Analysis Article Premier League

ချဲလ်ဆီးတို့ကို နေရာမှန်ကို ပြန်ပို့ဖို့ ဂရေဟမ် ပေါ့တာ လုပ်ဆောင်နေတဲ့ အရာများ

ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တာရဲ့ အဖွင့်ပွဲက ချန်ပီယံလိဂ်မှာ ဆာ့လ်ဇ်ဘတ်နဲ့ သရေကျခဲ့ရပေမယ့် နောက်လာတဲ့ နှစ်ပွဲမှာတော့ ခရစ္စတယ်လ် ပဲလေ့စ်ကို နောက်ကျဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့သလို အေစီမီလန်ကို အိမ်ကွင်းမှာ ပြတ်ပြတ်သားသား အနိုင်ယူပြီး သူတို့ရဲ့ ပြန်လည်ထကြွမှုအတွက် အားလုံးကို သတိပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။

ဘရိုက်တန်နည်းပြဟောင်းအနေနဲ့ အဖွင့်ပွဲမှာ အသင်းနဲ့ သိပ်ပြီး နားလည်မှု မရှိသေးပေမယ့် နောက်ပွဲတွေမှာတော့ ပိုပြီး အစေးကပ်လာတဲ့ သွင်ပြင်လက္ခဏာကို မြင်ခဲ့ရပြီး လက်ရှိအတိုင်း ရလဒ်တွေ ကောင်းလာခဲ့တဲ့အထဲမှာ ချဲလ်ဆီးတို့ကို အရင်အတိုင်း နေရာမှန်ဆီ ပြန်ပို့နိုင်ဖို့ အပြုသဘော ဆောင်နေတဲ့ အရာတွေကို ကြည့်ကြရအောင်ပါ။

၁။ ၃-၄-၂-၁ ကို ပြန်ရှာတွေ့ခြင်း
ပေါ့တာရဲ့ ပထမဆုံးပွဲမှာ အသင်းရဲ့ ကစားကွက်ကို ဘရိုက်တန်ဆန်ဆန် ၃-၅-၂ ကို သုံးစွဲခဲ့ပြီး ဘယ်တောင်ပံမှာ စတာလင်အနေနဲ့ ရုန်းကန်ခဲ့ရသလို ဟာဗတ်ဇ်နဲ့ အူဘာမီယန်းတို့ကလည်း အလုပ်မဖြစ်ခဲ့တာပါ။ ဒါကြောင့် ပဲလေ့စ်နဲ့ပွဲမှာတော့ ၄-၂-၂-၂ ပုံစံကို ပြန်စမ်းခဲ့ပြီး အိမ်ကွင်းမှာ သရေကျမလို ဖြစ်ခဲ့ပေမယ့် ကစားကွက်ပြန်ပြောင်းချိန်မှာ ဂါလာဂါရဲ့ တစ်ကိုယ်တော် အစွမ်းနဲ့ ကောင်းမွန်တဲ့ အဆုံးသတ်ကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဉာဏ်အကောင်းဆုံး အင်္ဂလိပ်နည်းပြလို့ ချီးကျူးခံထားရတဲ့ ပေါ့တာအနေနဲ့ ဒါဟာလည်း ချဲလ်ဆီးတို့နဲ့ ကိုက်ညီတဲ့ ကစားကွက် အမှန် မဟုတ်သေးတာကို သိခဲ့လို့ သူတို့တွေအတွက် အရင်းနှီးဆုံးဖြစ်တဲ့ တူဟယ်လ်လက်ထက်က ကစားကွက်ဆန်ဆန်ပဲ အေစီမီလန်နဲ့ပွဲမှာ ပြန်သုံးခဲ့ပြီး ၃-၄-၂-၁ ကစားကွက်က သူတို့ကို အင်ပြည့်အားပြည့် ကစားနိုင်စေခဲ့တာဖြစ်ပါတယ်။

