Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၅.၉.၂၀၂၀

– အဂၤလန္အသင္းရဲ႕ အုိက္စလန္နဲ႔ ေနးရွင္းလိဂ္ပြဲစဥ္မွာ ပြဲထြက္ကစားမယ့္ ၁၁ ေယာက္စာရင္းမွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္ ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ ပါဝင္ေနတယ္လို႔ စကိုင္းစပုိ႔စ္သတင္းေထာက္တစ္ဦးျဖစ္တဲ့ ေရာ့ဘ္ ေဒၚဆက္က ထုတ္ေဖာ္သြားခဲ့ၿပီး ပထမဆုံး ေခၚယူမွဳမွာပဲ ပြဲထြက္ခြင့္ရႏိုင္ေတာ့မယ္လုိ႔ သိရ။

– ဖယ္ရန္ ေတာရက္စ္ဟာ မန္စီးတီးအသင္းက လိုအပ္ေနတဲ့ အရည္အေသြးမ်ဳိးကို ပုိင္ဆုိင္ထားတဲ့အတြက္ မွန္ကန္တဲ့ ေခၚယူမွဳျဖစ္တယ္လို႔ စပိန္လက္ေရြးစင္နည္းျပ လူးဝစ္ အန္ရီေကးက ေတာင္ပံႏွစ္ဖက္ကေန ျမင့္မားတဲ့ ၿခိမ္းေျခာက္မွဳကို ေပးစြမ္းႏုိင္သလို လာလီဂါရဲ႕ အေကာင္းဆုံးျဖတ္တင္ေဘာေပးပုိ႔သူတစ္ဦးလို႔လည္း ခ်ီးက်ဴး။

– လက္ရွိအခ်ိန္မွာ ကူလီေဘလီကို ေခၚယူဖို႔ နာပိုလီအသင္းနဲ႔ၾကား မ်က္ႏွာခ်င္းမဆိုင္ႏုိင္တဲ့ အၿငႇဳိးအေတးေတြေၾကာင့္ အဆင္မေျပဘဲ ျဖစ္ေနခဲ့ရတဲ့ မန္စီးတီးအေနနဲ႔ လာမယ့္အပတ္ထဲမွာ ေနာက္ထပ္ကမ္းလွမ္းမွဳသစ္တစ္ခုကို ျပဳလုပ္မွာျဖစ္တယ္လို႔ အေျပာင္းအေရႊ႕ ကၽြမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏို ေဖာ္ျပ။

– ကစားသမားကိုယ္တုိင္က အသင္းေျပာင္းေရႊ႕ခ်င္ေနေပမယ့္ ကမ္းလွမ္းသင့္တဲ့ ေငြေၾကးပမာဏနဲ႔ တုိက္႐ိုက္မကမ္းလွမ္းဘဲ ေဝ့လည္ ေၾကာင္ပတ္လုပ္ေနလို႔ အေျပာင္းအေရႊ႕က ေႏွာင့္ေႏွးေနရတာျဖစ္ၿပီး ဒါဟာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အျပစ္ေတြခ်ည္းပဲလုိ႔ နာပုိလီပုိင္ရွင္ ဒီေလာ္ရန္တီးစ္ ျပစ္တင္။

– ယူနီဆက္ဖ္ရန္ပုံေငြပဲြအတြက္ ပါဝင္ကစားေပးဖို႔ ရွိေနတဲ့ အသက္ ၃၇ ႏွစ္အရြယ္ မန္စီးတီးကြင္းလယ္လူေဟာင္း ယာယာတုိေရးဟာ ညစ္ညမ္းတဲ့ ေနာက္ေျပာင္မွဳေတြကို ျပဳလုပ္မိခဲ့လို႔ ဒီပြဲကေန ႏုတ္ထြက္ခဲ့ရၿပီး တြစ္တာေပၚမွာ လူသိရွင္ၾကား ေတာင္းပန္ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အင်္ဂလန်အသင်းရဲ့ အိုက်စလန်နဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားမယ့် ၁၁ ယောက်စာရင်းမှာ မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ် ကွင်းလယ်လူ ဖီးလ် ဖိုဒန် ပါဝင်နေတယ်လို့ စကိုင်းစပို့စ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ရော့ဘ် ဒေါ်ဆက်က ထုတ်ဖော်သွားခဲ့ပြီး ပထမဆုံး ခေါ်ယူမှုမှာပဲ ပွဲထွက်ခွင့်ရနိုင်တော့မယ်လို့ သိရ။

– ဖယ်ရန် တောရက်စ်ဟာ မန်စီးတီးအသင်းက လိုအပ်နေတဲ့ အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားတဲ့အတွက် မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်တယ်လို့ စပိန်လက်ရွေးစင်နည်းပြ လူးဝစ် အန်ရီကေးက တောင်ပံနှစ်ဖက်ကနေ မြင့်မားတဲ့ ခြိမ်းခြောက်မှုကို ပေးစွမ်းနိုင်သလို လာလီဂါရဲ့ အကောင်းဆုံးဖြတ်တင်ဘောပေးပို့သူတစ်ဦးလို့လည်း ချီးကျူး။

– လက်ရှိအချိန်မှာ ကူလီဘေလီကို ခေါ်ယူဖို့ နာပိုလီအသင်းနဲ့ကြား မျက်နှာချင်းမဆိုင်နိုင်တဲ့ အငြှိုးအတေးတွေကြောင့် အဆင်မပြေဘဲ ဖြစ်နေခဲ့ရတဲ့ မန်စီးတီးအနေနဲ့ လာမယ့်အပတ်ထဲမှာ နောက်ထပ်ကမ်းလှမ်းမှုသစ်တစ်ခုကို ပြုလုပ်မှာဖြစ်တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနို ဖော်ပြ။

– ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွှေ့ချင်နေပေမယ့် ကမ်းလှမ်းသင့်တဲ့ ငွေကြေးပမာဏနဲ့ တိုက်ရိုက်မကမ်းလှမ်းဘဲ ဝေ့လည် ကြောင်ပတ်လုပ်နေလို့ အပြောင်းအရွှေ့က နှောင့်နှေးနေရတာဖြစ်ပြီး ဒါဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အပြစ်တွေချည်းပဲလို့ နာပိုလီပိုင်ရှင် ဒီလော်ရန်တီးစ် ပြစ်တင်။

– ယူနီဆက်ဖ်ရန်ပုံငွေပွဲအတွက် ပါဝင်ကစားပေးဖို့ ရှိနေတဲ့ အသက် ၃၇ နှစ်အရွယ် မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေးဟာ ညစ်ညမ်းတဲ့ နောက်ပြောင်မှုတွေကို ပြုလုပ်မိခဲ့လို့ ဒီပွဲကနေ နုတ်ထွက်ခဲ့ရပြီး တွစ်တာပေါ်မှာ လူသိရှင်ကြား တောင်းပန်ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.