Analysis Premier League

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

နယူးကာဆယ်လ်ယူနိုက်တက်-ဘရန့်ဖို့ဒ်
နယူးကာဆယ်လ်တို့ ပုံစံကောင်း ရနေချိန်မှာ ဘရန်ဖို့ဒ်တို့ကတော့ နှစ်ပွဲဆက်တိုက် ဂိုးမရဘဲဖြစ်သွားခဲ့တာက သူတို့ရဲ့ အိုင်ဗန် တိုနီကို ဆောက်ဂိတ်ရဲ့ လဒူရောဂါ ကူးသွားခဲ့လို့လားလို့ မေးစရာဖြစ်ခဲ့ပါတယ်။ တကယ်ကတော့ အာဆင်နယ်နဲ့ပွဲအပြီးနောက်ပိုင်းမှာ ပျားတွေ အမြောက်မှန်သလို ဖြစ်နေခဲ့ပြီး နည်းပြ သောမတ်စ် ဖရန့်ခ်အနေနဲ့ ဘာမှ ထူးခြားမသွားတဲ့ လူစာရင်းကနေ ရလဒ်ကောင်းတွေကို မဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီနေ့ပွဲမှာတော့ အက်ဒီဟောင်းအနေနဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်မှာဖြစ်ပြီး ဥရောပဝင်ခွင့်အတွက် ကြိုးစားသွားနိုင်မှာဖြစ်ပါတယ်။ (နယူးကာဆယ်လ် 2-1 ဘရန်ဖို့ဒ်)

ဘုန်းမောက်-လက်စတာစီးတီး
ယာယီနည်းပြနဲ့ ပုံစံကောင်းရနေတဲ့ ဘုန်းမောက်တို့ကို ပထမဆုံး နိုင်ပွဲနဲ့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ လုပ်ဆောင်လာတဲ့ လက်စတာတို့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သွင်းဂိုး ၁၄ ဂိုးအထိ ရယူထားနိုင်ပေမယ့် ဒဏ်ရာတွေနဲ့ မတည်ငြိမ်တဲ့ ခံစစ်ရဲ့ ဂိုးပေးများမှုကြောင့် ဒီလောက်အထိ စုတ်ပြတ်သွားခဲ့ရတဲ့ အသင်းကို ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ ပြင်ဆင်နိုင်ခဲ့ချိန်မှာ ကြံ့ခိုင်မှု အသားပေးပြီး ကစားနေတဲ့ ဂယ်ရီ အိုနီးလ်ရဲ့ အိမ်ရှင်တွေ ရင်ဆိုင်နိုင်ပါ့မလား စဉ်းစားစရာပါ။ မြေခွေးတွေက စပျစ်သီးချဉ်တယ် ပြောတတ်ပေမယ့် ချယ်ရီသီး ကြိုက်ပြီး ဝါးမျိုသွားပါလိမ့်မယ်။ (ဘုန်းမောက် 1-3 လက်စတာ)

မန်ချက်စတာစီးတီး-ဆောက်သမ်တန်
ဘယ်နှစ်ဂိုးပြတ်မယ့်ပွဲလို့ ခင်ဗျားတို့ ထင်သလဲ? လေးဂိုးလောက်လို့ ထင်ရပေမယ့် ဒီထက်လည်း ပိုများသွားနိုင်ပါတယ်။ အဲ့ဒါက မန်စီးတီးရဲ့ လက်ရှိ ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားတဲ့ ပုံစံဖြစ်သလို ပြိုင်ဘက်အသင်းတွေအတွက် အနိုင်ရဖို့ ဒသမရာခိုင်နှုန်းလေးတောင် မရှိအောင် ချိုးနှိမ်ထားတဲ့ အရှင်သခင်ဆန်လွန်းတဲ့ ဂုဏ်အင်္ဂါလည်းဖြစ်ပါတယ်။ ဆောက်သမ်တန်တို့ အနိုင်ရဖို့ ရဲရဲရင့်ရင့်နဲ့ အစ်တီဟတ်မှာ နှစ်ဂိုးလောက် ယူနိုင်ခဲ့ရင်တောင် သူတို့ကို ဟက်ထရစ်သွင်းသွားမယ့်သူက ဟားလန်းတစ်ဦးမက ရှိနေပါပြီ။ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ ဖန်တီးမှုတွေနဲ့ ဂိုးပြတ်ဦးမှာပါ။ (မန်စီးတီး 4-0 စိန့်)