၂။ အင်္ဂလိပ်အစုအဖွဲ့ကို အမာခံထားခဲ့ခြင်း
အေစီမီလန်နဲ့ပွဲမှာ သုံးသပ်သူ ရီယို ဖာဒီနန်တောင် အံ့ဩသွားခဲ့ရတဲ့အထိ ချဲလ်ဆီးတို့အနေနဲ့ အင်္ဂလိပ်ကစားသမား ၇ ယောက်ကို အသုံးပြုခဲ့ပြီး ဒီထဲမှာ ၅ ယောက်ကတော့ ပွဲထွက် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘယ်တောင်ပံမှာ သူ့ရဲ့ တပည့်ဟောင်း ကူကူရဲလားအစား ချေးလ်ဝဲလ်ကို ပြန်သုံးခဲ့ပြီး သူနဲ့ ရီးစ် ဂျိမ်းစ်တို့ရဲ့ တောင်ပံတစ်စုံက လိုချင်တဲ့ ရလဒ်တွေကို ဖန်တီးနိုင်သလို စတာလင်နဲ့ မေဆန်မောင့်တို့ကလည်း ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ခြေစွမ်းပြနိုင်ခဲ့တာပါ။

ဖိုဖာနာ ဒဏ်ရာရသွားချိန်မှာတော့ ငယ်မွေးခြံပေါက် ထရီဗို ချာလိုဘာကို ထည့်သွင်းအသုံးပြုသွားခဲ့ပြီး လာမယ့်ပွဲတွေမှာတော့ ဒီနေရာအတွက် သူဘရိုက်တန်မှာ သုံးခဲ့သလို ကူကူရဲလားကို သုံးယောက်တန်းခံစစ် ဘယ်အစွန်မှာ သုံးပြီး ချေးလ်ဝဲလ်နဲ့ ပူးပေါင်းမယ့် Extra Full Back အဖြစ် စမ်းသပ် ကစားသွားဦးမလားတော့ စောင့်ကြည့်ရမှာဖြစ်ပြီး အင်္ဂလိပ်ကစားသမားတွေကို နေရာပေးမှုကတော့ အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်။

၃။ ခံစစ်က ပိုကျစ်လျစ်လာခြင်း
အေစီမီလန်တို့ကို ဘာမှ လုပ်မရအောင် ထိန်းချုပ်သွားနိုင်ခဲ့တဲ့ ပုံစံက Clean Sheet နဲ့ လှပခဲ့သလို ကူလီဘေလီ၊ သီယာဂို ဆေးလ်ဗားတို့နဲ့ တွဲကစားခဲ့တဲ့ ကီပါကလည်း အေဒူယာ မန်ဒီထက် ဘောလုံးဖြန့်ဝေမှုတွေ ပိုလုပ်ပေးနိုင်မယ့် ပုံစံကို ပြသခဲ့တာပါ။ ပေါ့တာအနေနဲ့ သူ့ရဲ့ ခံစစ်အထိုင်ကို လာမယ့်ပွဲတွေမှာ ပိုမိုမာကျောအောင် တည်ဆောက်သွားဖွယ်ရှိနေပြီး ဖိုဖာနာရဲ့ ဒဏ်ရာအခြေအနေပေါ် မူတည်ပြောင်းလဲသွားနိုင်ခြေတော့ ရှိနေပါတယ်။

