Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၇.၉.၂၀၂၀

– ဘာစီလုိနာအသင္းမွာ လီယြန္နယ္ မက္ဆီ ဆက္ရွိဖို႔ ေသခ်ာသြားခဲ့ၿပီျဖစ္လို႔ အေရးပါမွဳ ေပ်ာက္ဆုံးေနခဲ့ၿပီး ေျခစြမ္းလည္း အျပည့္အဝ ထုတ္ေဖာ္ျပသႏုိင္ျခင္းမရွိတဲ့ ျပင္သစ္တုိက္စစ္မွဴး အြန္ထြာ ဂရစ္ဇ္မန္းကို လီဗာပူးလ္တုိ႔ ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ေရာဘတ္တို ဖာမီႏိုရဲ႕ အစားထိုးမွဳအျဖစ္ ရွဳျမင္ထား။

– သီယာဂို အယ္လ္ကန္တာရာရဲ႕ လုပ္ခလစာႀကီးျမင့္မွဳနဲ႔ ဘုိင္ယန္ျမဴးနစ္ဘက္က ေလွ်ာ့ခ်မေပးလုိတဲ့ ေျပာင္းေရႊ႕ေၾကးေတြေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ အင္တာမီလန္အသင္းအေနနဲ႔ ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ ခက္ခဲေနတဲ့ ခ႐ိုေအးရွားကြင္းလယ္လူ မာဆယ္လို ဘ႐ိုဇိုဗစ္ခ်္ကို ေျပာင္းလဲေခၚယူႏုိင္ၿပီး ဘာစီလိုနာကို ထြက္ခြာမယ့္ ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးသြားဖို႔ ရွိေန။

– မာေနး၊ ဆာလား၊ ဖာမီႏိုတို႔နဲ႔ အေျပာင္းအလဲမရွိဘဲ တစ္ဖက္အသင္းေတြ ခန္႔မွန္းရလြယ္ကူလာတဲ့ တုိက္စစ္ပုိင္းအတြက္ ေတာင္ပံကစားသမားေတြ ထပ္မံအားျဖည့္ဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္က စီစဥ္ေနၿပီး ဝတ္ဖို႔ဒ္ရဲ႕ အစၥမုိင္လာ ဆားရ္နဲ႔ မိုခ်န္ဂလာဘက္ခ်္က မားကပ္စ္ သူရမ္တုိ႔ကို ေခၚယူႏုိင္ဖုိ႔ စဥ္းစားထား။

– သီယာဂိုအတြက္ ဘုိင္ယန္ျမဴးနစ္နဲ႔ ေဆြးေႏြးမွဳေတြက အရင္ကထက္ပုိၿပီး နီးစပ္လာေပမယ့္လည္း တုိးတက္မွဳ မ်ားမ်ားစားစား မရွိေသးတာေၾကာင့္ အသင္းဂႏၴဝင္ ဂေရမီ ေဆာင္းနက္စ္အေနနဲ႔ ဘရာဇီးလ္သားဟာ လီဗာပူးလ္အတြက္ အံဝင္ခြင္က်ျဖစ္မွာမို႔ အျမန္ဆုံးအၿပီးသတ္ေခၚယူဖို႔ တုိက္တြန္း။

– နယ္သာလန္အသင္းမွာ လက္တြဲညီခဲ့တဲ့ လက္ေရြးစင္နည္းျပေဟာင္း ေရာ္နယ္လ္ ကိုးမန္းနဲ႔ ျပန္လည္ပူးေပါင္းလိုေနတဲ့ ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္အတြက္ ဘာစီလိုနာအသင္းအေနနဲ႔ လီဗာပူးလ္ဘက္က သတ္မွတ္ေတာင္းဆုိလုိက္တဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၅ သန္းကို ေပးေခ်သြားမယ္လုိ႔ သတင္းေတြ ေရးသား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘာစီလိုနာအသင်းမှာ လီယွန်နယ် မက်ဆီ ဆက်ရှိဖို့ သေချာသွားခဲ့ပြီဖြစ်လို့ အရေးပါမှု ပျောက်ဆုံးနေခဲ့ပြီး ခြေစွမ်းလည်း အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခြင်းမရှိတဲ့ ပြင်သစ်တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းကို လီဗာပူးလ်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရောဘတ်တို ဖာမီနိုရဲ့ အစားထိုးမှုအဖြစ် ရှုမြင်ထား။

– သီယာဂို အယ်လ်ကန်တာရာရဲ့ လုပ်ခလစာကြီးမြင့်မှုနဲ့ ဘိုင်ယန်မြူးနစ်ဘက်က လျှော့ချမပေးလိုတဲ့ ပြောင်းရွှေ့ကြေးတွေကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အင်တာမီလန်အသင်းအနေနဲ့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ခက်ခဲနေတဲ့ ခရိုအေးရှားကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်ချ်ကို ပြောင်းလဲခေါ်ယူနိုင်ပြီး ဘာစီလိုနာကို ထွက်ခွာမယ့် ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးသွားဖို့ ရှိနေ။

– မာနေး၊ ဆာလား၊ ဖာမီနိုတို့နဲ့ အပြောင်းအလဲမရှိဘဲ တစ်ဖက်အသင်းတွေ ခန့်မှန်းရလွယ်ကူလာတဲ့ တိုက်စစ်ပိုင်းအတွက် တောင်ပံကစားသမားတွေ ထပ်မံအားဖြည့်ဖို့ နည်းပြ ယာဂန် ကလော့ပ်က စီစဉ်နေပြီး ဝတ်ဖို့ဒ်ရဲ့ အစ္စမိုင်လာ ဆားရ်နဲ့ မိုချန်ဂလာဘက်ချ်က မားကပ်စ် သူရမ်တို့ကို ခေါ်ယူနိုင်ဖို့ စဉ်းစားထား။

– သီယာဂိုအတွက် ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေက အရင်ကထက်ပိုပြီး နီးစပ်လာပေမယ့်လည်း တိုးတက်မှု များများစားစား မရှိသေးတာကြောင့် အသင်းဂန္ထဝင် ဂရေမီ ဆောင်းနက်စ်အနေနဲ့ ဘရာဇီးလ်သားဟာ လီဗာပူးလ်အတွက် အံဝင်ခွင်ကျဖြစ်မှာမို့ အမြန်ဆုံးအပြီးသတ်ခေါ်ယူဖို့ တိုက်တွန်း။

– နယ်သာလန်အသင်းမှာ လက်တွဲညီခဲ့တဲ့ လက်ရွေးစင်နည်းပြဟောင်း ရော်နယ်လ် ကိုးမန်းနဲ့ ပြန်လည်ပူးပေါင်းလိုနေတဲ့ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်အတွက် ဘာစီလိုနာအသင်းအနေနဲ့ လီဗာပူးလ်ဘက်က သတ်မှတ်တောင်းဆိုလိုက်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းကို ပေးချေသွားမယ်လို့ သတင်းတွေ ရေးသား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.