ချဲလ်ဆီး-ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်
ချဲလ်ဆီးတို့ ပုံစံကောင်း ပြန်ရနေပြီး အေစီမီလန်ကိုတောင် အိမ်ကွင်းမှာ မယှဉ်သာအောင် ဆုံးမနိုင်ခဲ့ပါတယ်။ ရီးစ် ဂျိမ်းစ်က ထူးချွန်လွန်းပြီး အူဘာမီယန်းက ဂိုးတွေ ပြန်သွင်းနိုင်နေသလို ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့ ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ ပြန်စိတ်ဝင်စားရမယ့် အချိန်ပါပဲ။ ဝုလ်ဗ်ကတော့ ကပ္ပတိန် ကွန်နာ ကိုဒီကို လက်လွှတ်လိုက်တာက မိုက်မဲလွန်းရာကျသလို နည်းပြ ဘရူနို လာဂျီကို ရာထူးဆုံးရှုံးစေခဲ့တာပါ။ ဇယားထိပ်ပိုင်းနဲ့ အမှတ် ပြန်ကပ်နိုင်ဖို့ အဆင့် ၁၈ က အသင်းကို ချဲလ်ဆီးတို့ မနိုင်မရှိရလေအောင် အားပေးပါလိမ့်မယ်။ (ချဲလ်ဆီး 2-0 ဝုလ်ဗ်စ်)

ဘရိုက်တန်-တော့တင်ဟမ် ဟော့စပါး
အာဆင်နယ်တို့ အမြောက်နဲ့ ထုလိုက်တာ စပါးစ်တို့ တော်တော်လေး အက်ကွဲသွားခဲ့ပုံပါပဲ။ ဖရန့်ဖတ်ကို ဖိကစားပေမယ့် ဂိုးသွင်းဖို့ ယုံကြည်မှု မရှိဘဲ လွဲချော်ပြီး သရေကျခဲ့ကြတာပါ။ အနီထိထားတဲ့ အီမာဆန် ရိုယဲလ် မပါတာက ကွန်တီရဲ့ ကစားကွက်ကို ထိခိုက်သွားစေမှာဖြစ်ပြီး အဲ့ဒီဘက် ညာခြမ်းကို မွှေနှောက်မယ့်သူက ဘရိုက်တန်မှာ အဆင်သင့်ရှိနေတာက သူတို့ကို ခက်ခဲစေပါလိမ့်မယ်။ လီဗာပူးလ်ကို အန်းဖီးလ်မှာ ဟက်ထရစ်ယူထားတဲ့ ထရော့ဆတ်က နည်းပြ ဒီဇာဘီရဲ့ အရင်လူကို လိုက်မီတဲ့ ကိုင်တွယ်မှုနဲ့ ခြေစွမ်းပြလိမ့်ဦးမှာပါ။ ဆွန်၊ ကိန်း၊ ရစ်ချာလစ်ဆန်၊ ကူလူရှက်ဗ်စကီးတို့ကို ဘယ်သူ ပွဲထွက်မယ်ဆိုတာ မှန်မှန်ကန်ကန် မရွေးနိုင်ရင် စပါးစ်တို့ ဂိုးမရဘဲ ရှုံးပါလိမ့်မယ်။ (ဘရိုက်တန် 2-0 စပါးစ်)

