La Liga Premier League Transfer News

မန္ခ်က္စတာယူႏုိက္တက္ကို ေရာက္ဖို႔ အလားအလာမ်ားေနတဲ့ ေဘးလ္

ဂါရက္ ေဘးလ္ဟာ သူရဲ႕အနာဂတ္နဲ႔ပတ္သတ္ၿပီး နည္းျပ ဇီနဒင္း ဇီဒန္းနဲ႔ စကားေျပာဆိုမႈေတြ ျပဳလုပ္ေနၿပီပဲျဖစ္ပါတယ္။ ရီးယဲလ္အသင္းဟာ သူ႔ကို ထြက္ခြာဖို႔ ခက္ခဲေစတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ အသင္းကို ျပစ္တင္ေျပာဆိုခဲ့တာျဖစ္ၿပီး ေဘးလ္အေနနဲ႔လည္း ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနၿပီလို႔ ဝန္ခံခဲ့ပါတယ္။

စပိန္သတင္းစာ မာကာရဲ႕ သတင္းေတြအရ ေဘးလ္ကို ယူႏိုက္တက္က စိတ္ဝင္စားေနၿပီး ရီးယဲလ္မွလည္း အိုလီဂန္နာ ဆိုးလ္ရွားဘက္က ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနတာပါ။ ႏိုင္ငံတကာပြဲေတြအၿပီးမွာ ေဝးလ္စ္လက္ေ႐ြးစင္ကစားသမားကို အသင္းက ထြက္ခြာခြင့္ေပးဖို႔ ရီးယဲလ္အသင္းအေနနဲ႔လည္း ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ဂ်ဳိေဆး ေမာ္ရင္ဟိုရဲ႕ ေတာ့တင္ဟမ္အသင္းကလည္း ေဘးလ္ကို အလိုရွိေနေပမယ့္ အသင္းဥကၠဌ ဒန္နီရယ္ လီဗိုင္းမွာေတာ့ သူ႕ကို ဝယ္ယူဖို႔ ပိုက္ဆံအလုံအေလာက္ ရွိမေနတာပါ။ အသင္းအေနနဲ႔လည္း ကစားသမားအတြက္ အသင္းကေန ထြက္ခြာေစခ်င္ေပမယ့္ ကမ္းလွမ္းမႈတစ္စုံတစ္ရာ မရေသးတာပဲျဖစ္ပါတယ္။ ရီးယဲလ္အေနနဲ႔ ေဘးလ္ကို က်န္ရွိေနတဲ့ ၂ ႏွစ္စာ လစာကို ေပးဖို႔လည္း ဆႏၵမရွိေတာ့တာျဖစ္ပါတယ္။

ေဘးလ္ဟာ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၆ သန္းနဲ႔ ရီးယဲလ္အသင္းကို ေတာ့တင္ဟမ္အသင္းကေန ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာလည္း ေဘးလ္ဟာ ၿပိဳင္ပြဲစုံ ပြဲ ၂၀ ပဲကစားခြင့္ရရွိခဲ့ၿပီး ရီးယဲလ္အသင္း ဖလားနဲ႔အတူ ေအာင္ပြဲခံတဲ့အခ်ိန္မွာလည္း မ႐ႊင္မပ်ျဖစ္ေနခဲ့တာပါ။ သူရဲ႕ေျပာင္းေ႐ႊ႕မႈနဲ႔ပတ္သက္ၿပီး အသင္းရဲ႕ ကိုင္တြယ္ပုံေတြကိုလည္း အလိုမက်ျဖစ္ေနခဲ့ပါတယ္။ တ႐ုတ္ဆူပါလိဂ္နဲ႔ ခ်ိတ္ဆက္မႈေတြရွိခဲ့တဲ့အေပၚကိုလည္း ေဘးလ္က “မႏွစ္ကဆိုရင္ အေျပာင္းအေ႐ႊ႕ေဈးကြက္ရဲ႕ ေနာက္ဆုံးစကၠန႔္ထိ သူတို႔ ကြၽန္ေတာ့္ကို ထြက္ခြာခြင့္ ပိတ္ပင္ထားခဲ့တယ္။ ဒီပေရာဂ်က္က ကြၽန္ေတာ္ တကယ္စိတ္လႈပ္ရွားခဲ့ၿပီး အေကာင္အထည္မေပၚခဲ့တာပါ” လို႔ျပန္လည္ေျပာျပခဲ့ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဘးလ္က “ကြၽန္ေတာ္ ခုနေျပာခဲ့သလိုပဲ ကြၽန္ေတာ့္အနာဂတ္က ကြၽန္ေတာ့္လက္ထဲမွာမရွိဘူး။ အဲ့လို ကမ္းလွမ္းမႈမ်ိဳး ေရာက္လာခဲ့မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ စဥ္းစားသြားမွာပါ” လို႔ ဆိုခဲ့ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔လည္း ေဘးလ္နဲ႔ လြန္ခဲ့တဲ့ႏွစ္ေတြထဲက ခ်ိတ္ဆက္မႈေတြရွိခဲ့ၿပီး အသင္းမွာလည္း နယ္သာလန္လက္ေရြးစင္ ဗန္ဒဘိခ္တစ္ဦးတည္းကိုသာ သန္း ၄၀ နဲ႔ ေခၚယူထားရေသးတာျဖစ္တယ္လို႔ သိရွိရပါတယ္။

REF: DAILYMAIL
PHOTOS CREDITS TO THE OWNERS
SPORTS A2Z.