၄။ အူဘာမီယန်းကို ညှစ်ထုတ်နိုင်ခဲ့ခြင်း
လူကာကူးကို အင်တာမီလန်ကနေ ဂျင်းမိခဲ့အပြီးမှာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှ ရောက်လာတဲ့ အရွယ်လွန် အူဘာမီယန်းကလည်း ပရိသတ် သံသယတွေကို လှုပ်နှိုးထားခဲ့တာပါပဲ။ ဒါပေမယ့် အသက် ၃၃ နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးအနေနဲ့ ဂိုးရှေ့မှာ သာလွန်ကောင်းမွန်သူဖြစ်ကြောင်းကို ပဲ့လေစ်၊ အေစီမီလန်တို့ကို နှစ်ပွဲဆက်ဂိုးသွင်းပြီး ပြသနိုင်ခဲ့သလို ဖြတ်တင်ဘောတွေ ကောင်းတဲ့ အသင်းရဲ့ အဆုံးသတ်သမားနေရာကို ကျန်သမျှ ခြေစွမ်းနဲ့ မှတ်ကျောက်တင်ခံနိုင်စေဖို့ နည်းပြ ပေါ့တာက တွန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၅။ ဘုရင်မကြီးနဲ့ ကံကောင်းသွားခြင်း
ဆာ့လ်ဇ်ဘတ်နဲ့ ကန်အပြီးမှာ ကစားရခက်တဲ့ အသင်းတွေဖြစ်တဲ့ ဖူလ်ဟမ်နဲ့ လီဗာပူးလ်တို့ကို တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ကွယ်လွန်မှုကြောင့် တစ်နိုင်ငံလုံး ပူဆွေးခဲ့ကြချိန်မှာ ဒီပွဲတွေကို ရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါက ချဲလ်ဆီးတို့ကို ပဲလေ့စ်၊ ဝုလ်ဗ်စ်၊ ဗီလာ၊ ဘရန့်ဖို့ဒ်တို့လို အသင်းတွေနဲ့ အသက်ရှူချောင်သွားစေပြီး ဒီပွဲတွေ ပြီးမှ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရမယ့် အချိန်မှာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ အချိန်လုံလုံလောက်လောက်နဲ့ ယုံကြည်မှုကို ရရှိစေခဲ့တာဖြစ်လို့ လာမယ့်ပွဲတွေမှာလည်း သူတို့ရဲ့ ခြေစွမ်း ပိုထက်လာတာကိုပဲ မြင်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ ေပါ့တာရဲ႕ အဖြင့္ပြဲက ခ်န္ပီယံလိဂ္မွာ ဆာ့လ္ဇ္ဘတ္နဲ႔ သေရက်ခဲ့ရေပမယ့္ ေနာက္လာတဲ့ ႏွစ္ပြဲမွာေတာ့ ခရစၥတယ္လ္ ပဲေလ့စ္ကို ေနာက္က်ဂိုးနဲ႔ အေဝးကြင္းမွာ အႏိုင္ယူခဲ့သလို ေအစီမီလန္ကို အိမ္ကြင္းမွာ ျပတ္ျပတ္သားသား အႏိုင္ယူၿပီး သူတို႔ရဲ႕ ျပန္လည္ထႂကြမႈအတြက္ အားလုံးကို သတိေပးလိုက္သလိုျဖစ္ခဲ့ပါတယ္။

ဘ႐ိုက္တန္နည္းျပေဟာင္းအေနနဲ႔ အဖြင့္ပြဲမွာ အသင္းနဲ႔ သိပ္ၿပီး နားလည္မႈ မရွိေသးေပမယ့္ ေနာက္ပြဲေတြမွာေတာ့ ပိုၿပီး အေစးကပ္လာတဲ့ သြင္ျပင္လကၡဏာကို ျမင္ခဲ့ရၿပီး လက္ရွိအတိုင္း ရလဒ္ေတြ ေကာင္းလာခဲ့တဲ့အထဲမွာ ခ်ဲလ္ဆီးတို႔ကို အရင္အတိုင္း ေနရာမွန္ဆီ ျပန္ပို႔ႏိုင္ဖို႔ အျပဳသေဘာ ေဆာင္ေနတဲ့ အရာေတြကို ၾကည့္ၾကရေအာင္ပါ။