ဝက်စ်ဟမ်းယူနိုက်တက်-ဖူလ်ဟမ်
မီထရိုဗစ်ချ် ပြန်ကစားနိုင် မကစားနိုင်ပေါ်မှာ ဖူလ်ဟမ်ရဲ့ ရလဒ်ပိုင်းက မူတည်နေပြီး နယူးကာဆယ်လ်ကို ရှုံးခဲ့တဲ့ ပွဲက တစ်ယောက် အထုတ်ခဲ့ရလို့ထက် ဆားဘီးယားသား နာသွားခဲ့လို့ ဖိအားမပေးနိုင်တော့ဘဲ ပြိုလဲခဲ့ရတာပါ။ ဒီရာသီ အဝေးကွင်း လေးပွဲမှာ ဖောရက်စ်တစ်သင်းကိုပဲ နိုင်ပွဲ ရထားခဲ့တဲ့ ပုံစံက ခြေပြန်မှန်လာတဲ့ ဝက်စ်ဟမ်းကို တုံ့ပြန်ဖို့ ခက်နိုင်သလို လေးဂိုး-တစ်ဂိုးနဲ့ အိမ်ကွင်းမှာ အထိနာထားတဲ့ ဒဏ်ရာကလည်း ကောင်းကောင်းကျက်ပါ့မလားလို့ ထင်ချင်စရာဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ပဲ အဖိုးတန်နိုင်ပွဲကို ရယူသွားပါလိမ့်မယ်။ (ဝက်စ်ဟမ်း 2-0 ဖူလ်ဟမ်)

ခရစ္စတယ်လ်ပဲလေ့စ်-လိဒ်စ်ယူနိုက်တက်
ချဲလ်ဆီးကို အိမ်ကွင်းမှာ ပဲလေ့စ်တို့ ရှုံးခဲ့ပေမယ့် သူတို့နှစ်သင်းကြားမှာ ကွာခြားမှု ကြီးကြီးမားမား မရှိအောင် နည်းပြ ဗီယာရာက ညွှန်ကြားထားနိုင်ခဲ့ပါတယ်။ ဒီပွဲတွေကို အခုမှ စကြည့်ဖူးတဲ့သူတွေဆိုရင် ချဲလ်ဆီးနဲ့ ပဲလေ့စ်က ဘယ်သူက အသင်းကြီးလဲဆိုတာ သိချင်မှ သိမှာဖြစ်ပြီး ဒါက လင်းယုန်တွေရဲ့ တိုးတက်လာတဲ့ လက္ခဏာဖြစ်သလို နိုင်ပွဲတွေကို ပြန်လည်ရှာဖွေနိုင်ဖို့ နီးစပ်နေတာပါ။ လိဒ်စ်တို့ကတော့ ပရီးမီးယားလိဂ်မှာ အဖွင့် လှခဲ့ပေမယ့် လက်ရှိမှာ ဟိုလိုလို ဒီလိုလိုနဲ့ အာရုံများနေခဲ့ပြီး ရိုဒရီဂို မရှိကတည်းက ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဆဲလ်ဟာ့စ်ပါ့ခ်မှာ ပဲလေ့စ်တို့ပဲ အနိုင်ရရှိသွားပါလိမ့်မယ်။ (ပဲလေ့စ် 2-0 လိဒ်စ်)

အာဆင်နယ်-လီဗာပူးလ်
အာဆင်နယ်တို့အတွက်တော့ စပါးစ်ထက်ပိုပြီး ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်လာမှာပါ။ ဒီစာမေးပွဲကို အောင်ခဲ့ရင် သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ စိန်ခေါ်သူတွေ တကယ်ပဲ ပြန်ဖြစ်လာပြီလို့ ဆိုရပါလိမ့်မယ်။ လီဗာပူးလ်ကတော့ တစ်ရာသီပြီး တစ်ရာသီ ကျဆင်းနေခဲ့ပြီး ရိန်းဂျားစ်ကို ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့ပေမယ့် ဖရီးကစ်နဲ့ ပင်နယ်တီတို့ကပဲ ဂိုးရသွားခဲ့တာဖြစ်ပြီး အားရစရာတော့ နည်းနေသေးတာပါ။ အာဆင်နယ်နဲ့ပွဲမှာတော့ သူတို့တွေ လွယ်မှာ မဟုတ်သလို ဟန်ဒါဆန်၊ သီယာဂိုတို့ကို အော်ဒီဂွါဒ်၊ ချာကာနဲ့ ပါတေးတို့က ကောင်းကောင်းရင်ဆိုင်နိုင်စွမ်း ရှိနေပါတယ်။ ဇယားထိပ်ကနေ အလွယ်တကူ ဖယ်မပေးရဖို့နဲ့ ချန်ပီယံလိဂ် ပြန်ကစားရဖို့အတွက် အာဆင်နယ်တို့ မဖြစ်မနေ အနိုင်ယူရမယ့်ပွဲ ဖြစ်နေပါတယ်။ (အာဆင်နယ် 2-0 လီဗာပူးလ်)

