Premier League

လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးက စီးတီးမဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ပြီးခဲ့တဲ့တစ်ပတ်လုံး အချီးကျူးခံခဲ့ရတဲ့ ၎င်းရဲ့အသင်းနဲ့ပတ်သက်ပြီး ငြင်းပယ်ခဲ့ပြီး ဒီရာသီမှာ စီးတီးထက် ပိုကောင်းမွန်နေတဲ့ အသင်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသခဲ့ပြီးနောက် ယခုရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံလိဂ်ဘွဲ့ကို ကာကွယ်နိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့က မန်ချက်စတာမြို့ခံပြိုင်ဘက်တွေကို ၆-၃ နဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူနိုင်ခဲ့မှုက မန်စီးတီးကို နောက်ထပ်တစ်ဆင့် ရောက်ရှိစေခဲ့ပြီး လက်ရှိမှာတော့ ပြည်တွင်းမှာ ဆက်လက်လွှမ်းမိုးနိုင်မယ့်အပြင် ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ဥရောပအိပ်မက်လည်း ပြည့်ဝနိုင်မယ့်ပုံ ပေါ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုရာသီမှာ အကောင်းဆုံး ပုံစံနဲ့ စတင်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒုတိယနေရာက မန်စီးတီးထက် ၁ မှတ်အသာ အမှတ်ပေးဇယားထိပ်ဆုံးအသင်းအဖြစ်နဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို လက်ခံယှဉ်ပြိုင်ပြီး နောက်ထပ် ဖလားစိန်ခေါ်သူစစ်စစ်လားဆိုတာ မှတ်ကျောက်တင်ခံသွားရမှာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ချန်ပီယံအဖြစ် ကာလရှည် ရပ်တည်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၁၂ လလောက်တုန်းက လက်ထောက်နည်းပြဟောင်း အာတီတာနဲ့ တွေ့ဆုံခဲ့ချိန်မှာ အာဆင်နယ်ကို ၅-၀ နဲ့ အနိုင်ယူခဲ့တာကြောင့် စပိန်လူမျိုးနည်းပြဟာ ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက ဒီရာသီမှာ ဘယ်လောက်အထိ တိုးတက်လာလဲလို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက ၎င်းရဲ့ အသင်း စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်တာထက် ပိုမိုပေမယ့်လည်း အားလုံးထက် နှာတဖျားသာနေတဲ့အသင်းလည်း ရှိနေသေးတယ်ဆိုတာကို ထောက်ပြဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။

“ယေဘုယျအားဖြင့် ကျွန်တော်တို့ ဒီနှစ်တွေမှာ တကယ်ကောင်းမွန်တဲ့ဘောလုံးကစားပုံနဲ့ ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကစားနေတဲ့ပုံစံက သာမန်ပါပဲ။ ၆ နှစ်၊ ၇ နှစ် နှစ်တိုင်း ကျွန်တော်တို့ နေရာအချို့မှာ နည်းနည်းလေး ပိုကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ပွဲစဉ်ဘယ်လောက်အထိရှိမှာလဲ။ ပရီးမီးယားလိဂ်ရာသီရဲ့ ၈ ပွဲ ဒါမှမဟုတ် ၉ ပွဲလောက်ပဲ ရှိပါသေးတယ်။ ချန်ပီယံလိဂ်မှာတော့ ကျွန်တော်တို့က အိပ်မက်ထားတဲ့အနေအထားမှာရှိနေပါတယ်။ ကျွန်တော်တို့ နောက်တဆင့်တက်ဖို့ ၁ ပွဲပဲ လိုတော့တယ်။ ပထမအဖြစ် ပြီးဆုံးနိုင်ဖို့က အရေးကြီးပြီး ပရီးမီးယားလိဂ်မှာလည်း အဲဒီ ပထမနေရာမှာ ရှိနေဖို့အရေးကြီးပါတယ်”

