Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၆.၉.၂၀၂၀

– လူငယ္တုိက္စစ္မွဴး ဖာဘီယို ေဆးလ္ဗားကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလုိက္တဲ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ရဲ႕ လုပ္ေဆာင္မွဳေၾကာင့္ အသင္းရဲ႕ ဂိုးသြင္း ဘုရင္ ရာအူးလ္ ဟီမီနက္ဇ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္ စိတ္ဝင္စားလာၿပီး ေပါင္သန္း ၆၀ ခန္႔နဲ႔ ရရွိႏုိင္။

– ေပါင္ ၁၀၈ သန္းတန္ ေဂ်ဒန္ ဆန္ခ်ဳိအတြက္ နီးစပ္ရာ အသုိင္းအဝိုင္းနဲ႔ ကိုယ္စားလွယ္ေတြကတစ္ဆင့္ ခ်ိတ္ဆက္မွဳေတြ လုပ္ေနေပမယ့္ ေဒါ့မြန္နဲ႔ တုိက္႐ိုက္မေဆြးေႏြးႏိုင္ေသးခ်ိန္မွာ ဘန္ေလေတာင္ပံကစားသမား ဒြဳိက္ မက္နီးလ္က ေပါင္ ၂၂ သန္းနဲ႔ ယူႏုိက္တက္အတြက္ အေျဖတစ္ခုျဖစ္လာႏုိင္။

– မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြအေနနဲ႔ အသင္းဘက္ တရားဝင္ ထုတ္ျပန္ရျခင္း မရွိေသးေပမယ့္ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္ကို ရရွိခဲ့ၿပီလို႔ ဆုိေနၾကၿပီး ဘယ္ေတာင္ပံမွာ ရက္ရွ္ဖို႔ဒ္နဲ႔အတူ တြဲကစားမယ့္ တုိက္စစ္အတြက္ ႀကဳိတင္ရင္ခုန္ေနၾက။

– ပရီးမီးယားလိဂ္မွာ လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတုိ႔က ခ်န္ပီယံဆုအတြက္ ေရပန္းအစားဆုံးျဖစ္ေနေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ဟာလည္း ဆန္ခ်ဳိလို ကစားသမားမ်ဳိးကို ေခၚယူႏုိင္ခဲ့ရင္ ဒီဆုအတြက္ စိန္ေခၚႏုိင္ၿပီလို႔ အသင္းတာဝန္ရွိသူေတြကို ေဂ်မီ ကာေရဂါ ေသြးထိုးလွဳံ႕ေဆာ္ေပးေန။

– အူပါမီကာႏိုကို ေခၚယူႏုိင္ဖို႔မွာ လက္ရွိရာသီမွာမွ စာခ်ဳပ္သက္တမ္းတုိးထားတာျဖစ္လုိ႔ အခက္အခဲ အနည္းငယ္ရွိေနတဲ့အတြက္ စပိန္ လက္ေရြးစင္အသင္းအတြက္ ႏွစ္ပြဲကစားၿပီးျဖစ္တဲ့ ဗီလာရီးရဲလ္ဗဟိုခံစစ္မွဴး ပါအူ ေတာရက္စ္ကို ေျပာင္းလဲႀကဳိးစားသြားဖြယ္ရွိေန။

UNICODE:

– လူငယ်တိုက်စစ်မှူး ဖာဘီယို ဆေးလ်ဗားကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်ရဲ့ လုပ်ဆောင်မှုကြောင့် အသင်းရဲ့ ဂိုးသွင်း ဘုရင် ရာအူးလ် ဟီမီနက်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားလာပြီး ပေါင်သန်း ၆၀ ခန့်နဲ့ ရရှိနိုင်။

– ပေါင် ၁၀၈ သန်းတန် ဂျေဒန် ဆန်ချိုအတွက် နီးစပ်ရာ အသိုင်းအဝိုင်းနဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ချိတ်ဆက်မှုတွေ လုပ်နေပေမယ့် ဒေါ့မွန်နဲ့ တိုက်ရိုက်မဆွေးနွေးနိုင်သေးချိန်မှာ ဘန်လေတောင်ပံကစားသမား ဒွိုက် မက်နီးလ်က ပေါင် ၂၂ သန်းနဲ့ ယူနိုက်တက်အတွက် အဖြေတစ်ခုဖြစ်လာနိုင်။

– မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ အသင်းဘက် တရားဝင် ထုတ်ပြန်ရခြင်း မရှိသေးပေမယ့် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်ကို ရရှိခဲ့ပြီလို့ ဆိုနေကြပြီး ဘယ်တောင်ပံမှာ ရက်ရှ်ဖို့ဒ်နဲ့အတူ တွဲကစားမယ့် တိုက်စစ်အတွက် ကြိုတင်ရင်ခုန်နေကြ။

– ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပေမယ့် မန်ချက်စတာယူနိုက်တက်ဟာလည်း ဆန်ချိုလို ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့ရင် ဒီဆုအတွက် စိန်ခေါ်နိုင်ပြီလို့ အသင်းတာဝန်ရှိသူတွေကို ဂျေမီ ကာရေဂါ သွေးထိုးလှုံ့ဆော်ပေးနေ။

– အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့မှာ လက်ရှိရာသီမှာမှ စာချုပ်သက်တမ်းတိုးထားတာဖြစ်လို့ အခက်အခဲ အနည်းငယ်ရှိနေတဲ့အတွက် စပိန် လက်ရွေးစင်အသင်းအတွက် နှစ်ပွဲကစားပြီးဖြစ်တဲ့ ဗီလာရီးရဲလ်ဗဟိုခံစစ်မှူး ပါအူ တောရက်စ်ကို ပြောင်းလဲကြိုးစားသွားဖွယ်ရှိနေ။