အဲဗာတန်-မန်ချက်စတာယူနိုက်တက်
အဲဗာတန်တို့ကို နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ကွင်းလယ်ပုံစံကောင်းကိုလည်း ရှာဖွေထားနိုင်ခဲ့တာက ပရိသတ်တွေ မြင်ချင်တဲ့ ပုံစံပဲလို့ ဆိုရမှာပါ။ ကွင်းလယ်ကောင်းတဲ့ အသင်းတွေနဲ့ဆိုရင် မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ကစားဖို့ အဆင်သင့် မဖြစ်သေးတာကို တွေ့နေရပြီး ဒီနေ့ပွဲကိုလည်း သူတို့တွေ အနိုင်ယူဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ အိုမိုးနီးယားနဲ့ပွဲမှာလည်း နောက်က လိုက်ကစားခဲ့ရတဲ့ ပုံစံနဲ့ အဲဗာတန်ကွင်းမှာ ဘယ်သူ့ကို တိုက်စစ်က ပွဲထုတ်ရမှန်းပါ မသိခဲ့ရင် တန်ဟတ်တစ်ယောက် တိုင်ပတ်ဦးမှာဖြစ်တာကြောင့် အိမ်ရှင်တွေနဲ့ အမှတ်ခွဲယူရဦးမယ် ထင်ပါတယ်။ (အဲဗာတန် 1-1 မန်ယူ)

နော့တင်ဟမ်ဖောရက်စ်-အက်စ်တန်ဗီလာ
အသင်းတိုင်းက အနိုင်ကျင့်နေကြတဲ့ ဖောရက်စ်တို့နဲ့ တွေ့တာက နည်းပြ စတီဗင် ဂျရတ်အတွက်တော့ မဟာအခွင့်အရေးကြီးပဲဖြစ်ပါတယ်။ စတိဗ် ကူးပါးကို ဆက်ပြီး ၂၀၂၅ အထိ သက်တမ်းတိုးထားခဲ့တာက ဒီနေ့ပွဲကို ရလဒ်ကောင်းဖို့ ဖောရက်စ်တို့မှာ တွန်းအားတစ်ရပ် ရှိနေတာကတော့ ဗီလာတို့ကို အနည်းငယ် ရုန်းကန်ရစေနိုင်ပါတယ်။ လူသစ်တွေကို ဘယ်သူက ဘာလဲ၊ ဖားလား ငါးလား မသိသေးတဲ့ ကူးပါးကို ဂျရတ်အနေနဲ့ အနိုင်ယူခွင့် ရှိနေပြီး ဒီနေ့ပွဲကို နှစ်သင်းစလုံးက ကိုယ့်နိုင်ပွဲအဖြစ် ကြိုတင်တွက်ဆထားနိုင်ကြလို့ ရှုံးတဲ့သူကတော့ တော်တော်လေး စိတ်ပျက်ရနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးမသွင်းတတ်ခဲ့တာကို ပြင်ဆင်နိုင်ရင် ဗီလာတို့အတွက် နိုင်ပွဲဖြစ်ပါလိမ့်မယ်။ (ဖောရက်စ် 1-2 ဗီလာ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္ယူႏိုက္တက္-ဘရန႔္ဖို႔ဒ္
နယူးကာဆယ္လ္တို႔ ပုံစံေကာင္း ရေနခ်ိန္မွာ ဘရန္ဖို႔ဒ္တို႔ကေတာ့ ႏွစ္ပြဲဆက္တိုက္ ဂိုးမရဘဲျဖစ္သြားခဲ့တာက သူတို႔ရဲ႕ အိုင္ဗန္ တိုနီကို ေဆာက္ဂိတ္ရဲ႕ လဒူေရာဂါ ကူးသြားခဲ့လို႔လားလို႔ ေမးစရာျဖစ္ခဲ့ပါတယ္။ တကယ္ကေတာ့ အာဆင္နယ္နဲ႔ပြဲအၿပီးေနာက္ပိုင္းမွာ ပ်ားေတြ အေျမာက္မွန္သလို ျဖစ္ေနခဲ့ၿပီး နည္းျပ ေသာမတ္စ္ ဖရန႔္ခ္အေနနဲ႔ ဘာမွ ထူးျခားမသြားတဲ့ လူစာရင္းကေန ရလဒ္ေကာင္းေတြကို မေဖာ္ထုတ္ႏိုင္ခဲ့တာပါ။ ဒီေန႔ပြဲမွာေတာ့ အက္ဒီေဟာင္းအေနနဲ႔ ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ႏိုင္မွာျဖစ္ၿပီး ဥေရာပဝင္ခြင့္အတြက္ ႀကိဳးစားသြားႏိုင္မွာျဖစ္ပါတယ္။ (နယူးကာဆယ္လ္ 2-1 ဘရန္ဖို႔ဒ္)