၁။ ၃-၄-၂-၁ ကို ျပန္ရွာေတြ႕ျခင္း
ေပါ့တာရဲ႕ ပထမဆုံးပြဲမွာ အသင္းရဲ႕ ကစားကြက္ကို ဘ႐ိုက္တန္ဆန္ဆန္ ၃-၅-၂ ကို သုံးစြဲခဲ့ၿပီး ဘယ္ေတာင္ပံမွာ စတာလင္အေနနဲ႔ ႐ုန္းကန္ခဲ့ရသလို ဟာဗတ္ဇ္နဲ႔ အူဘာမီယန္းတို႔ကလည္း အလုပ္မျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ ပဲေလ့စ္နဲ႔ပြဲမွာေတာ့ ၄-၂-၂-၂ ပုံစံကို ျပန္စမ္းခဲ့ၿပီး အိမ္ကြင္းမွာ သေရက်မလို ျဖစ္ခဲ့ေပမယ့္ ကစားကြက္ျပန္ေျပာင္းခ်ိန္မွာ ဂါလာဂါရဲ႕ တစ္ကိုယ္ေတာ္ အစြမ္းနဲ႔ ေကာင္းမြန္တဲ့ အဆုံးသတ္ေၾကာင့္ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဉာဏ္အေကာင္းဆုံး အဂၤလိပ္နည္းျပလို႔ ခ်ီးက်ဴးခံထားရတဲ့ ေပါ့တာအေနနဲ႔ ဒါဟာလည္း ခ်ဲလ္ဆီးတို႔နဲ႔ ကိုက္ညီတဲ့ ကစားကြက္ အမွန္ မဟုတ္ေသးတာကို သိခဲ့လို႔ သူတို႔ေတြအတြက္ အရင္းႏွီးဆုံးျဖစ္တဲ့ တူဟယ္လ္လက္ထက္က ကစားကြက္ဆန္ဆန္ပဲ ေအစီမီလန္နဲ႔ပြဲမွာ ျပန္သုံးခဲ့ၿပီး ၃-၄-၂-၁ ကစားကြက္က သူတို႔ကို အင္ျပည့္အားျပည့္ ကစားႏိုင္ေစခဲ့တာျဖစ္ပါတယ္။

၂။ အဂၤလိပ္အစုအဖြဲ႕ကို အမာခံထားခဲ့ျခင္း
ေအစီမီလန္နဲ႔ပြဲမွာ သုံးသပ္သူ ရီယို ဖာဒီနန္ေတာင္ အံ့ဩသြားခဲ့ရတဲ့အထိ ခ်ဲလ္ဆီးတို႔အေနနဲ႔ အဂၤလိပ္ကစားသမား ၇ ေယာက္ကို အသုံးျပဳခဲ့ၿပီး ဒီထဲမွာ ၅ ေယာက္ကေတာ့ ပြဲထြက္ ပါဝင္ခဲ့တာျဖစ္ပါတယ္။ ဘယ္ေတာင္ပံမွာ သူ႔ရဲ႕ တပည့္ေဟာင္း ကူကူရဲလားအစား ေခ်းလ္ဝဲလ္ကို ျပန္သုံးခဲ့ၿပီး သူနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ရဲ႕ ေတာင္ပံတစ္စုံက လိုခ်င္တဲ့ ရလဒ္ေတြကို ဖန္တီးႏိုင္သလို စတာလင္နဲ႔ ေမဆန္ေမာင့္တို႔ကလည္း ကြင္းလယ္မွာ လြတ္လြတ္လပ္လပ္ ေျခစြမ္းျပႏိုင္ခဲ့တာပါ။

ဖိုဖာနာ ဒဏ္ရာရသြားခ်ိန္မွာေတာ့ ငယ္ေမြးၿခံေပါက္ ထရီဗို ခ်ာလိုဘာကို ထည့္သြင္းအသုံးျပဳသြားခဲ့ၿပီး လာမယ့္ပြဲေတြမွာေတာ့ ဒီေနရာအတြက္ သူဘ႐ိုက္တန္မွာ သုံးခဲ့သလို ကူကူရဲလားကို သုံးေယာက္တန္းခံစစ္ ဘယ္အစြန္မွာ သုံးၿပီး ေခ်းလ္ဝဲလ္နဲ႔ ပူးေပါင္းမယ့္ Extra Full Back အျဖစ္ စမ္းသပ္ ကစားသြားဦးမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အဂၤလိပ္ကစားသမားေတြကို ေနရာေပးမႈကေတာ့ အေပါင္းလကၡဏာေဆာင္ခဲ့ပါတယ္။

