Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၇.၉.၂၀၂၀

– ခ်ဲလ္ဆီးအသင္းနဲ႔ ရင္ေနးအသင္းၾကားမွာ ဂိုးသမား ေအဒူယာ မန္ဒီကို ေခၚယူႏုိင္ဖို႔ ေဆြးေႏြးမွဳေတြဟာ တျဖည္းျဖည္းေလးနက္လာခဲ့ၿပီး ေျပာင္းေရႊ႕ေၾကး ညႇိႏွဳိင္းမွဳမွာ ျပင္သစ္ကလပ္ဘက္က ေျပေျပလည္လည္ လိုက္ေလ်ာေပးဖို႔ကိုပဲ ေမွ်ာ္လင့္ေနရ။

– ကစားသမားသစ္ ခိုင္ ဟာဗတ္ဇ္ဟာ အသင္းရဲ႕ ဂိုးနဲ႔ ဖန္တီးမွဳေတြကို တာဝန္ယူဖို႔ ေရာက္ရွိလာတာျဖစ္ေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ဒီထက္ေမွ်ာ္လင့္ႏုိင္တဲ့အရာတစ္ခုရွိၿပီး အသင္းရဲ႕တုိက္စစ္မွာ အင္အားနည္းေနတဲ့ အရပ္အေမာင္းျမင့္မားမွဳကိုလည္း ရရွိႏုိင္မယ္လုိ႔ သုံးသပ္ေနၾက။

– လက္စတာေရာက္ ကက္စတာညီေနရာအတြက္ အစားထိုးဖို႔ အတၱလန္တာအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ အံဝင္မွဳ မရွိတဲ့ ညာေနာက္ခံလူ ဒါဗီေဒး ဇက္ပါေကာ္စတာကို အလိုရွိေနၿပီး ဒက္ကလန္ ႐ိုက္စ္ ေခၚယူေရး ရန္ပုံေငြအတြက္ ေရာင္းထုတ္သြားဖြယ္ရွိေန။

– ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆန္ေမာင့္ရဲ႕ ဖခင္ တုိနီေမာင့္က သူ႕ရဲ႕သားအေနနဲ႔ အသင္းကို ဟာဗတ္ဇ္ေရာက္ရွိလာလို႔ မေပ်ာ္မရႊင္ ျဖစ္ေနတယ္ဆုိတဲ့ သတင္းေတြကို ျငင္းဆုိလုိက္ၿပီး ဂ်ာမန္သတင္းဌာနေတြအေနနဲ႔ အဓိပၸါယ္မရွိတာေတြကို ေရးသားခဲ့တာျဖစ္တယ္လုိ႔ တုံ႔ျပန္သြားခဲ့။

– လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္တဲ့ ဂ်န္လြီဂီ ဒြန္နာရမ္မာအတြက္ ေအစီမီလန္အသင္းဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို ပယ္ခ်ခဲ့အၿပီးမွာ ခ်ဲလ္ဆီးနည္းစနစ္ အႀကံေပး ပီတာခ်က္အတြက္ အခြင့္ေကာင္းတစ္ခုျဖစ္လာခဲ့ၿပီး ေခၚယူဖို႔ စုံစမ္းမွဳေတြ စတင္သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းနဲ့ ရင်နေးအသင်းကြားမှာ ဂိုးသမား အေဒူယာ မန်ဒီကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေဟာ တဖြည်းဖြည်းလေးနက်လာခဲ့ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုမှာ ပြင်သစ်ကလပ်ဘက်က ပြေပြေလည်လည် လိုက်လျောပေးဖို့ကိုပဲ မျှော်လင့်နေရ။

– ကစားသမားသစ် ခိုင် ဟာဗတ်ဇ်ဟာ အသင်းရဲ့ ဂိုးနဲ့ ဖန်တီးမှုတွေကို တာဝန်ယူဖို့ ရောက်ရှိလာတာဖြစ်ပေမယ့် ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ဒီထက်မျှော်လင့်နိုင်တဲ့အရာတစ်ခုရှိပြီး အသင်းရဲ့တိုက်စစ်မှာ အင်အားနည်းနေတဲ့ အရပ်အမောင်းမြင့်မားမှုကိုလည်း ရရှိနိုင်မယ်လို့ သုံးသပ်နေကြ။

– လက်စတာရောက် ကက်စတာညီနေရာအတွက် အစားထိုးဖို့ အတ္တလန်တာအသင်းအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ အံဝင်မှု မရှိတဲ့ ညာနောက်ခံလူ ဒါဗီဒေး ဇက်ပါကော်စတာကို အလိုရှိနေပြီး ဒက်ကလန် ရိုက်စ် ခေါ်ယူရေး ရန်ပုံငွေအတွက် ရောင်းထုတ်သွားဖွယ်ရှိနေ။

– ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ရဲ့ ဖခင် တိုနီမောင့်က သူ့ရဲ့သားအနေနဲ့ အသင်းကို ဟာဗတ်ဇ်ရောက်ရှိလာလို့ မပျော်မရွှင် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး ဂျာမန်သတင်းဌာနတွေအနေနဲ့ အဓိပ္ပါယ်မရှိတာတွေကို ရေးသားခဲ့တာဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့။

– လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့ ဂျန်လွီဂီ ဒွန်နာရမ်မာအတွက် အေစီမီလန်အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ပယ်ချခဲ့အပြီးမှာ ချဲလ်ဆီးနည်းစနစ် အကြံပေး ပီတာချက်အတွက် အခွင့်ကောင်းတစ်ခုဖြစ်လာခဲ့ပြီး ခေါ်ယူဖို့ စုံစမ်းမှုတွေ စတင်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.