ဘုန္းေမာက္-လက္စတာစီးတီး
ယာယီနည္းျပနဲ႔ ပုံစံေကာင္းရေနတဲ့ ဘုန္းေမာက္တို႔ကို ပထမဆုံး ႏိုင္ပြဲနဲ႔ တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔ လုပ္ေဆာင္လာတဲ့ လက္စတာတို႔ အေဝးကြင္းမွာ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ သြင္းဂိုး ၁၄ ဂိုးအထိ ရယူထားႏိုင္ေပမယ့္ ဒဏ္ရာေတြနဲ႔ မတည္ၿငိမ္တဲ့ ခံစစ္ရဲ႕ ဂိုးေပးမ်ားမႈေၾကာင့္ ဒီေလာက္အထိ စုတ္ျပတ္သြားခဲ့ရတဲ့ အသင္းကို ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ ျပင္ဆင္ႏိုင္ခဲ့ခ်ိန္မွာ ႀကံ့ခိုင္မႈ အသားေပးၿပီး ကစားေနတဲ့ ဂယ္ရီ အိုနီးလ္ရဲ႕ အိမ္ရွင္ေတြ ရင္ဆိုင္ႏိုင္ပါ့မလား စဥ္းစားစရာပါ။ ေျမေခြးေတြက စပ်စ္သီးခ်ဥ္တယ္ ေျပာတတ္ေပမယ့္ ခ်ယ္ရီသီး ႀကိဳက္ၿပီး ဝါးမ်ိဳသြားပါလိမ့္မယ္။ (ဘုန္းေမာက္ 1-3 လက္စတာ)

မန္ခ်က္စတာစီးတီး-ေဆာက္သမ္တန္
ဘယ္ႏွစ္ဂိုးျပတ္မယ့္ပြဲလို႔ ခင္ဗ်ားတို႔ ထင္သလဲ? ေလးဂိုးေလာက္လို႔ ထင္ရေပမယ့္ ဒီထက္လည္း ပိုမ်ားသြားႏိုင္ပါတယ္။ အဲ့ဒါက မန္စီးတီးရဲ႕ လက္ရွိ ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားတဲ့ ပုံစံျဖစ္သလို ၿပိဳင္ဘက္အသင္းေတြအတြက္ အႏိုင္ရဖို႔ ဒသမရာခိုင္ႏႈန္းေလးေတာင္ မရွိေအာင္ ခ်ိဳးႏွိမ္ထားတဲ့ အရွင္သခင္ဆန္လြန္းတဲ့ ဂုဏ္အဂၤါလည္းျဖစ္ပါတယ္။ ေဆာက္သမ္တန္တို႔ အႏိုင္ရဖို႔ ရဲရဲရင့္ရင့္နဲ႔ အစ္တီဟတ္မွာ ႏွစ္ဂိုးေလာက္ ယူႏိုင္ခဲ့ရင္ေတာင္ သူတို႔ကို ဟက္ထရစ္သြင္းသြားမယ့္သူက ဟားလန္းတစ္ဦးမက ရွိေနပါၿပီ။ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ရဲ႕ ဖန္တီးမႈေတြနဲ႔ ဂိုးျပတ္ဦးမွာပါ။ (မန္စီးတီး 4-0 စိန႔္)