Unicode: ဂါရက် ဘေးလ်ဟာ သူရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး နည်းပြ ဇီနဒင်း ဇီဒန်းနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်နေပြီပဲဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ သူ့ကို ထွက်ခွာဖို့ ခက်ခဲစေတယ်လို့ အင်တာဗျူးတစ်ခုမှာ အသင်းကို ပြစ်တင်ပြောဆိုခဲ့တာဖြစ်ပြီး ဘေးလ်အနေနဲ့လည်း ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလို့ ဝန်ခံခဲ့ပါတယ်။

စပိန်သတင်းစာ မာကာရဲ့ သတင်းတွေအရ ဘေးလ်ကို ယူနိုက်တက်က စိတ်ဝင်စားနေပြီး ရီးယဲလ်မှလည်း အိုလီဂန်နာ ဆိုးလ်ရှားဘက်က ကမ်းလှမ်းမှုကို စောင့်မျှော်နေတာပါ။ နိုင်ငံတကာပွဲတွေအပြီးမှာ ဝေးလ်စ်လက်ရွေးစင်ကစားသမားကို အသင်းက ထွက်ခွာခွင့်ပေးဖို့ ရီးယဲလ်အသင်းအနေနဲ့လည်း ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဂျိုဆေး မော်ရင်ဟိုရဲ့ တော့တင်ဟမ်အသင်းကလည်း ဘေးလ်ကို အလိုရှိနေပေမယ့် အသင်းဥက္ကဌ ဒန်နီရယ် လီဗိုင်းမှာတော့ သူ့ကို ဝယ်ယူဖို့ ပိုက်ဆံအလုံအလောက် ရှိမနေတာပါ။ အသင်းအနေနဲ့လည်း ကစားသမားအတွက် အသင်းကနေ ထွက်ခွာစေချင်ပေမယ့် ကမ်းလှမ်းမှုတစ်စုံတစ်ရာ မရသေးတာပဲဖြစ်ပါတယ်။ ရီးယဲလ်အနေနဲ့ ဘေးလ်ကို ကျန်ရှိနေတဲ့ ၂ နှစ်စာ လစာကို ပေးဖို့လည်း ဆန္ဒမရှိတော့တာဖြစ်ပါတယ်။

ဘေးလ်ဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၈၆ သန်းနဲ့ ရီးယဲလ်အသင်းကို တော့တင်ဟမ်အသင်းကနေ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဘေးလ်ဟာ ပြိုင်ပွဲစုံ ပွဲ ၂၀ ပဲကစားခွင့်ရရှိခဲ့ပြီး ရီးယဲလ်အသင်း ဖလားနဲ့အတူ အောင်ပွဲခံတဲ့အချိန်မှာလည်း မရွှင်မပျဖြစ်နေခဲ့တာပါ။ သူရဲ့ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး အသင်းရဲ့ ကိုင်တွယ်ပုံတွေကိုလည်း အလိုမကျဖြစ်နေခဲ့ပါတယ်။ တရုတ်ဆူပါလိဂ်နဲ့ ချိတ်ဆက်မှုတွေရှိခဲ့တဲ့အပေါ်ကိုလည်း ဘေးလ်က “မနှစ်ကဆိုရင် အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးစက္ကန့်ထိ သူတို့ ကျွန်တော့်ကို ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့တယ်။ ဒီပရောဂျက်က ကျွန်တော် တကယ်စိတ်လှုပ်ရှားခဲ့ပြီး အကောင်အထည်မပေါ်ခဲ့တာပါ” လို့ပြန်လည်ပြောပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီးတော့လည်း ဘေးလ်က “ကျွန်တော် ခုနပြောခဲ့သလိုပဲ ကျွန်တော့်အနာဂတ်က ကျွန်တော့်လက်ထဲမှာမရှိဘူး။ အဲ့လို ကမ်းလှမ်းမှုမျိုး ရောက်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော် စဉ်းစားသွားမှာပါ” လို့ ဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လည်း ဘေးလ်နဲ့ လွန်ခဲ့တဲ့နှစ်တွေထဲက ချိတ်ဆက်မှုတွေရှိခဲ့ပြီး အသင်းမှာလည်း နယ်သာလန်လက်ရွေးစင် ဗန်ဒဘိခ်တစ်ဦးတည်းကိုသာ သန်း ၄၀ နဲ့ ခေါ်ယူထားရသေးတာဖြစ်တယ်လို့ သိရှိရပါတယ်။

REF: DAILYMAIL
PHOTOS CREDITS TO THE OWNERS
SPORTS A2Z.