Premier League

လီဗာပူးလ်သတင်းစာရှင်းလင်းပွဲကို အာဆင်နယ်သတင်းစာရှင်းလင်းပွဲအဖြစ် ပြောင်းခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ ယခုအပတ် တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် အာတီတာရဲ့အသင်းကို ဘယ်လိုမှ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၇ ပွဲကစားပြီးချိန်အထိ ၂ ပွဲသာ နိုင်ပွဲ ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အာဆင်နယ်ထက် ၁ ပွဲလျော့နေပေမယ့်လည်း အမှတ်ပေးဇယားထိပ်ဆုံးက အာတီတာရဲ့အသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ ကစားရမယ့်ပွဲစဉ်ဟာ တော်တော်လေး ဖျော်ဖြေမှုအပြည့် ပေးစွမ်းနိုင်မယ့် ပွဲစဉ်ဖြစ်လာမှာ သေချာနေပြီး ၂ သင်းစလုံးက ဘယ်သူက ဘာလဲဆိုတာကို ပြသဖို့ ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ ယခုနှစ်အစောပိုင်းတုန်းက အာဆင်နယ်တောင်ပံကစားသမား ဂါဘရီယဲလ် မာတီနယ်လီကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး သောကြာနေ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း အခြား အာဆင်နယ်ကြယ်ပွင့်တွေကို ထပ်မံ ချီးကျူး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဆုဖလားကို အစစ်အမှန် စိန်ခေါ်နိုင်သူတွေလားလို့ မေးမြန်းခဲ့ရာမှာ ကလော့ပ်က “လေးစားသမှုနဲ့ပါ။ ဝိုး။ မီခေးလ်ဆီကနေ အရမ်းကောင်းမွန်တဲ့အလုပ်ဖြစ်ခဲ့ပါတယ်။ ခင်ဗျား အချိန်လိုအပ်တဲ့အချိန်မှာ ဘယ်သူမှ ခင်ဗျားကို အချိန်ပေးဘူး။ ကျွန်တော် အဲဒီအတွက်တော့ အများကြီး လေးစားပါတယ်”

“မာတီနယ်လီက အစောပိုင်းကတည်းက သူနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်လှုပ်ရှားခဲ့တယ်။ သူက ကျွန်တော် မျှော်မှန်းထားတဲ့ကစားသမားအတိုင်း ကွက်တိ ဖြစ်လာခဲ့တယ်။ မာတင် အော်ဒီဂွါဒ်ဆိုရင် နော်ဝေမှာ သူရှိနေခဲ့တဲ့ အသက် ၁၅ နှစ်သားအရွယ်မှာ တကမ္ဘာလုံးက ဝိုင်းပြီး လိုချင်နေကြတဲ့အချိန်မှာ ကျွန်တော် သူနဲ့စကားပြောခဲ့တယ်။ ဆာကာကလည်း အောင်မလေးဗျာ။ သူ စပြီးကစားတဲ့ နေ့ကတည်းက မယုံနိုင်စရာကောင်းအောင် ကစားခဲ့ပါတယ်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က အာတီတာရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ပုံကိုလည်း ချီးကျူးပြောဆိုခဲ့ပြီး ယခုနွေရာသီမှာ မန်ချက်စတာစီးတီးကနေ ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ ဇင်ချန်ကိုတို့ ၂ ဦးကို ခေါ်ယူနိုင်ခဲ့တာက အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဂါဘရီယဲလ် ဂျေဆူးစ်ဆိုရင် မီခေးလ်က သူ မန်စီးတီး ရှပ်နဲ့ ကျောနံပါတ် ၉ နေရာမှာ အသေကစားနေတာမဟုတ်ဘဲ ဘယ်လောက်အထိ ကောင်းနိုင်လဲဆိုတာကို မြင်နိုင်ခဲ့တယ်။ သူ ဇင်ချန်ကို ကိုလည်း ခေါ်ယူနိုင်ခဲ့တယ်။ ချာကာကိုလည်း လမ်းမှန်ပေါ် ပြန်ဆွဲတင်ခဲ့တယ်။ သောမတ်စ် ပါတေးဆိုရင် အက်သလက်တီကို မက်ဒရစ်မှာကတည်းက သူဘယ်လောက်ကောင်းလဲ အားလုံးမြင်ခဲ့ပြီးသားပါ”

“အရည်အသွေးတွေ အများကြီးပဲ။ ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းက တကယ် ကောင်းကောင်း လုပ်ပြနေတယ်။ အခု ကျွန်တော်တို့ အဲဒီကို သွားပြီး ကစားရတော့မှာဖြစ်ပြီး အရင်တုန်းရလဒ်တွေကို ကျွန်တော်တို့ မတွေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ ယခုအပတ္ တနဂၤေႏြေန႔မွာ အာဆင္နယ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲမတိုင္ခင္ အာတီတာရဲ႕အသင္းကို ဘယ္လိုမွ မခ်ီးက်ဴးဘဲ မေနႏိုင္ေအာင္ ျဖစ္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ၇ ပြဲကစားၿပီးခ်ိန္အထိ ၂ ပြဲသာ ႏိုင္ပြဲ ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားအဆင့္ ၉ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး အာဆင္နယ္ထက္ ၁ ပြဲေလ်ာ့ေနေပမယ့္လည္း အမွတ္ေပးဇယားထိပ္ဆုံးက အာတီတာရဲ႕အသင္းနဲ႔ ၁၁ မွတ္အထိ ကြာဟေနတာျဖစ္ပါတယ္။

တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ ကစားရမယ့္ပြဲစဥ္ဟာ ေတာ္ေတာ္ေလး ေဖ်ာ္ေျဖမႈအျပည့္ ေပးစြမ္းႏိုင္မယ့္ ပြဲစဥ္ျဖစ္လာမွာ ေသခ်ာေနၿပီး ၂ သင္းစလုံးက ဘယ္သူက ဘာလဲဆိုတာကို ျပသဖို႔ ႀကိဳးပမ္းသြားၾကမွာ ျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ယခုႏွစ္အေစာပိုင္းတုန္းက အာဆင္နယ္ေတာင္ပံကစားသမား ဂါဘရီယဲလ္ မာတီနယ္လီကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ေသာၾကာေန႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာလည္း အျခား အာဆင္နယ္ၾကယ္ပြင့္ေတြကို ထပ္မံ ခ်ီးက်ဴး ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ဆုဖလားကို အစစ္အမွန္ စိန္ေခၚႏိုင္သူေတြလားလို႔ ေမးျမန္းခဲ့ရာမွာ ကေလာ့ပ္က “ေလးစားသမႈနဲ႔ပါ။ ဝိုး။ မီေခးလ္ဆီကေန အရမ္းေကာင္းမြန္တဲ့အလုပ္ျဖစ္ခဲ့ပါတယ္။ ခင္ဗ်ား အခ်ိန္လိုအပ္တဲ့အခ်ိန္မွာ ဘယ္သူမွ ခင္ဗ်ားကို အခ်ိန္ေပးဘူး။ ကြၽန္ေတာ္ အဲဒီအတြက္ေတာ့ အမ်ားႀကီး ေလးစားပါတယ္”

“မာတီနယ္လီက အေစာပိုင္းကတည္းက သူနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ စိတ္လႈပ္ရွားခဲ့တယ္။ သူက ကြၽန္ေတာ္ ေမွ်ာ္မွန္းထားတဲ့ကစားသမားအတိုင္း ကြက္တိ ျဖစ္လာခဲ့တယ္။ မာတင္ ေအာ္ဒီဂြါဒ္ဆိုရင္ ေနာ္ေဝမွာ သူရွိေနခဲ့တဲ့ အသက္ ၁၅ ႏွစ္သားအ႐ြယ္မွာ တကမာၻလုံးက ဝိုင္းၿပီး လိုခ်င္ေနၾကတဲ့အခ်ိန္မွာ ကြၽန္ေတာ္ သူနဲ႔စကားေျပာခဲ့တယ္။ ဆာကာကလည္း ေအာင္မေလးဗ်ာ။ သူ စၿပီးကစားတဲ့ ေန႔ကတည္းက မယုံႏိုင္စရာေကာင္းေအာင္ ကစားခဲ့ပါတယ္”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က အာတီတာရဲ႕ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္ပုံကိုလည္း ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ယခုေႏြရာသီမွာ မန္ခ်က္စတာစီးတီးကေန ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ ဇင္ခ်န္ကိုတို႔ ၂ ဦးကို ေခၚယူႏိုင္ခဲ့တာက အရမ္းေကာင္းတဲ့ ေခၚယူမႈျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဂါဘရီယဲလ္ ေဂ်ဆူးစ္ဆိုရင္ မီေခးလ္က သူ မန္စီးတီး ရွပ္နဲ႔ ေက်ာနံပါတ္ ၉ ေနရာမွာ အေသကစားေနတာမဟုတ္ဘဲ ဘယ္ေလာက္အထိ ေကာင္းႏိုင္လဲဆိုတာကို ျမင္ႏိုင္ခဲ့တယ္။ သူ ဇင္ခ်န္ကို ကိုလည္း ေခၚယူႏိုင္ခဲ့တယ္။ ခ်ာကာကိုလည္း လမ္းမွန္ေပၚ ျပန္ဆြဲတင္ခဲ့တယ္။ ေသာမတ္စ္ ပါေတးဆိုရင္ အက္သလက္တီကို မက္ဒရစ္မွာကတည္းက သူဘယ္ေလာက္ေကာင္းလဲ အားလုံးျမင္ခဲ့ၿပီးသားပါ”

“အရည္အေသြးေတြ အမ်ားႀကီးပဲ။ ငယ္႐ြယ္ၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့အသင္းက တကယ္ ေကာင္းေကာင္း လုပ္ျပေနတယ္။ အခု ကြၽန္ေတာ္တို႔ အဲဒီကို သြားၿပီး ကစားရေတာ့မွာျဖစ္ၿပီး အရင္တုန္းရလဒ္ေတြကို ကြၽန္ေတာ္တို႔ မေတြးပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.