Other Leagues

အသက်အကြီးဆုံး ပရိုကစားသမားအဖြစ် ကိုယ့်စံချိန်ကိုယ်ပြန်ချိုးတဲ့ ဆာမူရိုင်းကြီး

ဂျပန်ဂန္တဝင်ကစားသမား ခါဇုရောရှိ မိအုရာဟာ အသက် ၅၅ နှစ်ကျော်ရှိနေတဲ့အချိန်မှာ ပရော်ဖက်ရှင်နယ်ပွဲ ပါဝင်ကစားပေးခဲ့တာကြောင့် အသက် အကြီးဆုံးကစားသမားအဖြစ် ၎င်းကိုယ်တိုင် တင်ရှိထားတဲ့ကမ္ဘာ့စံချိန်ကို ပြန်လည်ရိုက်ချိုးနိုင်ခဲ့ပါတယ်။

မိအုရာဟာ အသက် ၅၅ နှစ်ကျော် အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ကစားသမားဘဝတလျှောက်မှာ ကလပ်အသင်းစုစုပေါင်း ၁၄ သင်းအတွက် ကစားပေးခဲ့ပြီး ယခုနှစ်အစောပိုင်းမှာ ဂျပန်စတုတ္ထတန်းအသင်းဖြစ်တဲ့ ဆူဇူကာ ပွိုင့် ဂတ်တာစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဂျပန်လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီးဟာ ဖီဖာ ၉၆ ဘောလုံးဂိမ်းထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီမတိုင်ခင် ၁၀ နှစ် ဘရာဇီးလ်က ဆန်းတို့စ်အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လက အသက် ၅၄ နှစ်နဲ့ ၁၂ ရက်အရွယ်မှာ ဘောလုံးလောကထဲမှာ ကစားနေတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း မိအုရာဟာ ကစားသမားဘဝကနေ အနားယူခြင်းမရှိသေးဘဲ ဆက်လက် ကစားပေးနေခဲ့တာ ဖြစ်ပါတယ်။

ယနေ့နံနက်ခင်းမှာ မိအုရာဟာ ပွိုင့် ဂတ်တာစ်အသင်းက ခရိုင်ကာအို ရှင်းဂျုကုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး ဒီပွဲစဉ်ကို ပရိသတ်တက်ရောက်ကြည့်ရှုမှုကလည်း စံချိန်ချိုးခဲ့တာလည်း ဖြစ်ပါတယ်။

အသစ်တည်ဆောက်ထားခဲ့တဲ့ အမျိုးသားဘောလုံးကွင်းမှာ ပရိသတ်ဦးရေ ၁၆၂၁၈ ဦးအထိ တက်ရောက်ကြည့်ရှုခဲ့ပြီး မကြာသေးမီက ကစားခဲ့တဲ့ ဂျပန်လိဂ်ပွဲစဉ်တွေထက် ကြည့်ရှုသူ ပိုမို များပြားခဲ့တာဖြစ်ပါတယ်။ အသက် ၅၅ နှစ်ရွယ်ရှိပြီဖြစ်တဲ့ မိအုရာဟာ ၇၆ မိနစ်မှာ လူစားဝင်ကစားပေးခဲ့ပြီး ၅၆ နှစ်ပြည့်ဖို့ ၄ လအလိုနဲ့ ကိုယ်ပိုင် စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျ လက်ခုပ်တီး ကြိုဆိုခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်နိုင်တဲ့နေရာမှာ ကစားခဲ့ရလို့ ပျော်ရွှင်မိပြီး ဂုဏ်ယူမိပါတယ်။ ကျွန်တော် ရေးထိုးခဲ့တဲ့ သမိုင်းမှတ်တမ်းရဲ့ တစိတ်တပိုင်းအဖြစ် ဒီပွဲစဉ်ကို ပါဝင်စေချင်ခဲ့ပါတယ်။ ဒီလိုမျိုး နေရာမှာ ကစားခွင့်ရခဲ့ပေမယ့် ကျွန်တော် ဆက်လက်ပြီး နှိမ့်ချပြီး ဆာလောင်မှုကို မမေ့ပျောက်ဘဲ ဆက်ကစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မိအုရာ အနေနဲ့ ဆက်ပြီး ကစားသွားမယ်လို့ ပြောခဲ့တာက တော်တော်လေး ရူးသွပ်ချင်စရာဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ ကစားသမားဘဝ စတင်ခဲ့တာကို တွေးကြည့်ရင် အခုအချိန်အထိ ကစားသမားဘဝ ရှေ့ဆက်ဖို့ ဆာလောင်နေသေးတာက တော်တော်လေးကို လက်ဖျားခါစရာကောင်းပါတယ်။

မိအုရာက မကြာသေးမီက အသက် ၆၀ အရွယ်အထိတောင် ကစားသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ဖူးပြီး အဲဒီအသက်အရွယ်အထိ ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲမှာ ဆက်လက်ကစားဖို့က လူတိုင်းအတွက် တော်တော်လေးကို ထူးဆန်းတဲ့ အောင်မြင်မှုတစ်ခု ဖြစ်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ပန္ဂႏၲဝင္ကစားသမား ခါဇုေရာရွိ မိအုရာဟာ အသက္ ၅၅ ႏွစ္ေက်ာ္ရွိေနတဲ့အခ်ိန္မွာ ပေရာ္ဖက္ရွင္နယ္ပြဲ ပါဝင္ကစားေပးခဲ့တာေၾကာင့္ အသက္ အႀကီးဆုံးကစားသမားအျဖစ္ ၎ကိုယ္တိုင္ တင္ရွိထားတဲ့ကမာၻ႔စံခ်ိန္ကို ျပန္လည္႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