ခ်ဲလ္ဆီး-ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္
ခ်ဲလ္ဆီးတို႔ ပုံစံေကာင္း ျပန္ရေနၿပီး ေအစီမီလန္ကိုေတာင္ အိမ္ကြင္းမွာ မယွဥ္သာေအာင္ ဆုံးမႏိုင္ခဲ့ပါတယ္။ ရီးစ္ ဂ်ိမ္းစ္က ထူးခြၽန္လြန္းၿပီး အူဘာမီယန္းက ဂိုးေတြ ျပန္သြင္းႏိုင္ေနသလို ဟာဗတ္ဇ္နဲ႔ ေမဆန္ေမာင့္တို႔ ဘာေတြ လုပ္ျပႏိုင္မလဲဆိုတာ ျပန္စိတ္ဝင္စားရမယ့္ အခ်ိန္ပါပဲ။ ဝုလ္ဗ္ကေတာ့ ကပၸတိန္ ကြန္နာ ကိုဒီကို လက္လႊတ္လိုက္တာက မိုက္မဲလြန္းရာက်သလို နည္းျပ ဘ႐ူႏို လာဂ်ီကို ရာထူးဆုံးရႈံးေစခဲ့တာပါ။ ဇယားထိပ္ပိုင္းနဲ႔ အမွတ္ ျပန္ကပ္ႏိုင္ဖို႔ အဆင့္ ၁၈ က အသင္းကို ခ်ဲလ္ဆီးတို႔ မႏိုင္မရွိရေလေအာင္ အားေပးပါလိမ့္မယ္။ (ခ်ဲလ္ဆီး 2-0 ဝုလ္ဗ္စ္)

ဘ႐ိုက္တန္-ေတာ့တင္ဟမ္ ေဟာ့စပါး
အာဆင္နယ္တို႔ အေျမာက္နဲ႔ ထုလိုက္တာ စပါးစ္တို႔ ေတာ္ေတာ္ေလး အက္ကြဲသြားခဲ့ပုံပါပဲ။ ဖရန႔္ဖတ္ကို ဖိကစားေပမယ့္ ဂိုးသြင္းဖို႔ ယုံၾကည္မႈ မရွိဘဲ လြဲေခ်ာ္ၿပီး သေရက်ခဲ့ၾကတာပါ။ အနီထိထားတဲ့ အီမာဆန္ ႐ိုယဲလ္ မပါတာက ကြန္တီရဲ႕ ကစားကြက္ကို ထိခိုက္သြားေစမွာျဖစ္ၿပီး အဲ့ဒီဘက္ ညာျခမ္းကို ေမႊေႏွာက္မယ့္သူက ဘ႐ိုက္တန္မွာ အဆင္သင့္ရွိေနတာက သူတို႔ကို ခက္ခဲေစပါလိမ့္မယ္။ လီဗာပူးလ္ကို အန္းဖီးလ္မွာ ဟက္ထရစ္ယူထားတဲ့ ထေရာ့ဆတ္က နည္းျပ ဒီဇာဘီရဲ႕ အရင္လူကို လိုက္မီတဲ့ ကိုင္တြယ္မႈနဲ႔ ေျခစြမ္းျပလိမ့္ဦးမွာပါ။ ဆြန္၊ ကိန္း၊ ရစ္ခ်ာလစ္ဆန္၊ ကူလူရွက္ဗ္စကီးတို႔ကို ဘယ္သူ ပြဲထြက္မယ္ဆိုတာ မွန္မွန္ကန္ကန္ မေ႐ြးႏိုင္ရင္ စပါးစ္တို႔ ဂိုးမရဘဲ ရႈံးပါလိမ့္မယ္။ (ဘ႐ိုက္တန္ 2-0 စပါးစ္)

