Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၈.၉.၂၀၂၀

– အာဆင္နယ္အသင္းက အလုိရွိေနေပမယ့္ အက္သလက္တီကို မက္ဒရစ္ရဲ႕ ေဈးကိုင္မွဳေၾကာင့္ မေခၚယူႏုိင္ေသးတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ ညီျဖစ္သူ ေဂၚဒြင္ ပါေတးဟာ အင္စတာဂရမ္မွာ အာဆင္နယ္အသင္းနဲ႔ ကစားသမားေတြကို Follow လုပ္ခဲ့လို႔ ပရိသတ္ေတြရဲ႕ ခန္႔မွန္းမွဳေတြ ပုိမိုျမင့္တက္လာ။

– ဟူဆင္းမ္ ေအာဝါကို အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ပဥၥမေျမာက္ေႏြရာသီေခၚယူမွဳအျဖစ္ ရည္ရြယ္ထားၿပီး လီယြန္အသင္းဆီ ထပ္မံကမ္းလွမ္းမွဳေတြ ျပဳလုပ္သြားဦးမယ္လုိ႔ ျပင္သစ္အေျခစိုက္ RMC Sport က ေဖာ္ျပခဲ့တာမို႔ ေသာမတ္စ္ ပါေတးနဲ႔ ဘယ္သူအရင္ ေရာက္လာမလဲဆုိတာကို ပရိသတ္ေတြ ရင္ခုန္ေနၾက။

– လူးကပ္စ္ ေတာ္ရဲရားအတြက္ ဖီအိုရင္တီးနားရဲ႕ တစ္ႏွစ္အငွား ယူ႐ို ၈ သန္း၊ ရာသီကုန္မွာ အၿပီးသတ္ ၁၆ သန္းဆုိတဲ့ ကမ္းလွမ္းမွဳကုိ ေနာက္ေကာက္ခ်ႏုိင္ဖို႔ တုိရီႏိုအသင္းအေနနဲ႔ အာဆင္နယ္အသင္းဆီ ယူ႐ို ၂၄ သန္း တစ္လုံးတစ္ခဲတည္းေပးၿပီး ကမ္းလွမ္းဖို႔လုပ္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေရာ့ဘ္ ဟိုးလ္ဒင္းကို နယူးကာဆယ္လ္ယူႏုိက္တက္ဆီ အငွားခ်ဖို႔ မူအားျဖင့္ သေဘာတူညီၿပီးခဲ့မွ မေဖာ္ျပႏုိင္တဲ့ အေၾကာင္းတခ်ဳိ႕ေၾကာင့္ ေခတၱဆုိင္းငံ့ထားခဲ့ၿပီး ၂၄ ႏွစ္သားရဲ႕ အနာဂတ္ကေတာ့ မျပတ္သားေသးဘူးလို႔ သိရ။

– အသင္းကို ဒုတိယရာသီအျဖစ္ အငွားနဲ႔ ထပ္မံေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္က သူ႕အေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ သူ႕ကို ေပးမကစားခဲ့ပုံကို စိတ္ပ်က္ခဲ့ရေပမယ့္ နည္းျပဘက္က မွန္ကန္ေၾကာင္းနဲ႔ သူ႕လက္ေအာက္မွာ ပုိမို ေျခစြမ္းျပႏုိင္ခဲ့ေၾကာင္း ဝန္ခံစကားဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းက အလိုရှိနေပေမယ့် အက်သလက်တီကို မက်ဒရစ်ရဲ့ ဈေးကိုင်မှုကြောင့် မခေါ်ယူနိုင်သေးတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ ညီဖြစ်သူ ဂေါ်ဒွင် ပါတေးဟာ အင်စတာဂရမ်မှာ အာဆင်နယ်အသင်းနဲ့ ကစားသမားတွေကို Follow လုပ်ခဲ့လို့ ပရိသတ်တွေရဲ့ ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာ။

– ဟူဆင်းမ် အောဝါကို အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပဉ္စမမြောက်နွေရာသီခေါ်ယူမှုအဖြစ် ရည်ရွယ်ထားပြီး လီယွန်အသင်းဆီ ထပ်မံကမ်းလှမ်းမှုတွေ ပြုလုပ်သွားဦးမယ်လို့ ပြင်သစ်အခြေစိုက် RMC Sport က ဖော်ပြခဲ့တာမို့ သောမတ်စ် ပါတေးနဲ့ ဘယ်သူအရင် ရောက်လာမလဲဆိုတာကို ပရိသတ်တွေ ရင်ခုန်နေကြ။

– လူးကပ်စ် တော်ရဲရားအတွက် ဖီအိုရင်တီးနားရဲ့ တစ်နှစ်အငှား ယူရို ၈ သန်း၊ ရာသီကုန်မှာ အပြီးသတ် ၁၆ သန်းဆိုတဲ့ ကမ်းလှမ်းမှုကို နောက်ကောက်ချနိုင်ဖို့ တိုရီနိုအသင်းအနေနဲ့ အာဆင်နယ်အသင်းဆီ ယူရို ၂၄ သန်း တစ်လုံးတစ်ခဲတည်းပေးပြီး ကမ်းလှမ်းဖို့လုပ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ရော့ဘ် ဟိုးလ်ဒင်းကို နယူးကာဆယ်လ်ယူနိုက်တက်ဆီ အငှားချဖို့ မူအားဖြင့် သဘောတူညီပြီးခဲ့မှ မဖော်ပြနိုင်တဲ့ အကြောင်းတချို့ကြောင့် ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ၂၄ နှစ်သားရဲ့ အနာဂတ်ကတော့ မပြတ်သားသေးဘူးလို့ သိရ။

– အသင်းကို ဒုတိယရာသီအဖြစ် အငှားနဲ့ ထပ်မံရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်က သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ မီခယ်လ် အာတီတာရဲ့ သူ့ကို ပေးမကစားခဲ့ပုံကို စိတ်ပျက်ခဲ့ရပေမယ့် နည်းပြဘက်က မှန်ကန်ကြောင်းနဲ့ သူ့လက်အောက်မှာ ပိုမို ခြေစွမ်းပြနိုင်ခဲ့ကြောင်း ဝန်ခံစကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.