မိအုရာဟာ အသက္ ၅၅ ႏွစ္ေက်ာ္ အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း ကစားသမားဘဝတေလွ်ာက္မွာ ကလပ္အသင္းစုစုေပါင္း ၁၄ သင္းအတြက္ ကစားေပးခဲ့ၿပီး ယခုႏွစ္အေစာပိုင္းမွာ ဂ်ပန္စတုတၳတန္းအသင္းျဖစ္တဲ့ ဆူဇူကာ ပြိဳင့္ ဂတ္တာစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဂ်ပန္လက္ေ႐ြးစင္အသင္းအတြက္ ၈၉ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ ဝါရင့္တိုက္စစ္မႉးႀကီးဟာ ဖီဖာ ၉၆ ေဘာလုံးဂိမ္းထဲမွာ ပါဝင္ခဲ့သူျဖစ္ၿပီး အဲဒီမတိုင္ခင္ ၁၀ ႏွစ္ ဘရာဇီးလ္က ဆန္းတို႔စ္အသင္းမွာ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝကို စတင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ မတ္လက အသက္ ၅၄ ႏွစ္နဲ႔ ၁၂ ရက္အ႐ြယ္မွာ ေဘာလုံးေလာကထဲမွာ ကစားေနတဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း မိအုရာဟာ ကစားသမားဘဝကေန အနားယူျခင္းမရွိေသးဘဲ ဆက္လက္ ကစားေပးေနခဲ့တာ ျဖစ္ပါတယ္။

ယေန႔နံနက္ခင္းမွာ မိအုရာဟာ ပြိဳင့္ ဂတ္တာစ္အသင္းက ခ႐ိုင္ကာအို ရွင္းဂ်ဳကုအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၎ရဲ႕ ေနာက္ဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး ဒီပြဲစဥ္ကို ပရိသတ္တက္ေရာက္ၾကည့္ရႈမႈကလည္း စံခ်ိန္ခ်ိဳးခဲ့တာလည္း ျဖစ္ပါတယ္။

အသစ္တည္ေဆာက္ထားခဲ့တဲ့ အမ်ိဳးသားေဘာလုံးကြင္းမွာ ပရိသတ္ဦးေရ ၁၆၂၁၈ ဦးအထိ တက္ေရာက္ၾကည့္ရႈခဲ့ၿပီး မၾကာေသးမီက ကစားခဲ့တဲ့ ဂ်ပန္လိဂ္ပြဲစဥ္ေတြထက္ ၾကည့္ရႈသူ ပိုမို မ်ားျပားခဲ့တာျဖစ္ပါတယ္။ အသက္ ၅၅ ႏွစ္႐ြယ္ရွိၿပီျဖစ္တဲ့ မိအုရာဟာ ၇၆ မိနစ္မွာ လူစားဝင္ကစားေပးခဲ့ၿပီး ၅၆ ႏွစ္ျပည့္ဖို႔ ၄ လအလိုနဲ႔ ကိုယ္ပိုင္ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ေသာင္းေသာင္းဖ်ဖ် လက္ခုပ္တီး ႀကိဳဆိုျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အေကာင္းဆုံးပတ္ဝန္းက်င္ျဖစ္ႏိုင္တဲ့ေနရာမွာ ကစားခဲ့ရလို႔ ေပ်ာ္႐ႊင္မိၿပီး ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္ ေရးထိုးခဲ့တဲ့ သမိုင္းမွတ္တမ္းရဲ႕ တစိတ္တပိုင္းအျဖစ္ ဒီပြဲစဥ္ကို ပါဝင္ေစခ်င္ခဲ့ပါတယ္။ ဒီလိုမ်ိဳး ေနရာမွာ ကစားခြင့္ရခဲ့ေပမယ့္ ကြၽန္ေတာ္ ဆက္လက္ၿပီး ႏွိမ့္ခ်ၿပီး ဆာေလာင္မႈကို မေမ့ေပ်ာက္ဘဲ ဆက္ကစားသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မိအုရာ အေနနဲ႔ ဆက္ၿပီး ကစားသြားမယ္လို႔ ေျပာခဲ့တာက ေတာ္ေတာ္ေလး ႐ူးသြပ္ခ်င္စရာျဖစ္ၿပီး ၁၉၈၆ ခုႏွစ္မွာ ကစားသမားဘဝ စတင္ခဲ့တာကို ေတြးၾကည့္ရင္ အခုအခ်ိန္အထိ ကစားသမားဘဝ ေရွ႕ဆက္ဖို႔ ဆာေလာင္ေနေသးတာက ေတာ္ေတာ္ေလးကို လက္ဖ်ားခါစရာေကာင္းပါတယ္။

မိအုရာက မၾကာေသးမီက အသက္ ၆၀ အ႐ြယ္အထိေတာင္ ကစားသြားႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာၾကားခဲ့ဖူးၿပီး အဲဒီအသက္အ႐ြယ္အထိ ပေရာ္ဖက္ရွင္နယ္ အားကစားၿပိဳင္ပြဲမွာ ဆက္လက္ကစားဖို႔က လူတိုင္းအတြက္ ေတာ္ေတာ္ေလးကို ထူးဆန္းတဲ့ ေအာင္ျမင္မႈတစ္ခု ျဖစ္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.