Premier League

အဖေ့ခြေရာနင်းပြီး ပရီးမီးယားလိဂ်ကို ရောက်လာပြီဖြစ်တဲ့ ရိုမီယို ဘက်ခမ်း

ရိုမီယို ဘက်ခမ်းဟာ ၎င်းရဲ့ ဘောလုံးသမားဘဝကို နောက်ထပ်တစ်ဆင့် တက်လှမ်းတဲ့အနေနဲ့ ဘရန့်တ်ဖို့ဒ် အရန်အသင်းနဲ့အတူ လေ့ကျင့်ရေး ပြုလုပ်နေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၀ အရွယ် ကစားသမားဟာ လက်ရှိမှာ အင်တာ မိုင်ယာမီအသင်းကစားသမားအဖြစ် စာချုပ်ရှိနေဆဲဖြစ်ပေမယ့်လည်း The Times ရဲ့ ဖော်ပြချက်အရ ဘရန့်တ်ဖို့ဒ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ ရှိနေခဲ့သလို လူမှုကွန်ရက်ပေါ်မှာ ပရီးမီးယားလိဂ်ကစားသမားအများအပြားရဲ့ Followed လုပ်ခြင်းတောင် ခံခဲ့ရတယ်လို့ သိရပါတယ်။

ရိုမီယို ဘက်ခမ်းအနေနဲ့ ပျားတွေရဲ့ လေ့ကျင့်ရေးဌာနမှာ ဘယ်လောက်အထိအချိန်ကြာကြာ ရှိနေမလဲဆိုတာကိုတော့ လက်ရှိမှာ မသိရသေးဘဲ ဖခင်ခြေရာလိုက်နင်းတဲ့ ရိုမီယိုဟာ တောင်ပံကစားသမားအဖြစ်နဲ့ ကစားနေသူဖြစ်ပါတယ်။

ရိုမီယို ဘက်ခမ်းဟာ ၂၀၂၁ ခုနှစ်မှာ ဖခင်ဖြစ်သူ ဒေးဗစ် ဘက်ခမ်းရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ဖီးလ် နဗီးရဲ့သားဖြစ်သူ ဟာဗေး နဗီးနဲ့အတူ အင်တာ မိုင်ယာမီ ဒုတိယအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

ရိုမီယိုနဲ့ ဟာဗေးတို့ ၂ ဦစလုံးဟာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီး ဖီးလ် နဗီးကတော့ အဲဒီပွဲစဉ်ဟာ အသင်းသမိုင်းကြောင်းတလျှောက်မှာ အကြီးမားဆုံးပွဲစဉ်လို့ ပြောဆိုခဲ့ပြီးနောက် အငြင်းပွားစရာတွေ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

ရိုမီယိုဟာ ၎င်းရဲ့ ညီတွေဖြစ်တဲ့ ဘရွတ်ကလင်း၊ ခရုဇ်တို့နဲ့အတူ ၂၀၁၄ ခုနှစ်မှာ အာဆင်နယ် လူငယ်အသင်းကနေ ထွက်ခွာခွင့်ပြုချိန်မတိုင်ခင်အထိ ကစားခဲ့တာဖြစ်ပြီး ဒါကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်မှာ ရိုမီယိုဟာ ဘောလုံးသမားဘဝကို လက်လျှော့ဖို့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပြီး ဒေးဗစ် ဘက်ခမ်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ရိုမီယို ဘက်ခမ်းဟာ တင်းနစ် ကစားသမားဖြစ်လာဖို့အတွက် ကြိုးပမ်းခဲ့ပြီး ဂရမ်းဆလန်း ၃ ကြိမ် ချန်ပီယံ အန်ဒီ မာရေးနဲ့တောင် အတူတူ လေ့ကျင့်ရေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရိုမီယို ဘက်ခမ်းဟာ ၂၀၂၀ ခုနှစ်မှာတော့ ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရှိအချိန်အထိတော့ အဲဒီ ဆုံးဖြတ်ချက်ဟာ အောင်မြင်နေတယ်ဆိုတာကို သက်သေပြသနေတာဖြစ်ပါတယ်။

