Premier League

ရော်နယ်လ်ဒိုနဲ့ လီဗာပူးလ်ကြယ်ပွင့်တို့ ၂ ယောက်ပေါင်း လစာထက် ပိုရနေတဲ့ ဟာလန်း

အာလင်း ဟာလန်းဟာ မန်ချက်စတာစီးတီးအသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၉ သိန်းအထိ ရရှိနေပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မိုဟာမက် ဆာလားတို့ ၂ ဦးပေါင်း လစာထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်အသင်းကနေ ပေါင် ၆၃ သန်းနဲ့ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂျာမနီနဲ့ သြစတြီးယားတို့မှာ ဂိုးသွင်းစွမ်းရည်ပြသခဲ့မှုနဲ့ အသက်အရွယ်အရပါ အလွန်ဈေးချိုတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာလန်းဟာ လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ၂ ဦးပေါင်းတာထက်ကို များပြားတဲ့ လစာကို ရရှိနေတာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ လီဗာပူးလ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ ရရှိနေတာဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးက မန်ချက်စတာယူနိုက်တက်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၅၁၅၃၈၅ ရရှိနေတာဖြစ်တယ်လို့ Spotrac ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဟာလန်းရဲ့ အခြေခံလုပ်ခလစာဟာ အဲဒီလောက် မများပေမယ့်လည်း ထပ်ဆောင်းပေးချေမှုတွေပါ ပါဝင်မယ်ဆိုရင်တော့ တစ်ပတ်ကို ပေါင် ၉ သိန်းအထိ ရရှိနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်မားဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဂိုးသွင်းဖို့ ပရိုဂရမ်ထည့်သွင်းခြင်းခံထားရတဲ့ စက်ရုပ်တစ်ရုပ်လို ဂိုးတွေကို ဆက်တိုက် သွင်းယူနေပြီး မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားထားရသေးချိန်မှာ သွင်းဂိုး ၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ဟာလန်းရဲ့ နောက်ဆုံး သွင်းဂိုးတွေဟာ အောက်တိုဘာ ၅ ရက်နေ့က ကိုပင်ဟေဂင်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းအတွင်း ၂ ဂိုးသွင်းယူပြီးနောက် လူစားလဲလှယ်ခြင်းခံခဲ့ရတာကြောင့်သာ နောက်ထပ် ဟက်ထရစ်သွင်းဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာလင္း ဟာလန္းဟာ မန္ခ်က္စတာစီးတီးအသင္းမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၉ သိန္းအထိ ရရွိေနၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ မိုဟာမက္ ဆာလားတို႔ ၂ ဦးေပါင္း လစာထက္ ပိုမိုမ်ားျပားေနတာျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေဒါ့မြန္အသင္းကေန ေပါင္ ၆၃ သန္းနဲ႔ မန္စီးတီးကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ဂ်ာမနီနဲ႔ ၾသစႀတီးယားတို႔မွာ ဂိုးသြင္းစြမ္းရည္ျပသခဲ့မႈနဲ႔ အသက္အ႐ြယ္အရပါ အလြန္ေဈးခ်ိဳတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာလန္းဟာ လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားနဲ႔ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ ၂ ဦးေပါင္းတာထက္ကို မ်ားျပားတဲ့ လစာကို ရရွိေနတာျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ လီဗာပူးလ္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၅၀၀၀၀ ရရွိေနတာျဖစ္ၿပီး ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးက မန္ခ်က္စတာယူႏိုက္တက္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၅၁၅၃၈၅ ရရွိေနတာျဖစ္တယ္လို႔ Spotrac ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

ဟာလန္းရဲ႕ အေျခခံလုပ္ခလစာဟာ အဲဒီေလာက္ မမ်ားေပမယ့္လည္း ထပ္ေဆာင္းေပးေခ်မႈေတြပါ ပါဝင္မယ္ဆိုရင္ေတာ့ တစ္ပတ္ကို ေပါင္ ၉ သိန္းအထိ ရရွိေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ လစာအျမင့္မားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ဂိုးသြင္းဖို႔ ပ႐ိုဂရမ္ထည့္သြင္းျခင္းခံထားရတဲ့ စက္႐ုပ္တစ္႐ုပ္လို ဂိုးေတြကို ဆက္တိုက္ သြင္းယူေနၿပီး မန္ခ်က္စတာစီးတီးအတြက္ ၿပိဳင္ပြဲစုံ ၁၂ ပြဲသာ ကစားထားရေသးခ်ိန္မွာ သြင္းဂိုး ၁၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

ဟာလန္းရဲ႕ ေနာက္ဆုံး သြင္းဂိုးေတြဟာ ေအာက္တိုဘာ ၅ ရက္ေန႔က ကိုပင္ေဟဂင္ကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ သြင္းယူေပးခဲ့တာျဖစ္ၿပီး ပထမပိုင္းအတြင္း ၂ ဂိုးသြင္းယူၿပီးေနာက္ လူစားလဲလွယ္ျခင္းခံခဲ့ရတာေၾကာင့္သာ ေနာက္ထပ္ ဟက္ထရစ္သြင္းဂိုး မရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.