Premier League Serie A

မန်ချက်စတာယူနိုက်တက်ကို ပြောင်းခဲ့တာ အမှားကျူးလွန်ခဲ့တာလို့ ဆန်းချက်ဇ် ဝန်ခံ

အင်တာမီလန်ရောက် ချီလီလက်ရွေးစင်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ အာဆင်နယ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဟာ အမှားတစ်ခု ကျူးလွန်ခဲ့တာလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

“ယူနိုက်တက်မှာ ကစားဖို့ အခွင့်အရေးရခဲ့တယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အားပေးခဲ့တဲ့ အသင်းဖြစ်တဲ့အတွက် တကယ်ဝမ်းသာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ရောက်ရောက်ချင်း ပထမဆုံးလေ့ကျင့်ရေးအပြီးမှာပဲ အများကြီးသိခဲ့ရတယ်။ စာချုပ်ကို ဖျက်လို့ရသေးလားလို့ မန်နေဂျာကို မေးခဲ့‌တယ်။ ဒါပေမယ့် လက်မှတ်ထိုးပြီးသားဖြစ်တဲ့အတွက် အဆင်မပြေတော့ဘူး” လို့ ဆန်းချက်ဇ်က ပြောခဲ့တာပါ။

“အသင်းတွင်းမှာ ကျွန်တော်တို့မသိတဲ့ပြဿနာတွေ အများကြီးရှိတယ်။ အဓိကကတော့ စည်းလုံးမှုမရှိတာပါပဲ။ အချိန်တွေသာ ကုန်သွားပေမယ့် ကျွန်တော်တော့ ရောက်ခါစကလိုပဲ စည်းလုံးမှုမရှိဘူးလို့ ခံစားရတုန်းပဲ” လို့ ဆိုပါတယ်။

ချီလီတောင်ပံကစားသမားဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီမှာ မစ်ခီတာရီယန်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အာဆင်နယ်ကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်၅သိန်းထိ ရခဲ့ပေမယ့် အသင်းအတွင်းမှာ ပြဿနာတွေရှိခဲ့ပြီး မန်ယူကစားသမားဟောင်းတွေအပါအဝင် အားလုံးရဲ့ အပြစ်တင်မှုတွေခံခဲ့ရသူဖြစ်ပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ယူအတွက် ၄၅ပွဲမှာ ၅ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာတော့ အင်တာမီလန်အသင်းကို အငှား ပြောင်းရွှေ့သွားခဲ့ပါတယ်။ အခု‌တော့ ဆန်းချက်ဇ်အတွက် မန်ယူက အခက်အခဲတွေဟာ ပြီးခဲ့တဲ့လမှာ အဆုံးသတ်ခဲ့ပြီး အင်တာမီလန်ကို အငှားကနေ အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာမီလန္ေရာက္ ခ်ီလီလက္ေ႐ြးစင္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ဟာ အာဆင္နယ္ကေန မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တာဟာ အမွားတစ္ခု က်ဴးလြန္ခဲ့တာလို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။

“ယူႏိုက္တက္မွာ ကစားဖို႔ အခြင့္အေရးရခဲ့တယ္။ ကြၽန္ေတာ္ငယ္ငယ္ကတည္းက အားေပးခဲ့တဲ့ အသင္းျဖစ္တဲ့အတြက္ တကယ္ဝမ္းသာခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ေရာက္ေရာက္ခ်င္း ပထမဆုံးေလ့က်င့္ေရးအၿပီးမွာပဲ အမ်ားႀကီးသိခဲ့ရတယ္။ စာခ်ဳပ္ကို ဖ်က္လို႔ရေသးလားလို႔ မန္ေနဂ်ာကို ေမးခဲ့‌တယ္။ ဒါေပမယ့္ လက္မွတ္ထိုးၿပီးသားျဖစ္တဲ့အတြက္ အဆင္မေျပေတာ့ဘူး” လို႔ ဆန္းခ်က္ဇ္က ေျပာခဲ့တာပါ။

“အသင္းတြင္းမွာ ကြၽန္ေတာ္တို႔မသိတဲ့ျပႆနာေတြ အမ်ားႀကီးရွိတယ္။ အဓိကကေတာ့ စည္းလုံးမႈမရွိတာပါပဲ။ အခ်ိန္ေတြသာ ကုန္သြားေပမယ့္ ကြၽန္ေတာ္ေတာ့ ေရာက္ခါစကလိုပဲ စည္းလုံးမႈမရွိဘူးလို႔ ခံစားရတုန္းပဲ” လို႔ ဆိုပါတယ္။

ခ်ီလီေတာင္ပံကစားသမားဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္နဝါရီမွာ မစ္ခီတာရီယန္ရဲ႕ အေျပာင္းအေ႐ႊ႕တစ္စိတ္တစ္ပိုင္းအျဖစ္ အာဆင္နယ္ကေန မန္ယူကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္၅သိန္းထိ ရခဲ့ေပမယ့္ အသင္းအတြင္းမွာ ျပႆနာေတြရွိခဲ့ၿပီး မန္ယူကစားသမားေဟာင္းေတြအပါအဝင္ အားလုံးရဲ႕ အျပစ္တင္မႈေတြခံခဲ့ရသူျဖစ္ပါတယ္။

အလက္ဆစ္ဆန္းခ်က္ဇ္ဟာ မန္ယူအတြက္ ၄၅ပြဲမွာ ၅ ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီမွာေတာ့ အင္တာမီလန္အသင္းကို အငွား ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ အခု‌ေတာ့ ဆန္းခ်က္ဇ္အတြက္ မန္ယူက အခက္အခဲေတြဟာ ၿပီးခဲ့တဲ့လမွာ အဆုံးသတ္ခဲ့ၿပီး အင္တာမီလန္ကို အငွားကေန အၿပီးသတ္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.