Premier League

ယခုနှစ်အတွက် Men’s PFA Players’ of the Year စကာတင်စာရင်းထွက်ပေါ်

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားတွေကို နှစ်စဉ်ရွေးချယ်ပေးအပ်လေ့ရှိတဲ့ PFA Player of the Year ဆန်ကာတင်စာရင်း ထွက်ပေါ် လာပါတယ်။ ဒီစာရင်းမှာ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလီဗာပူးလ်အသင်းက ကစားသမားတွေပဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆန်ကာတင် ကစားသမား‌ခြောက်ယောက်မှာ မန်စီးတီးကစားသမား နှစ်ယောက်နဲ့ လီဗာပူးလ်ကစားသမား လေးယောက် ပါဝင်လာခဲ့တာပါ။

PFA Man Player of the Year စကာတင်စာရင်းမှာ- အလက်ဇန်းဒါး အာနိုး(လီဗာပူးလ်)၊ ဗာဂျေးလ် ဗန်ဒိုက်(လီဗာပူးလ်)၊ ရာဟင်မ် စတားလင်း(မန်စီးတီး)၊ ဂျော်ဒန် ဟန်ဒါဆန် (လီဗာပူးလ်)၊ ကယ်ဗင် ဒီဘရိုင်းနား(မန်စီးတီး)၊ ဆာဒီယို မာနေး(လီဗာပူးလ်)တို့ အသီးသီး ပါဝင်လာကြပါတယ်။

Men’s PFA Young Players’ of the Year လူငယ်ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာတော့ တမ်မီ အေဘရာဟမ် (ချယ်လ်ဆီး)၊ မေဆင် ဂရင်းဝုဒ်(မန်ယူ)၊ အလက်ဇန်းဒါး အားနိုးလ်(လီဗာပူးလ်)၊ မေဆင် မောင့်(ချယ်လ်ဆီး)၊ မားကပ် ရပ်ရှ်ဖို့ဒ် (မန်ယူ)၊ ဘူကာယို ဆာကာ (အာဆင်နယ်)တို့ ပါဝင်ခဲ့ကြပါတယ်။

အသက် ၂၁ နှစ်အရွယ် လီဗာပူးလ်နောက်ခံလူ အလက်ဇန်းဒါး-အာနိုးဟာ အကောင်း‌ဆုံးကစားသမား ဆန်ကာတင်စာရင်းအပါအဝင် အကောင်းဆုံး လူငယ်ကစားသမား ဆန်ကာတင်စာရင်းမှာပါ နှစ်ဖက်စလုံး ပါဝင်လာခဲ့တာပါ။

၂၀၁၉ ခုနှစ် ဆုပေးပွဲမှာတော့ အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်ကစားသမား ဗာဂျေးလ် ဗန်ဒိုက်က ရရှိခဲ့ပြီး လူငယ်ကစားသမားဆုကိုတော့ မန်စီးတီးတောင်ပံကစားသမား စတားလင်းက ရရှိခဲ့ကြောင်း မှတ်တမ်းတွေအရ သိရှိထားရပြီး ပရိသတ်တွေ စောင့်မျှော်ရင် ခုန်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားေတြကို ႏွစ္စဥ္ေ႐ြးခ်ယ္ေပးအပ္ေလ့ရွိတဲ့ PFA Player of the Year ဆန္ကာတင္စာရင္း ထြက္ေပၚ လာပါတယ္။ ဒီစာရင္းမွာ မန္ခ်က္စတာစီးတီးနဲ႔ ခ်န္ပီယံလီဗာပူးလ္အသင္းက ကစားသမားေတြပဲ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ ဆန္ကာတင္ ကစားသမား‌ေျခာက္ေယာက္မွာ မန္စီးတီးကစားသမား ႏွစ္ေယာက္နဲ႔ လီဗာပူးလ္ကစားသမား ေလးေယာက္ ပါဝင္လာခဲ့တာပါ။

PFA Man Player of the Year စကာတင္စာရင္းမွာ- အလက္ဇန္းဒါး အာႏိုး(လီဗာပူးလ္)၊ ဗာေဂ်းလ္ ဗန္ဒိုက္(လီဗာပူးလ္)၊ ရာဟင္မ္ စတားလင္း(မန္စီးတီး)၊ ေဂ်ာ္ဒန္ ဟန္ဒါဆန္ (လီဗာပူးလ္)၊ ကယ္ဗင္ ဒီဘ႐ိုင္းနား(မန္စီးတီး)၊ ဆာဒီယို မာေနး(လီဗာပူးလ္)တို႔ အသီးသီး ပါဝင္လာၾကပါတယ္။

Men’s PFA Young Players’ of the Year လူငယ္ကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းမွာေတာ့ တမ္မီ ေအဘရာဟမ္ (ခ်ယ္လ္ဆီး)၊ ေမဆင္ ဂရင္းဝုဒ္(မန္ယူ)၊ အလက္ဇန္းဒါး အားႏိုးလ္(လီဗာပူးလ္)၊ ေမဆင္ ေမာင့္(ခ်ယ္လ္ဆီး)၊ မားကပ္ ရပ္ရွ္ဖို႔ဒ္ (မန္ယူ)၊ ဘူကာယို ဆာကာ (အာဆင္နယ္)တို႔ ပါဝင္ခဲ့ၾကပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ လီဗာပူးလ္ေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးဟာ အေကာင္း‌ဆုံးကစားသမား ဆန္ကာတင္စာရင္းအပါအဝင္ အေကာင္းဆုံး လူငယ္ကစားသမား ဆန္ကာတင္စာရင္းမွာပါ ႏွစ္ဖက္စလုံး ပါဝင္လာခဲ့တာပါ။

၂၀၁၉ ခုႏွစ္ ဆုေပးပြဲမွာေတာ့ အေကာင္းဆုံးကစားသမားဆုကို လီဗာပူးလ္ကစားသမား ဗာေဂ်းလ္ ဗန္ဒိုက္က ရရွိခဲ့ၿပီး လူငယ္ကစားသမားဆုကိုေတာ့ မန္စီးတီးေတာင္ပံကစားသမား စတားလင္းက ရရွိခဲ့ေၾကာင္း မွတ္တမ္းေတြအရ သိရွိထားရၿပီး ပရိသတ္ေတြ ေစာင့္ေမွ်ာ္ရင္ ခုန္ႏုိင္ဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.