ပုိင္းနဲ႔ မနီးေသးဘဲ ႀကံ့ခိုင္မွဳနဲ႔ လ်င္ျမန္မွဳ ေကာင္းမြန္တဲ့ လာလီဂါေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ ဟိုေဆး ဟီမီနက္ဇ္နဲ႔ ဒီေယဂို ကားလို႔စ္တုိ႔ကို ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး ကူလီေဘလီထက္ လက္ေတြ႕က်တဲ့ ရင္းႏွီးျမႇဳပ္ႏွံမွဳေတြျဖစ္လာမယ္လို႔ ယူဆေန။

– အဂၤလန္အသင္းကေန အိမ္ျပန္ပို႔ခံခဲ့ရတဲ့ ကြင္းလယ္လူ ဖီးလ္ ဖိုဒန္အတြက္ ဆုံးျဖတ္ခ်က္ကို မန္ခ်က္စတာစီးတီးအသင္းက ေထာက္ခံလိုက္ေၾကာင္းနဲ႔ ဒါက သူတုိ႔ကစားသမားရဲ႕ အဂၤလန္ကစားသမားနဲ႔ စီးတီးကစားသမားတစ္ေယာက္ရဲ႕ အဆင့္အတန္းမ်ဳိးနဲ႔ မညီဘဲ ျပဳမူေနထိုင္ခဲ့တဲ့ အမွားျဖစ္ေၾကာင္း ထုတ္ျပန္သြားခဲ့။

– လာမာစီယာအကယ္ဒမီထြက္ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ႏူးကမ့္ဆီ ျပန္လည္ေခၚယူဖို႔ ဘာစီလိုနာအသင္းက ေဆြးေႏြးမွဳေတြ စတင္ေတာ့မယ္လို႔ သိရၿပီး မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြကေတာ့ ၁၉ ႏွစ္သားရဲ႕ စာခ်ဳပ္ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနေပမယ့္ ယူ႐ို ၂၅ သန္းေပးရမယ္လုိ႔ ေတာင္းဆိုထား။

– လက္ရွိျပသေနတဲ့ ေျခစြမ္းဟာ ေပးထားရတဲ့ တန္ေၾကး ေပါင္ ၂၀.၇ သန္းကို ေဈးခ်ဳိခ်ဳိနဲ႔ ရလိုက္သလိုမ်ဳိး ထင္ျမင္မိေစတယ္လို႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြက အသင္းရဲ႕ ကစားသမားသစ္ ဖယ္ရန္ ေတာရက္စ္ရဲ႕ စပိန္အသင္းက ေျခစြမ္းအေပၚ ခ်ီးက်ဴး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG

UNICODE:

– တစ်နှစ်လုပ်ခ ပေါင် ၈.၅ သန်း ပေးရနိုင်တဲ့ နောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် ဆွေးနွေးမှုတွေက မပြီးပြတ်သေးဘဲ ယူရို သန်း ၇၀ ကို ဘောနပ်စ်တွေ ပါဝင်မှ ရရှိနိုင်မယ်ဆိုတဲ့ မန်စီးတီးအသင်းနဲ့ ယူရိုသန်း ၇၀ ကစပြီး ဘောနပ်စ် ၁၀ သန်းလောက် လိုချင်နေသေးတဲ့ နာပိုလီအသင်းတို့ကြား အချေအတင်ဖြစ်နေကြ။

– မန်ချက်စတာစီးတီး အားကစားဒါရိုက်တာ ဘီဂီရီစတိန်းအနေနဲ့ အသက်အရွယ်အားဖြင့်လည်း အကျပိုင်းနဲ့ မနီးသေးဘဲ ကြံ့ခိုင်မှုနဲ့ လျင်မြန်မှု ကောင်းမွန်တဲ့ လာလီဂါနောက်ခံလူနှစ်ဦးဖြစ်တဲ့ ဟိုဆေး ဟီမီနက်ဇ်နဲ့ ဒီယေဂို ကားလို့စ်တို့ကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ကူလီဘေလီထက် လက်တွေ့ကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာမယ်လို့ ယူဆနေ။

– အင်္ဂလန်အသင်းကနေ အိမ်ပြန်ပို့ခံခဲ့ရတဲ့ ကွင်းလယ်လူ ဖီးလ် ဖိုဒန်အတွက် ဆုံးဖြတ်ချက်ကို မန်ချက်စတာစီးတီးအသင်းက ထောက်ခံလိုက်ကြောင်းနဲ့ ဒါက သူတို့ကစားသမားရဲ့ အင်္ဂလန်ကစားသမားနဲ့ စီးတီးကစားသမားတစ်ယောက်ရဲ့ အဆင့်အတန်းမျိုးနဲ့ မညီဘဲ ပြုမူနေထိုင်ခဲ့တဲ့ အမှားဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့။

– လာမာစီယာအကယ်ဒမီထွက် နောက်ခံလူ အဲရစ် ဂါစီယာကို နူးကမ့်ဆီ ပြန်လည်ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ဆွေးနွေးမှုတွေ စတင်တော့မယ်လို့ သိရပြီး မန်ချက်စတာစီးတီးတာဝန်ရှိသူတွေကတော့ ၁၉ နှစ်သားရဲ့ စာချုပ်နောက်ဆုံးနှစ်ကို ရောက်ရှိနေပေမယ့် ယူရို ၂၅ သန်းပေးရမယ်လို့ တောင်းဆိုထား။

– လက်ရှိပြသနေတဲ့ ခြေစွမ်းဟာ ပေးထားရတဲ့ တန်ကြေး ပေါင် ၂၀.၇ သန်းကို ဈေးချိုချိုနဲ့ ရလိုက်သလိုမျိုး ထင်မြင်မိစေတယ်လို့ မန်ချက်စတာစီးတီးပရိသတ်တွေက အသင်းရဲ့ ကစားသမားသစ် ဖယ်ရန် တောရက်စ်ရဲ့ စပိန်အသင်းက ခြေစွမ်းအပေါ် ချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG