Premier League UCL&UEL

ဘိုဒို ဂလင့်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ကြယ်ပွင့်အတွက် စိတ်မကောင်းဖြစ်နေတဲ့ မာတင် ကီယွန်

အာဆင်နယ်နောက်ခံကစားသမားဟောင်း မာတင် ကီယွန်က ဘယ်နောက်ခံကစားသမား တီယာနီအနေနဲ့ ယခုရာသီမှာ ပွဲကစားချိန် ကင်းမဲ့နေမှုကြောင့် စိတ်ပျက်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

စကော့တလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ကြာသပတေးနေ့ညက ဘိုဒို ဂလင့်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ယခုရာသီ ၅ ပွဲ မြောက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခွင့်ရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဘယ်နောက်ခံလူဟာ အာဆင်နယ်အသင်းက ၃-၀ နဲ့ သက်တောင့်သက်သာ နိုင်ပွဲ ရရှိနေတာကြောင့် မိနစ် ၇၀ မှာ လူစားလဲလှယ်ခြင်း မခံရမီအချိန်အထိ အထင်ကြီးဖွယ် ခြေစွမ်းကို ပြသနေခဲ့တာဖြစ်ပါတယ်။

တီယာနီဟာ အာဆင်နယ်ရဲ့ ယခုရာသီ ယူရိုပါလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ၃ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆဲလ်တစ်နောက်ခံကစားသမားဟောင်းဟာ ယခုနွေရာသီမှာ မန်ချက်စတာစီးတီးကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုလက်ဇန်းဒါး ဇင်ချန်ကိုရဲ့ နောက်မှာ ပွဲထွက်ခွင့် ရရှိနေတာဖြစ်ပြီး မာတင် ကီယွန်က စကော့နောက်ခံလူကို ထိပ်တန်းကစားသမားလို့ သတ်မှတ်ခဲ့ပေမယ့် ပွဲကစားချိန်ကင်းမဲ့နေမှုကြောင့် စိတ်ပျက်မှုတွေ ကြီးထွားလာနိုင်တယ်လို့ သံသယဝင်နေတာဖြစ်ပါတယ်။

“ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူက အရည်အသွေးမြင့် ကစားသမားဖြစ်ပြီး သူ ပွဲစဉ်တိုင်းကို ပါဝင်ကစားပေးနိုင်တယ်။ ဒါပေမယ့်လည်း ခင်ဗျားက သူ့လိုအပ်ချက်ကို လုံးဝ မဖြည့်ဆည်းပေးနိုင်တာက သိသာနေပါတယ်။ သူ ပွဲထွက်ပါဝင်မကစားရတဲ့အချိန်မှာ အဲဒါက ခင်ဗျားကို အရည်အသွေးနဲ့ အသင်းလူစာရင်းရဲ့ အားကောင်းမှုကို ပြသနေတာပါ”

“ခင်ဗျား အဲဒီလို ယှဉ်ပြိုင်မှုတွေ ရှိချင်မှာဖြစ်ပြီး အဆင့်အတန်းလည်း မြင့်မားလာစေချင်မှာပါ။ ဒီကစားသမားတွေက ရှေ့ဆက်သွားးဖို့ သဘောတူလက်ခံလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ သူတို့တွေ ဝင်ကစားရတဲ့အချိန်မှာ ဒီလိုပဲ ကစားနေသရွေ့ကတော့ သူတု့ိအတွက် အနာဂတ်ရှိနေမယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ေနာက္ခံကစားသမားေဟာင္း မာတင္ ကီယြန္က ဘယ္ေနာက္ခံကစားသမား တီယာနီအေနနဲ႔ ယခုရာသီမွာ ပြဲကစားခ်ိန္ ကင္းမဲ့ေနမႈေၾကာင့္ စိတ္ပ်က္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စေကာ့တလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ၾကာသပေတးေန႔ညက ဘိုဒို ဂလင့္နဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အာဆင္နယ္အသင္းအတြက္ ယခုရာသီ ၅ ပြဲ ေျမာက္ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားေပးခြင့္ရခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဘယ္ေနာက္ခံလူဟာ အာဆင္နယ္အသင္းက ၃-၀ နဲ႔ သက္ေတာင့္သက္သာ ႏိုင္ပြဲ ရရွိေနတာေၾကာင့္ မိနစ္ ၇၀ မွာ လူစားလဲလွယ္ျခင္း မခံရမီအခ်ိန္အထိ အထင္ႀကီးဖြယ္ ေျခစြမ္းကို ျပသေနခဲ့တာျဖစ္ပါတယ္။

တီယာနီဟာ အာဆင္နယ္ရဲ႕ ယခုရာသီ ယူ႐ိုပါလိဂ္ပြဲစဥ္ ၂ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္မွာေတာ့ ၃ ပြဲသာ ပြဲထြက္ကစားသမားအျဖစ္ ကစားခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဆဲလ္တစ္ေနာက္ခံကစားသမားေဟာင္းဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာစီးတီးကေန ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အိုလက္ဇန္းဒါး ဇင္ခ်န္ကိုရဲ႕ ေနာက္မွာ ပြဲထြက္ခြင့္ ရရွိေနတာျဖစ္ၿပီး မာတင္ ကီယြန္က စေကာ့ေနာက္ခံလူကို ထိပ္တန္းကစားသမားလို႔ သတ္မွတ္ခဲ့ေပမယ့္ ပြဲကစားခ်ိန္ကင္းမဲ့ေနမႈေၾကာင့္ စိတ္ပ်က္မႈေတြ ႀကီးထြားလာႏိုင္တယ္လို႔ သံသယဝင္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔အတြက္ စိတ္မေကာင္းျဖစ္မိတယ္။ သူက အရည္အေသြးျမင့္ ကစားသမားျဖစ္ၿပီး သူ ပြဲစဥ္တိုင္းကို ပါဝင္ကစားေပးႏိုင္တယ္။ ဒါေပမယ့္လည္း ခင္ဗ်ားက သူ႔လိုအပ္ခ်က္ကို လုံးဝ မျဖည့္ဆည္းေပးႏိုင္တာက သိသာေနပါတယ္။ သူ ပြဲထြက္ပါဝင္မကစားရတဲ့အခ်ိန္မွာ အဲဒါက ခင္ဗ်ားကို အရည္အေသြးနဲ႔ အသင္းလူစာရင္းရဲ႕ အားေကာင္းမႈကို ျပသေနတာပါ”

“ခင္ဗ်ား အဲဒီလို ယွဥ္ၿပိဳင္မႈေတြ ရွိခ်င္မွာျဖစ္ၿပီး အဆင့္အတန္းလည္း ျမင့္မားလာေစခ်င္မွာပါ။ ဒီကစားသမားေတြက ေရွ႕ဆက္သြားးဖို႔ သေဘာတူလက္ခံလားဆိုတာေတာ့ ကြၽန္ေတာ္ မသိပါဘူး။ သူတို႔ေတြ ဝင္ကစားရတဲ့အခ်ိန္မွာ ဒီလိုပဲ ကစားေနသေ႐ြ႕ကေတာ့ သူတု႔ိအတြက္ အနာဂတ္ရွိေနမယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.