ယခုနှစ်မှာ ရိုမီယို ဘက်ခမ်းဟာ အင်တာ မိုင်ယာမီ ဒုတိယအသင်းအတွက် ၂၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမဆုံးသွင်းဂိုးက အလွတ်တည်ကန်ဘောကနေ ဖခင်ဖြစ်သူ ဒေးဗစ် ဘက်ခမ်းအတိုင်း ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ထိပ်သီး အားကစားပစ္စည်းထုတ်လုပ်သူ ပူးမားက ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ရိုမီယို ဘက်ခမ်းကို မက်မောလောက်ဖွယ် စပွန်ဆာ စာချုပ် ချုပ်ဆိုခဲ့ပြီး ဒေးဗစ် ဘက်ခမ်းရဲ့ ကလေး ၄ ဦးထဲမှာ ပထမဆုံး မီလျံနာသူဌေးဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

ရိုမီယို ဘက်ခမ်းဟာ အင်တာဗျူးမှာ ၎င်းရဲ့ ကစားဟန်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ကျွန်တော်က အမြဲတမ်း တိုက်စစ်ကစားသမားဖြစ်ပြီး ကျွန်တော်က တော်တော်လေး လျင်မြန်ပါတယ်။ အဲဒီတော့ ကျွန်တော် တောင်ပံနေရာမှာကစားပြီး အတွင်းကို ဖြတ်တင်ဘောတွေ ပြုလုပ်တဲ့အချိန်ကျရင် အကောင်းဆုံးပုံစံမှာရှိနေတယ်လို့ ထင်ပါတယ်”

“ကျွန်တော် တည်ကန်ဘောတွေကိုလည်း နှစ်သက်ပါတယ်။ အဲဒါကို ရာသီနားချိန်မှာ ကျွန်တော် အများကြီးကို လေ့ကျင့်ထားခဲ့ပါတယ်။ ကျွန်တော်က ကွင်းထဲမှာဆိုရင် တော်တော်လေး တိတ်ဆိတ်ပြီး ပြောရမယ်ဆိုရင် ကျွန်တော့်ဘောလုံးကစားပုံကပဲ စကားပြောနေသလိုမျိုးပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုမီယို ဘက္ခမ္းဟာ ၎ရဲ႕ ေဘာလုံးသမားဘဝကို ေနာက္ထပ္တစ္ဆင့္ တက္လွမ္းတဲ့အေနနဲ႔ ဘရန႔္တ္ဖို႔ဒ္ အရန္အသင္းနဲ႔အတူ ေလ့က်င့္ေရး ျပဳလုပ္ေနခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၀ အ႐ြယ္ ကစားသမားဟာ လက္ရွိမွာ အင္တာ မိုင္ယာမီအသင္းကစားသမားအျဖစ္ စာခ်ဳပ္ရွိေနဆဲျဖစ္ေပမယ့္လည္း The Times ရဲ႕ ေဖာ္ျပခ်က္အရ ဘရန႔္တ္ဖို႔ဒ္အသင္းရဲ႕ ေလ့က်င့္ေရးစခန္းမွာ ရွိေနခဲ့သလို လူမႈကြန္ရက္ေပၚမွာ ပရီးမီးယားလိဂ္ကစားသမားအမ်ားအျပားရဲ႕ Followed လုပ္ျခင္းေတာင္ ခံခဲ့ရတယ္လို႔ သိရပါတယ္။

႐ိုမီယို ဘက္ခမ္းအေနနဲ႔ ပ်ားေတြရဲ႕ ေလ့က်င့္ေရးဌာနမွာ ဘယ္ေလာက္အထိအခ်ိန္ၾကာၾကာ ရွိေနမလဲဆိုတာကိုေတာ့ လက္ရွိမွာ မသိရေသးဘဲ ဖခင္ေျခရာလိုက္နင္းတဲ့ ႐ိုမီယိုဟာ ေတာင္ပံကစားသမားအျဖစ္နဲ႔ ကစားေနသူျဖစ္ပါတယ္။

႐ိုမီယို ဘက္ခမ္းဟာ ၂၀၂၁ ခုႏွစ္မွာ ဖခင္ျဖစ္သူ ေဒးဗစ္ ဘက္ခမ္းရဲ႕ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္အသင္းေဖာ္ေဟာင္း ဖီးလ္ နဗီးရဲ႕သားျဖစ္သူ ဟာေဗး နဗီးနဲ႔အတူ အင္တာ မိုင္ယာမီ ဒုတိယအသင္းမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ပြဲဦးထြက္ခဲ့တာျဖစ္ပါတယ္။