၃။ ခံစစ္က ပိုက်စ္လ်စ္လာျခင္း
ေအစီမီလန္တို႔ကို ဘာမွ လုပ္မရေအာင္ ထိန္းခ်ဳပ္သြားႏိုင္ခဲ့တဲ့ ပုံစံက Clean Sheet နဲ႔ လွပခဲ့သလို ကူလီေဘလီ၊ သီယာဂို ေဆးလ္ဗားတို႔နဲ႔ တြဲကစားခဲ့တဲ့ ကီပါကလည္း ေအဒူယာ မန္ဒီထက္ ေဘာလုံးျဖန႔္ေဝမႈေတြ ပိုလုပ္ေပးႏိုင္မယ့္ ပုံစံကို ျပသခဲ့တာပါ။ ေပါ့တာအေနနဲ႔ သူ႔ရဲ႕ ခံစစ္အထိုင္ကို လာမယ့္ပြဲေတြမွာ ပိုမိုမာေက်ာေအာင္ တည္ေဆာက္သြားဖြယ္ရွိေနၿပီး ဖိုဖာနာရဲ႕ ဒဏ္ရာအေျခအေနေပၚ မူတည္ေျပာင္းလဲသြားႏိုင္ေျခေတာ့ ရွိေနပါတယ္။

၄။ အူဘာမီယန္းကို ညႇစ္ထုတ္ႏိုင္ခဲ့ျခင္း
လူကာကူးကို အင္တာမီလန္ကေန ဂ်င္းမိခဲ့အၿပီးမွာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးေန႔မွ ေရာက္လာတဲ့ အ႐ြယ္လြန္ အူဘာမီယန္းကလည္း ပရိသတ္ သံသယေတြကို လႈပ္ႏႈိးထားခဲ့တာပါပဲ။ ဒါေပမယ့္ အသက္ ၃၃ ႏွစ္အ႐ြယ္ ဂါဘြန္တိုက္စစ္မႉးအေနနဲ႔ ဂိုးေရွ႕မွာ သာလြန္ေကာင္းမြန္သူျဖစ္ေၾကာင္းကို ပဲ့ေလစ္၊ ေအစီမီလန္တို႔ကို ႏွစ္ပြဲဆက္ဂိုးသြင္းၿပီး ျပသႏိုင္ခဲ့သလို ျဖတ္တင္ေဘာေတြ ေကာင္းတဲ့ အသင္းရဲ႕ အဆုံးသတ္သမားေနရာကို က်န္သမွ် ေျခစြမ္းနဲ႔ မွတ္ေက်ာက္တင္ခံႏိုင္ေစဖို႔ နည္းျပ ေပါ့တာက တြန္းေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

၅။ ဘုရင္မႀကီးနဲ႔ ကံေကာင္းသြားျခင္း
ဆာ့လ္ဇ္ဘတ္နဲ႔ ကန္အၿပီးမွာ ကစားရခက္တဲ့ အသင္းေတြျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ လီဗာပူးလ္တို႔ကို ေတြ႕ဆုံယွဥ္ၿပိဳင္ရမွာျဖစ္ေပမယ့္ ဘုရင္မႀကီး အဲလစ္ဇဘက္ရဲ႕ ကြယ္လြန္မႈေၾကာင့္ တစ္ႏိုင္ငံလုံး ပူေဆြးခဲ့ၾကခ်ိန္မွာ ဒီပြဲေတြကို ေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ဒါက ခ်ဲလ္ဆီးတို႔ကို ပဲေလ့စ္၊ ဝုလ္ဗ္စ္၊ ဗီလာ၊ ဘရန႔္ဖို႔ဒ္တို႔လို အသင္းေတြနဲ႔ အသက္ရႉေခ်ာင္သြားေစၿပီး ဒီပြဲေတြ ၿပီးမွ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံရမယ့္ အခ်ိန္မွာ အသင္းကို ျပန္လည္ တည္ေဆာက္ဖို႔ အခ်ိန္လုံလုံေလာက္ေလာက္နဲ႔ ယုံၾကည္မႈကို ရရွိေစခဲ့တာျဖစ္လို႔ လာမယ့္ပြဲေတြမွာလည္း သူတို႔ရဲ႕ ေျခစြမ္း ပိုထက္လာတာကိုပဲ ျမင္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.