ဝက္စ္ဟမ္းယူႏိုက္တက္-ဖူလ္ဟမ္
မီထ႐ိုဗစ္ခ်္ ျပန္ကစားႏိုင္ မကစားႏိုင္ေပၚမွာ ဖူလ္ဟမ္ရဲ႕ ရလဒ္ပိုင္းက မူတည္ေနၿပီး နယူးကာဆယ္လ္ကို ရႈံးခဲ့တဲ့ ပြဲက တစ္ေယာက္ အထုတ္ခဲ့ရလို႔ထက္ ဆားဘီးယားသား နာသြားခဲ့လို႔ ဖိအားမေပးႏိုင္ေတာ့ဘဲ ၿပိဳလဲခဲ့ရတာပါ။ ဒီရာသီ အေဝးကြင္း ေလးပြဲမွာ ေဖာရက္စ္တစ္သင္းကိုပဲ ႏိုင္ပြဲ ရထားခဲ့တဲ့ ပုံစံက ေျချပန္မွန္လာတဲ့ ဝက္စ္ဟမ္းကို တုံ႔ျပန္ဖို႔ ခက္ႏိုင္သလို ေလးဂိုး-တစ္ဂိုးနဲ႔ အိမ္ကြင္းမွာ အထိနာထားတဲ့ ဒဏ္ရာကလည္း ေကာင္းေကာင္းက်က္ပါ့မလားလို႔ ထင္ခ်င္စရာျဖစ္ပါတယ္။ ဝက္စ္ဟမ္းတို႔ပဲ အဖိုးတန္ႏိုင္ပြဲကို ရယူသြားပါလိမ့္မယ္။ (ဝက္စ္ဟမ္း 2-0 ဖူလ္ဟမ္)

ခရစၥတယ္လ္ပဲေလ့စ္-လိဒ္စ္ယူႏိုက္တက္
ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ ပဲေလ့စ္တို႔ ရႈံးခဲ့ေပမယ့္ သူတို႔ႏွစ္သင္းၾကားမွာ ကြာျခားမႈ ႀကီးႀကီးမားမား မရွိေအာင္ နည္းျပ ဗီယာရာက ၫႊန္ၾကားထားႏိုင္ခဲ့ပါတယ္။ ဒီပြဲေတြကို အခုမွ စၾကည့္ဖူးတဲ့သူေတြဆိုရင္ ခ်ဲလ္ဆီးနဲ႔ ပဲေလ့စ္က ဘယ္သူက အသင္းႀကီးလဲဆိုတာ သိခ်င္မွ သိမွာျဖစ္ၿပီး ဒါက လင္းယုန္ေတြရဲ႕ တိုးတက္လာတဲ့ လကၡဏာျဖစ္သလို ႏိုင္ပြဲေတြကို ျပန္လည္ရွာေဖြႏိုင္ဖို႔ နီးစပ္ေနတာပါ။ လိဒ္စ္တို႔ကေတာ့ ပရီးမီးယားလိဂ္မွာ အဖြင့္ လွခဲ့ေပမယ့္ လက္ရွိမွာ ဟိုလိုလို ဒီလိုလိုနဲ႔ အာ႐ုံမ်ားေနခဲ့ၿပီး ႐ိုဒရီဂို မရွိကတည္းက ရလဒ္ေတြ ဆိုး႐ြားေနတာေၾကာင့္ ဆဲလ္ဟာ့စ္ပါ့ခ္မွာ ပဲေလ့စ္တို႔ပဲ အႏိုင္ရရွိသြားပါလိမ့္မယ္။ (ပဲေလ့စ္ 2-0 လိဒ္စ္)

အာဆင္နယ္-လီဗာပူးလ္
အာဆင္နယ္တို႔အတြက္ေတာ့ စပါးစ္ထက္ပိုၿပီး ခက္ခဲတဲ့ စမ္းသပ္မႈျဖစ္လာမွာပါ။ ဒီစာေမးပြဲကို ေအာင္ခဲ့ရင္ သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ စိန္ေခၚသူေတြ တကယ္ပဲ ျပန္ျဖစ္လာၿပီလို႔ ဆိုရပါလိမ့္မယ္။ လီဗာပူးလ္ကေတာ့ တစ္ရာသီၿပီး တစ္ရာသီ က်ဆင္းေနခဲ့ၿပီး ရိန္းဂ်ားစ္ကို ခ်န္ပီယံလိဂ္မွာ အႏိုင္ရခဲ့ေပမယ့္ ဖရီးကစ္နဲ႔ ပင္နယ္တီတို႔ကပဲ ဂိုးရသြားခဲ့တာျဖစ္ၿပီး အားရစရာေတာ့ နည္းေနေသးတာပါ။ အာဆင္နယ္နဲ႔ပြဲမွာေတာ့ သူတို႔ေတြ လြယ္မွာ မဟုတ္သလို ဟန္ဒါဆန္၊ သီယာဂိုတို႔ကို ေအာ္ဒီဂြါဒ္၊ ခ်ာကာနဲ႔ ပါေတးတို႔က ေကာင္းေကာင္းရင္ဆိုင္ႏိုင္စြမ္း ရွိေနပါတယ္။ ဇယားထိပ္ကေန အလြယ္တကူ ဖယ္မေပးရဖို႔နဲ႔ ခ်န္ပီယံလိဂ္ ျပန္ကစားရဖို႔အတြက္ အာဆင္နယ္တို႔ မျဖစ္မေန အႏိုင္ယူရမယ့္ပြဲ ျဖစ္ေနပါတယ္။ (အာဆင္နယ္ 2-0 လီဗာပူးလ္)