႐ိုမီယိုနဲ႔ ဟာေဗးတို႔ ၂ ဦစလုံးဟာ ဘာစီလိုနာကို ရႈံးနိမ့္ခဲ့တဲ့ ရာသီႀကိဳ ေျခစမ္းပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့ၿပီး ဖီးလ္ နဗီးကေတာ့ အဲဒီပြဲစဥ္ဟာ အသင္းသမိုင္းေၾကာင္းတေလွ်ာက္မွာ အႀကီးမားဆုံးပြဲစဥ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ အျငင္းပြားစရာေတြ ျဖစ္ေစခဲ့တာ ျဖစ္ပါတယ္။

႐ိုမီယိုဟာ ၎ရဲ႕ ညီေတြျဖစ္တဲ့ ဘ႐ြတ္ကလင္း၊ ခ႐ုဇ္တို႔နဲ႔အတူ ၂၀၁၄ ခုႏွစ္မွာ အာဆင္နယ္ လူငယ္အသင္းကေန ထြက္ခြာခြင့္ျပဳခ်ိန္မတိုင္ခင္အထိ ကစားခဲ့တာျဖစ္ၿပီး ဒါေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္မွာ ႐ိုမီယိုဟာ ေဘာလုံးသမားဘဝကို လက္ေလွ်ာ့ဖို႔ အရိပ္အေယာင္ေတြ ေပၚလာခဲ့ၿပီး ေဒးဗစ္ ဘက္ခမ္းအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။ ႐ိုမီယို ဘက္ခမ္းဟာ တင္းနစ္ ကစားသမားျဖစ္လာဖို႔အတြက္ ႀကိဳးပမ္းခဲ့ၿပီး ဂရမ္းဆလန္း ၃ ႀကိမ္ ခ်န္ပီယံ အန္ဒီ မာေရးနဲ႔ေတာင္ အတူတူ ေလ့က်င့္ေရး ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႐ိုမီယို ဘက္ခမ္းဟာ ၂၀၂၀ ခုႏွစ္မွာေတာ့ ေဘာလုံးေလာကထဲ ျပန္လည္ဝင္ေရာက္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး လက္ရွိအခ်ိန္အထိေတာ့ အဲဒီ ဆုံးျဖတ္ခ်က္ဟာ ေအာင္ျမင္ေနတယ္ဆိုတာကို သက္ေသျပသေနတာျဖစ္ပါတယ္။

ယခုႏွစ္မွာ ႐ိုမီယို ဘက္ခမ္းဟာ အင္တာ မိုင္ယာမီ ဒုတိယအသင္းအတြက္ ၂၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ပထမဆုံးသြင္းဂိုးက အလြတ္တည္ကန္ေဘာကေန ဖခင္ျဖစ္သူ ေဒးဗစ္ ဘက္ခမ္းအတိုင္း ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ထိပ္သီး အားကစားပစၥည္းထုတ္လုပ္သူ ပူးမားက ၿပီးခဲ့တဲ့ႏွစ္ ေႏွာင္းပိုင္းမွာ ႐ိုမီယို ဘက္ခမ္းကို မက္ေမာေလာက္ဖြယ္ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ေဒးဗစ္ ဘက္ခမ္းရဲ႕ ကေလး ၄ ဦးထဲမွာ ပထမဆုံး မီလ်ံနာသူေဌးျဖစ္လာေစခဲ့တာျဖစ္ပါတယ္။

႐ိုမီယို ဘက္ခမ္းဟာ အင္တာဗ်ဴးမွာ ၎ရဲ႕ ကစားဟန္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ကြၽန္ေတာ္က အၿမဲတမ္း တိုက္စစ္ကစားသမားျဖစ္ၿပီး ကြၽန္ေတာ္က ေတာ္ေတာ္ေလး လ်င္ျမန္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ေတာင္ပံေနရာမွာကစားၿပီး အတြင္းကို ျဖတ္တင္ေဘာေတြ ျပဳလုပ္တဲ့အခ်ိန္က်ရင္ အေကာင္းဆုံးပုံစံမွာရွိေနတယ္လို႔ ထင္ပါတယ္”

“ကြၽန္ေတာ္ တည္ကန္ေဘာေတြကိုလည္း ႏွစ္သက္ပါတယ္။ အဲဒါကို ရာသီနားခ်ိန္မွာ ကြၽန္ေတာ္ အမ်ားႀကီးကို ေလ့က်င့္ထားခဲ့ပါတယ္။ ကြၽန္ေတာ္က ကြင္းထဲမွာဆိုရင္ ေတာ္ေတာ္ေလး တိတ္ဆိတ္ၿပီး ေျပာရမယ္ဆိုရင္ ကြၽန္ေတာ့္ေဘာလုံးကစားပုံကပဲ စကားေျပာေနသလိုမ်ိဳးပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.