“ကျွန်တော်တို့ အရာတစ်ခုကိုတော့ မေ့လို့မရဘူးဗျ လူကြီးမင်းတို့။ ဒီရာသီမှာ ကျွန်တော်တို့ထက် ပိုပြီးကောင်းမွန်နေတဲ့ အသင်းတစ်သင်းရှိနေပါတယ်။ အဲဒါက ပကတိအမှန်တရားပဲ။ ပကတိအမှန်တရားက အာဆင်နယ်က ကျွန်တော်တို့ထက် အခုအချိန်အထိ ပိုကောင်းမွန်နေတယ်ဆိုတာပဲ။ ကျွန်တော်တို့က လိဂ်မှာ ထိပ်ဆုံးမဟုတ်ပါဘူး။ အဲဒီမှာ ရှိနေဖို့က အရေးပါပြီး ကျွန်တော်တို့ အဲဒီနေရာကို ရောက်ဖို့ တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာက ၿပီးခဲ့တဲ့တစ္ပတ္လုံး အခ်ီးက်ဴးခံခဲ့ရတဲ့ ၎ရဲ႕အသင္းနဲ႔ပတ္သက္ၿပီး ျငင္းပယ္ခဲ့ၿပီး ဒီရာသီမွာ စီးတီးထက္ ပိုေကာင္းမြန္ေနတဲ့ အသင္းရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြ ဆက္တိုက္ ျပသခဲ့ၿပီးေနာက္ ယခုရာသီမွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံလိဂ္ဘြဲ႕ကို ကာကြယ္ႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့စေနေန႔က မန္ခ်က္စတာၿမိဳ႕ခံၿပိဳင္ဘက္ေတြကို ၆-၃ နဲ႔ အျပတ္အသတ္ အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူႏိုင္ခဲ့မႈက မန္စီးတီးကို ေနာက္ထပ္တစ္ဆင့္ ေရာက္ရွိေစခဲ့ၿပီး လက္ရွိမွာေတာ့ ျပည္တြင္းမွာ ဆက္လက္လႊမ္းမိုးႏိုင္မယ့္အျပင္ ကာလရွည္ေစာင့္ဆိုင္းခဲ့ရတဲ့ ဥေရာပအိပ္မက္လည္း ျပည့္ဝႏိုင္မယ့္ပုံ ေပၚေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယခုရာသီမွာ အေကာင္းဆုံး ပုံစံနဲ႔ စတင္ထားႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဒုတိယေနရာက မန္စီးတီးထက္ ၁ မွတ္အသာ အမွတ္ေပးဇယားထိပ္ဆုံးအသင္းအျဖစ္နဲ႔ တနဂၤေႏြေန႔မွာ လီဗာပူးလ္ကို လက္ခံယွဥ္ၿပိဳင္ၿပီး ေနာက္ထပ္ ဖလားစိန္ေခၚသူစစ္စစ္လားဆိုတာ မွတ္ေက်ာက္တင္ခံသြားရမွာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ခ်န္ပီယံအျဖစ္ ကာလရွည္ ရပ္တည္ခဲ့သူျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၂ လေလာက္တုန္းက လက္ေထာက္နည္းျပေဟာင္း အာတီတာနဲ႔ ေတြ႕ဆုံခဲ့ခ်ိန္မွာ အာဆင္နယ္ကို ၅-၀ နဲ႔ အႏိုင္ယူခဲ့တာေၾကာင့္ စပိန္လူမ်ိဳးနည္းျပဟာ ျပင္းထန္တဲ့ ဖိအားေတြေအာက္ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

မန္စီးတီးက ဒီရာသီမွာ ဘယ္ေလာက္အထိ တိုးတက္လာလဲလို႔ ေမးျမန္းခဲ့ရာမွာ ဂြါဒီယိုလာက ၎ရဲ႕ အသင္း စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္တာထက္ ပိုမိုေပမယ့္လည္း အားလုံးထက္ ႏွာတဖ်ားသာေနတဲ့အသင္းလည္း ရွိေနေသးတယ္ဆိုတာကို ေထာက္ျပဖို႔ အခြင့္အေရး ရရွိခဲ့တာ ျဖစ္ပါတယ္။

“ေယဘုယ်အားျဖင့္ ကြၽန္ေတာ္တို႔ ဒီႏွစ္ေတြမွာ တကယ္ေကာင္းမြန္တဲ့ေဘာလုံးကစားပုံနဲ႔ ကစားႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ကစားေနတဲ့ပုံစံက သာမန္ပါပဲ။ ၆ ႏွစ္၊ ၇ ႏွစ္ ႏွစ္တိုင္း ကြၽန္ေတာ္တို႔ ေနရာအခ်ိဳ႕မွာ နည္းနည္းေလး ပိုေကာင္းမြန္လာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက ပြဲစဥ္ဘယ္ေလာက္အထိရွိမွာလဲ။ ပရီးမီးယားလိဂ္ရာသီရဲ႕ ၈ ပြဲ ဒါမွမဟုတ္ ၉ ပြဲေလာက္ပဲ ရွိပါေသးတယ္။ ခ်န္ပီယံလိဂ္မွာေတာ့ ကြၽန္ေတာ္တို႔က အိပ္မက္ထားတဲ့အေနအထားမွာရွိေနပါတယ္။ ကြၽန္ေတာ္တို႔ ေနာက္တဆင့္တက္ဖို႔ ၁ ပြဲပဲ လိုေတာ့တယ္။ ပထမအျဖစ္ ၿပီးဆုံးႏိုင္ဖို႔က အေရးႀကီးၿပီး ပရီးမီးယားလိဂ္မွာလည္း အဲဒီ ပထမေနရာမွာ ရွိေနဖို႔အေရးႀကီးပါတယ္”

“ကြၽန္ေတာ္တို႔ အရာတစ္ခုကိုေတာ့ ေမ့လို႔မရဘူးဗ် လူႀကီးမင္းတို႔။ ဒီရာသီမွာ ကြၽန္ေတာ္တို႔ထက္ ပိုၿပီးေကာင္းမြန္ေနတဲ့ အသင္းတစ္သင္းရွိေနပါတယ္။ အဲဒါက ပကတိအမွန္တရားပဲ။ ပကတိအမွန္တရားက အာဆင္နယ္က ကြၽန္ေတာ္တို႔ထက္ အခုအခ်ိန္အထိ ပိုေကာင္းမြန္ေနတယ္ဆိုတာပဲ။ ကြၽန္ေတာ္တို႔က လိဂ္မွာ ထိပ္ဆုံးမဟုတ္ပါဘူး။ အဲဒီမွာ ရွိေနဖို႔က အေရးပါၿပီး ကြၽန္ေတာ္တို႔ အဲဒီေနရာကို ေရာက္ဖို႔ တိုက္ပြဲဝင္သြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.