အဲဗာတန္-မန္ခ်က္စတာယူႏိုက္တက္
အဲဗာတန္တို႔ကို နည္းျပ ဖရန႔္ လမ္းပတ္အေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးႏိုင္ခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး ကြင္းလယ္ပုံစံေကာင္းကိုလည္း ရွာေဖြထားႏိုင္ခဲ့တာက ပရိသတ္ေတြ ျမင္ခ်င္တဲ့ ပုံစံပဲလို႔ ဆိုရမွာပါ။ ကြင္းလယ္ေကာင္းတဲ့ အသင္းေတြနဲ႔ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္တို႔ ယွဥ္ကစားဖို႔ အဆင္သင့္ မျဖစ္ေသးတာကို ေတြ႕ေနရၿပီး ဒီေန႔ပြဲကိုလည္း သူတို႔ေတြ အႏိုင္ယူဖို႔ကေတာ့ မျဖစ္ႏိုင္သေလာက္ပါပဲ။ အိုမိုးနီးယားနဲ႔ပြဲမွာလည္း ေနာက္က လိုက္ကစားခဲ့ရတဲ့ ပုံစံနဲ႔ အဲဗာတန္ကြင္းမွာ ဘယ္သူ႔ကို တိုက္စစ္က ပြဲထုတ္ရမွန္းပါ မသိခဲ့ရင္ တန္ဟတ္တစ္ေယာက္ တိုင္ပတ္ဦးမွာျဖစ္တာေၾကာင့္ အိမ္ရွင္ေတြနဲ႔ အမွတ္ခြဲယူရဦးမယ္ ထင္ပါတယ္။ (အဲဗာတန္ 1-1 မန္ယူ)

ေနာ့တင္ဟမ္ေဖာရက္စ္-အက္စ္တန္ဗီလာ
အသင္းတိုင္းက အႏိုင္က်င့္ေနၾကတဲ့ ေဖာရက္စ္တို႔နဲ႔ ေတြ႕တာက နည္းျပ စတီဗင္ ဂ်ရတ္အတြက္ေတာ့ မဟာအခြင့္အေရးႀကီးပဲျဖစ္ပါတယ္။ စတိဗ္ ကူးပါးကို ဆက္ၿပီး ၂၀၂၅ အထိ သက္တမ္းတိုးထားခဲ့တာက ဒီေန႔ပြဲကို ရလဒ္ေကာင္းဖို႔ ေဖာရက္စ္တို႔မွာ တြန္းအားတစ္ရပ္ ရွိေနတာကေတာ့ ဗီလာတို႔ကို အနည္းငယ္ ႐ုန္းကန္ရေစႏိုင္ပါတယ္။ လူသစ္ေတြကို ဘယ္သူက ဘာလဲ၊ ဖားလား ငါးလား မသိေသးတဲ့ ကူးပါးကို ဂ်ရတ္အေနနဲ႔ အႏိုင္ယူခြင့္ ရွိေနၿပီး ဒီေန႔ပြဲကို ႏွစ္သင္းစလုံးက ကိုယ့္ႏိုင္ပြဲအျဖစ္ ႀကိဳတင္တြက္ဆထားႏိုင္ၾကလို႔ ရႈံးတဲ့သူကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္ရႏိုင္မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ပြဲေတြမွာ ဂိုးမသြင္းတတ္ခဲ့တာကို ျပင္ဆင္ႏိုင္ရင္ ဗီလာတို႔အတြက္ ႏိုင္ပြဲျဖစ္ပါလိမ့္မယ္။ (ေဖာရက္စ္ 1-2 ဗီလာ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.